ပေါင်ခြံမည်းလို့ ဖြူဖွေးချင်သူများအတွက်လွယ်ကူသောနည်းလူအများစုဟာမိမိတို့ရဲ့ပေါင်အတွင်းသားပေါင်ခြံအစိတ်အပိုင်းကိုလျစ်လျူရှုလေ့ရှိကြပြီးဂရုစိုက်ရကောင်းမှန်းမသိကြပါဘူးသတိထားမိသောအချိန်ကျမှမည်းနေမှန်းသိ

ကြပါတော့တယ်စိတ်မပူပါနဲ့ဒီလိုပေါင်ခြံမည်းတဲ့ပြသနာကို ဖြေရှင်းပေးနိုင်မယ့် ငွေကုန်ကြေးကျမများစေတဲ့အိမ်တွင်းနည်းလမ်းကောင်းများစွာရှိပါတယ်။၁။သခွါးသီးမှာ ပေါင်ခြံဖြူအောင်လုပ်ပေးနိုင်မယ့်သဘာဝအစွမ်းသတ္တိတွေရှိပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သခွါးသီးမှာပါဝင်တဲ့ဓါတ်တွေဟာအရေပြားဆဲလ်တွေကို ပြုပြင်ထိန်းသိမ်းပေးပြီး ဆဲလ်သေတွေကိုလည်းဖယ်ရှားပေးပါတယ်သခွားသီးအခြမ်းသို့အရည်ကို ပေါင်ခြံသို့ဆယ်မိနစ်ခန့်ပွတ်ပေးပါပြီးလျှင်၅မိနစ်ခန့်ကြာအောင်ထားပြီး

ရေဖြင့်ဆေးကြောပါဤနည်းအတိုင်းတစ်နေ့တစ်ကြိမ်မှ နှစ်ကြိမ်အထိပြုလုပ်ပေးနိုင်ပါသည်၂။ရှားစောင်းလက်ပက်Antioxident ကြွယ်ဝတဲ့ရှားစောင်းလက်ပက်ကအရေပြားအတွက်အကောင်းဆုံးဆိုတာမမေ့နဲ့ဦးလေ

ရှားစောင်းလက်ပက်အတွင်းမှဂျယ်လ်ပုံစံအနှစ်လေးတွေကိုမည်းနေသောပေါင်ခြံအရေပြားပေါ်သို့စိမ့်ဝင်အောင်သေချာလိမ်းပြီးမိနစ်၂၀ခန့်နှိပ်နယ်ပေးရမှာပါပြီးနောက်ရေနွေးနွေးဖြင့်ဆေးကြောပါတစ်နေ့တစ်ကြိမ်ပုံမှန်လုပ်ပေးရမှာဖြစ်ပါ

တယ်ထိရောက်မှုမြန်ချင်သူများကတော့ နှစ်ကြိမ်ပြုလုပ်ပေးပါ၃။သံပုယိုသီးအက်ဆစ်ဓါတ်ပါဝင်တဲ့သံပုယိုသီးကမည်းညစ်တဲ့အသားအရေအတွက်အကောင်းဆုံးပါပဲဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီးဆဲလ်သစ်များကြီးထွားမှုကိုအားပေးကာ

အသားဖြူချင်သူများအတွက်သင့်လျော်သောအသီးဖြစ်ပါတယ်သံပုယိုအရည်ကိုပေါင်ခြံအတွင်းပိုင်းသို့ဂွမ်းစဖြင့်သေချာနှံ့စပ်စွာ ပွတ်လိမ်းပေးပါပြီးနောက်မိနစ်၂၀ခန့်ထားပြီး ရေအေးလေးဖြင့်ဆေးချပါထိုအတိုင်းတစ်ပါတ်ကိုနှစ်ကြိမ်

သုံးကြိမ်ခန့် ပြုလုပ်ပေးပါထိခိုက်လွယ်သောအသားအရေပိုင်ရှင်များအနေဖြင့်သံပုယိုရည်ကိုရေအနည်းငယ်ရော၍လိမ်းပေးပါ၎။ဒိန်ချဉ်ဒိန်ချဉ်ကအသားအရေအတွက်ကောင်းကျိုးများစွာရှိပြီးကျန်းမာရေးအတွက်လည်း

စားသင့်တဲ့အစားအစာတစ်မျိုးပါပဲမိန်းကလေးများအတွက်ပိုသင့်လျော်၍်ပုံမှန်စားပေးခြင်းဖြင့်အသားအရေလှပြီးကျန်းမာစေမှာပါအရောအနှောမပါဝင်သောရိုးရိုးဒိန်ချဉ်ကိုမည်းနေသောအရေပြားပေါ်၌ပွတ်လိမ်းပေးပါ၁၀မိနစ်၁၅မိနစ်ခန့်ထားပြီးနောက်ကြက်သီးနွေးရေလေးဖြင့်

ဆေးကြောပါတစ်နေ့တစ်ကြိမ်ပုံမှန်လိမ်းပေးခြင်းဖြင့်ကောင်း
မွန်သောရလဒ်ကိုတွေ့ရှိရမှာပါ၅။အုန်းဆီအုန်းဆီဟာအသားအရေကိုဖြူစေပြီးအစိုဓါတ်ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်အုန်းဆီစားပွဲတင်ဇွန်း၃ဇွန်းနှင့်သံပုယိုအရည်တစ်ဇွန်းတို့ကိုရောနှောပြီးပေါင်ခြံပေါ်သို့လိမ်းပြီး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁၅မိနစ်ခန့်နှိပ်နယ်ပေးပါ၅မိနစ်ခန့်ထားပြီးနောက်ရေနွေးနွေးလေးဖြင့်ဆေးကြောပေးပါနေ့စဉ်ပုံမှန်ပြုလုပ်ပေးပါအခုဖော်
ပြခဲ့သောနည်းလမ်းကောင်းလေးတွေကိုဇွဲရှိရှိနဲ့ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ဖြူ ဝင်းတဲ့ ပေါင်အတွင်းသားကိုပြန်လည်ပိုင်ဆိုင်စေမှာပါနော်