လျှပ်စစ်ဓာတ်အားကိုသုံးစွဲရာတွင်စနစ်တကျအသုံးမပြုခြင်း၊မလိုအပ်ပဲပိုသုံးထားခြင်းစသည့်အချက်များကသင့်အိမ်ရဲ့မီတာခကိုပုံမှန်ထက်ပိုမိုကျသင့်စေနိုင်ပါသည်ထို့ကြောင့်မီတာခချွေတာနိုင်ရန်အတွက်ဆောင်ရန်ရှောင်ရန်အချက်များကို ဖော်ပြပေးလိုက်ပါသည်

(၁)တစ်အိမ်လုံးတွင်မည်သူမျှမရှိနေချိန်၌မလိုအပ်သောလျှပ်စစ်အသုံးပြုမှုအားလုံးကိုပိတ်ခြင်းဖြင့်လျှပ်စစ်ကိုချွေတာသုံးစွဲပါ(၂)မီးပူတိုက်နေစဉ်တစ်ခုခုလုပ်ရန်ခေတ္တထသွားပါကမီးပူခလုပ်ကိုပိတ်ခဲ့ခြင်းဖြင့်လျှပ်စစ်အသုံးကိုချွေတာပါ

၃အမှန်တကယ်ကြည့်မည့်အချိန်၌သာတီဗွီကိုဖွင့်ပါကြည့်သူမရှိဘဲအချိန်ပြည့်ဖွင့်ထားခြင်းကိုရှောင်ကြဉ်ပါ၎မျက်နှာသစ်စဉ်သွားတိုက်နေစဉ်ရေပိုက်ခေါင်းကိုဖွင့်ထားပါကရေဆုံးရှုံးရပြီးရေပြန်တင်ရန်လျှပ်စစ်သုံးဖို့လိုအပ်လာပါမည်

ထို့ကြောင့်သွားတိုက်နေစဉ် ရေပိုက်ခေါင်းကိုပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ(၅)လူရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ပန်ကာများကိုဆက်တိုက်ဖွင့်ထားခြင်းကမီတာခပိုကျစေပါ၍အသုံးလိုမှဖွင့်ပါ(၆) လေအေးပေးစက်၏

အပူချိန်ကို နေသာထိုင်သာရှိသော24-25C ခန့်ရှိရုံသာအသုံးပြုသင့်ပါသည်(၇)တီဗွီနှင့် အောက်စက်တို့ကိုအသုံးမပြုသည့်အခါလျှပ်စစ်ခလုပ်ကိုအပြီးပိတ်ပါRemote Control ဖြင့်သာပိတ်၍Standby Mode ဖြင့်ထားသည့်တိုင် လျှပ်စစ်မီတာတက်နေပါမည်

(၈)အပေါ်ရေတိုင်ကီ ရေပြည့်သည်နှင့် ရေတင်စက်ကိုအလိုအလျောက်ရပ်စေမည့်စနစ်အားအသုံးပြုပါရေများ လျှံကျသည်ကို မြင်ရကြားရမှ ရေမော်တာကိုပြေးပိတ်ခြင်းက လျှပ်စစ်လေလွင့်မှုဖြစ်စေပါသည်မီတာခပို၍ကုန်စေပါမည်

(၉)ကွန်ပျူတာကိုအသုံးမပြုသည့်အခါလျှပ်စစ်ခလုပ်ကိုပိတ်ပါStandby mode ဖြင့်ထားသည့်တိုင်လျှပ်စစ်စားမှုရှိနေသည်ကိုသတိပြုစေလိုပါသည်(၁၀)Exhaust Fan များကို လိုအပ်သည့်အချိန်သာသုံးပါအချိန်ပြည့်

ဖွင့်မထားသင့်ပါ။(၁၁) ပြင်ပအလင်းရောင်ကို အသုံးချပါ။ မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ(၁၂) လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အားအတတ်နိုင်ဆုံးအသုံးပြုပါ(၁၃)လတ်တလော

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အသုံးမပြုသည့်လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကိုSocketများမှ ဖြုတ်ထားပါ(၁၄)လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့်မီတာခများများကျသင့်ခြင်းမှ ရှောင်ရှားပါ၁၅ရိုးရိုးမီးလုံး၊မီးချောင်းထက်Energy Saving Lampကို ရွေးချယ်အသုံးပြုသင့်သည်

Energy Saving Lampထက်LEDမီးလုံး၊မီးချောင်းများကို ရွေးချယ်အသုံးပြုသင့်သည်(၁၆)Hot Plateသုံး၍ ရေနွေးအိုးတည်ပါက၊ ရေနွေးဆူမှတ်ထက်အချိန်ကျော်လွန်မှလူကမီးခလုပ်ကိုပိတ်နိုင်၍

လျှပ်စစ်အသုံးပိုစေပါသည်ရေဆူမှတ်ရောက်သည်နှင့်ခလုပ်ကိုအလိုအလျောက်ပိတ်စေသော ရေနွေးတည်ခရားကို သုံးခြင်းဖြင့် လျှပ်စစ်ကို ချွေတာသင့်ပါသည်(၁၇)မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့်လျှပ်စစ်ကို ချွေတာပါ

(၁၈)နားထောင်သူမရှိပဲနှင့်အခွေဖွင့်စက်သုံး၍တီဗွီဖြင့်သီချင်းခွေများအချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့်လျှပ်စစ်ကိုချွေတာပါ(၁၉)အိမ်အတွင်းနှင့်ခြံဝင်းအတွင်း ရေပိုက်မလုံမှု၊ ရေဘုံဘိုင် ရေစိမ့်မှုတို့ကို ပြုပြင်ပါ

ရေယိုစိမ့်မှုကြောင့်ရေတင်ချိန်ပိုများလေမီတာခပိုကုန်ကျမှုဖြစ်စေပါမည်(၂၀)အိမ်ပြင်ပ၌ထွန်းသောမီးများကိုနေ့အလင်းရောင်ရှိချိန်တွင်ပိတ်ထားခြင်းဖြင့်လျှပ်စစ်ကိုချွေတာပါ(၂၁)လမ်းမီးများကိုအလင်းရောင်ရှိသောအချိန်များ၌

ပိတ်ထားခြင်းဖြင့်လျှပ်စစ်ကိုချွေတာပါအလင်းရောင်အားနည်းလာသည့်အချိန်တွင်လမ်းမီးများကိုအလိုအလျောက်ဖွင့်စေပြီး၊ အလင်းရောင်ပေါ်ထွက်လာပါကအလိုအလျောက်ပိတ်စေသည့်စနစ်ကိုတပ်ဆင်ပါ(၂၂) ရေပူသုံးဘွိုင်လာ၊ရေနွေး

စက်တို့ကိုအသုံးပြုမည့်အချိန်မှဖွင့်ပါသုံးပြီးကခလုပ်ပိတ်ထားပါ(၂၃) လေအေးပေးစက်၏ လေစစ်ဇကာနှင့်ဓာတ်ငွေ့တို့ကို ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းဖြင့်အအေးဓာတ်အပြည့်ရအောင် ဆောင်ရွက်ပါ(၂၄) မြက်ခင်းရေဖျန်းစနစ်၊ရေပန်း

တို့ကိုလိုအပ်သည်ထက်အချိန်ပိုသုံးခြင်းကိုလျော့ပါရေပိုကုန်ရာမှရေစုပ်စက်ရေတင်စက်များကိုအချိန်ကြာကြာသုံးရသည်မှလျှပ်စစ်မီတာခကိုပိုကုန်ကျနိုင်စေပါသည်Crd: Kyaw Swar Ohnn