ပိုက်ဆံ ဘယ်တော့မှ မရှိတဲ့လူတွေရဲ့ လက္ခဏာဇရိုက်များပိုက်ဆံ ဘယ်တော့မှ မကပ်ဘူးဆိုတဲ့လူတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ငွေကြေး ဟာ သူတို့ဆီကနေ အမြဲထွက်ပြေးနေတဲ့ အချက် အချို့ကိုစဉ်းစားကြည့်ရအောင်။

( ၁ ) စိတ်မဝင်စားပိုက်ဆံကို စိတ်ဝင်စားပေမဲ့ ပိုက်ဆံရပေါက်ရလမ်းတွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ပိုက်ဆံရနိုင်မယ့် သတင်းအချက်အလက်တွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ဥပမာပစ္စည်းတစ်ခုဝယ်မယ်

ဆိုရင် သူများတွေက ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် နေရာမျိုးကို စုံစမ်းတတ်ပေမဲ့ သူတို့ကတော့ ဒါမျိုးအကျင့်မရှိပါဘူး။ ငွေကြေးနဲ့ပတ်သက်ရင် စနစ်တကျ စီမံတာမျိုး မရှိပါဘူး။

( ၂ ) အပေါင်းအသင်းများပြားသူငယ်ချင်းအပေါင်းအသင်းများပြားတဲ့လူတွေဟာ အပျော်အပါးစရိတ် ပိုကုန်ပါတယ်။ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သွားတာ၊ တစ်နေရာရာသွားတာမျိုးတွေဟာ ငွေကုန်ကြေးကျခံ

ပြီးမှ ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေကို အလိုလိုက်ရင်း ကိုယ်လုပ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ဘဲ နှောင့်နှေးကြန့်ကြာကာ မကုန်သင့်တာတွေ ကုန်ရတာမျိုးလည်း ရှိပါတယ်။

( ၃ ) အမြင်ခံချင်တယ်ကိုယ့်ကို လူတွေက ဂရုစိုက်တာမျိုးကို သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ သာမန်ထက် ပိုပါတယ်။ သူတို့အသုံးအဆောင်အဝတ်အစားတွေကို

ဝယ်ယူတဲ့အခါ လိုတာထက် ပိုသုံးကြပါတယ်။ ကြွားဝါတတ်တဲ့အကျင့်လည်းရှိပြီး တကယ်သုံးသင့်တာထက် ပိုသုံးတာကြောင့် သူတို့မှာ ငွေကြေး အမြဲလိုနေတတ်ပါတယ်။

( ၄ ) လောင်းကစားလောင်းကစားကြိုက်တဲ့လူတွေမှာ ပိုက်ဆံကို ကိုင်ထားမယ်၊ စုဆောင်းထားမယ်ဆိုတဲ့ စိတ်မျိုးဘယ်တော့မှ မရှိတတ်ပါဘူး။ ပိုက်ဆံကို သုံးစွဲလေ သူတို့နှစ်သက်ရာကို ပိုလုပ်နိုင်လေ ဖြစ်တာကြောင့်ပါ။

ခဏတာ အပျော်သဘောဟာ ကိစ္စမရှိပေမဲ့ ဘဝကြီးတစ်ခုလို ဖြစ်နေရင်တော့ ငွေကြေးအမြဲလိုအပ်နေတတ်ပါတယ်။( ၅ )နှိုင်းယှဉ်တာအခြားလူတွေနဲ့ နှိုင်းယှဉ်တာဖြစ်ပါတယ်ကိုယ်ပိုင်ပုံစံနဲ့မရပ်တည်နိုင်တာဖြစ်ပါတယ်။

သူများလုပ်ရင်လိုက်လုပ်ချင်တာ၊သူများဝယ်ရင်လိုက်ဝယ်ချင်တာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုသုံးစွဲမယ်ဆိုတဲ့ကိုယ်ပိုင်ပုံစံမရှိတာဖြစ်ပါတယ်။( ၆ )စီမံခန့်ခွဲမှုငွေကြေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုမရှိတာဖြစ်ပါတယ်။

စီမံခန့်ခွဲမှုမရှိတာဟာ ရေရှည်မှာ အလွန်သိသာပါတယ်။ အသက်အရွယ်ကြီးလာလေ ပိုပင်ပန်းပြီး ရုန်းကန်ရလေ ဖြစ်တတ်ပါတယ်။ ရှာသမျှ ဘယ်ပျောက်ကုန်မှန်းမသိဘူးဆိုတာမျိုးပါ။

( ၇ ) အသစ်အဆန်းအသစ်အဆန်းကြိုက်တာ ဖြစ်ပါတယ်။ ဖုန်းအသစ်၊ ကွန်ပြူတာ အသစ်ထွက်လာရင် ဝယ်ချင်ပါတယ်။ သူများတွေသုံးနေပြီဆို လိုက်သုံးချင်တာ ဖြစ်ပါတယ်။

သူများတွေ ဒီနေရာတွေ သွားကြတယ်ဆို ကိုယ်လည်းသွားချင်တာ ဖြစ်ပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့ ကိစ္စဟုတ်မဟုတ် မဆန်းစစ်ပါဘူး။Credit

LEAVE A REPLY

Please enter your comment!
Please enter your name here