မျက်နှာလေးက နုဖတ်နေတာပဲလို့အပြောခံချင်ချင်သူများအတွက်ကိုယ်လိမ်းနေကျ ထောပတ်စေ့အကြောင်းလေးပါအချိန်ရရင်ဖတ်ကြည့်ပေးစေချင်ပါတယ်။မနေ့ကကိုယ့်အကိုတစ်ယောက်နဲ့video call ပြောရင်းဒီပို့စ်လေးရေးဖို့

စိတ်ကူးရတယ်ဆိုပါတော့ကိုယ့်အကိုအမတွေကိုကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ့်အကိုအမတွေထဲမှာမျက်နှာမှာအဆီဖုလေးတွေတင်းတိပ်မှဲ့ခြောက်ဝက်ခြံနဲ့မျက်နှာအရေးအကြောင်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ထင်တာတွေတော်တော်များများတွေ့ရလို့ပါထောပတ်စေ့အကြောင်းလေးမပြောခင်ကိုယ့်အကြောင်းကိုအရင်ပြောပါစေကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ်ရန်ကုန်ရောက်ပြီး၃နှစ်ကျော်

ကာလလေးအတွင်းမှာကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ဘဲလာပေါ်ပြီးတဲ့နောက်မှစုစုပေါင်း၂ကြိမ်ရယ်ပါဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာ

တော့သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့Cosmetics တွေယူလိမ်းပါတယ်သနပ်ခါးပဲလိမ်းလိမ်းမိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်း

ဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ဝယ်ရတာလဲလွယ်ကူသလိုအကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ်ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင်အထဲကအစေ့

လေးကျန်ပါမယ်။လူအများစုကဒီထောပတ်စေ့တွေကိုဘယ်ဈေးကြီးတဲ့ Cosmeticsမှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်အဲဒီအစေ့

ကိုမလွှင့်ပစ်ပဲအရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကိုစင်အောင်ရေဆေးပေးရပါတယ်ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါဖယ်ပစ်လိုက်ပါ

ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီးအရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ၃ပတ်နဲ့၎ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်တခါတလေအပေါ်ခွံ

သံချေးရောင်ဖြစ်နေပေမဲ့အတွင်းအစိုဓာတ်မကုန်သေးရင်လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင်တော့ညတိုင်းအိပ်ခါနီးတိုင်းခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီသူ့မှာသနပ်ခါးနဲ့တူတာတခုကကိုယ်တို့သနပ်ခါးတုံးမှာ

အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါအတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲသူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက်အသားကိုပိုချောပြီးဝင်းပြောင်စေတယ်ကိုယ်တခါတလေအိပ်ရေးပျက်

တဲ့အခါမျိုးမှာအဖုလေးတွေထွက်ရင်အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။ယုံမလားတော့မသိဘူးအရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့

တခါတလေအဆီဖုလေးတွေထွက်တတ်ပါတယ်ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့မျက်နှာကိုတခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူးကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်ပုံမှန်ဆို

အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့အသားအရည်အရမ်းပျက်စီးတဲ့အခါအပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့သိသိသာသာပြောင်းလဲတာပါအသိအမတယောက်ကိုသူ့မျက်နှာမှာ

တင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ်အကိုတယောက်ကတော့ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်ကိုယ့်ရဲ့ကိုယ်တွေ့ကတော့အဆီဖုလေးတွေလုံးဝပျောက်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင်အသားအရည်လေးတွေတင်းပြီးပါးလေးတွေဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်အသားအရည်လေးကြည်ပြီးဘာမှလိမ်းမထားရင်တောင်အလိုလိုကြည့်ကောင်းနေတာရယ်

တခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာမကြာခဏတွေ့ပေမဲ့ဒီတခုကတော့ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကိုခုလိုပိုက်ဆံအကုန်အကျသက်သာပြီးဘာဆိုးကျိုးမှမရှိပဲသဘာဝအသီးတွေနဲ့လှရအောင် ထောပတ်စေ့လေးကိုစမ်းလိမ်းကြည့်ပါလို့အကြံပြုပါရစေနော်