ဆံပင်မြန်မြန်ရှည်ချင်တဲ့သူတွေအတွက်နည်းလမ်းကောင်းတစ်ခုဆံပင် တွေ ရှည်တာ နှေးနေလို့စိတ်ညစ်နေသူတွေအတွက်လွယ်ကူစေမယ့်နည်းလမ်း လေးတစ်ခုမျှဝေပါရစေအဓိကပါဝင်တဲ့အရာကတော့ဂျင်းပါ။ဂျင်းကတော့
အိမ်တိုင်းလိုလိုမှာရှိကြတဲ့အတွက်ခက်ခဲမယ့်အရာတော့မဟုတ်ပါဘူးဂျင်းဟာအပူလို့သိထားတဲ့အတွက်ဟုတ်ပါ့မလားလို့သံသယစိတ်တော့ရှိမှာပါဂျင်းဟာသွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးဆံပင်ကျွတ်သက်သာစေဖို့အတွက်
အခုဆိုရင်ဂျင်းနဲ့အထူးပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်အချို့တောင်ရှိပါတယ်အခု ပြုလုပ်မယ့်နည်းလေးကတော့အခြားပါဝင်ပစ္စည်းတွေပါထည့်ပြီး Hair Mask လေးလုပ်ပါမယ်ပါဝင်ပစ္စည်းတွေကတော့ဂျင်းထောပတ်သီးအဆီ
ထောပတ်သီးအနှစ်လည်းရပါတယ်သံပုရာရည်အုန်းဆီအဆင့်၁ဂျင်းတစ်တက်ကိုအခွံနွှာပြီး သေးသေးလေးတွေလုပ်ပါဂျင်းအမှုန့်ဆိုရင်လည်းရပါတယ်ဂျင်းအစိုဆိုရင်တော့ ထောင်းပြီးအရည်ညှစ်ယူပါ။အဆင့်၂ဂျင်းရည်ထဲကို
ထောပတ်သီးစားပွဲတင်ဇွန်း၁ဇွန်းထည့်ရောပါထောပတ်သီးဟာဗီတာမင်ဘီ၊အမိုင်နိုအက်ဆစ်နဲ့အခြားဓာတ်တွေပါဝင်တာကြောင့ဆံသားကို နူးညံ့စေနိုင်ပါတယ်အဆင့်၃အုန်းဆီလက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်လောက်ထည့်ပါ
ဆံသားပျက်ဆီးမှုကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့အစွမ်းအုန်းဆီမှာရှိပါတယ်။အဆင့် ၄သံပုရာရည် အစက် ၁၀ စက်ခန့် ထပ်ရောပါဗီတာမင်စီဟာဆံသားကို သန့်စင်စေပြီးဗောက်ကိုလည်း သေစေနိုင်ပါတယ်မလိုလားအပ်တဲ့ပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်အဆင့်၅ဆံပင်ကိုဖြီးပြီး
ရှင်းထားပါဆံသားအဖုအထုံးလေးတွေမဖြစ်စေဖို့အတွက်ပါအဆင့်၆ပြုလုပ်ထားတဲ့Hair Maskအရောလေးကိုဦးရေပြားအနှံ့လိမ်းပေးပါ၁၀မိနစ်လောက် နှိပ်နယ်ပြီးလိမ်းပေးပါ၄၅မိနစ်လောက်ထားပြီး ရေနဲ့ ဖြည်းညှင်းစွာ ဆေးပါပြီးရင်တော့ဓာတုပစ္စည်းနည်းတဲ့
ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပါကျွန်ကတော့ Babilmild ကနေ ထုတ်တဲ့ကလေးခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါတယ်အဆင့်၈ခေါင်းကို ခြောက်အောင်တဘက်နဲ့ ရေသုတ်ပ်ပါဆံပင်ခြောက်ခံစက်တွေ မသုံးပါနဲ့သဘာဝအတိုင်း ခြောက်သွေ့အောင်သုတ်ပေးပါ။