ဆံသားဖြောင့်စင်းပြီးအရှည်မြန်စေဖို့ Vaseline နဲ့ပေါင်းတင်နိုင်မယ့် နည်းလမ်းVaseline ဆိုတာအလှအပရေးရာအကုန်လုံးအတွက်တော်တော်အသုံးဝင်တဲ့ပစ္စည်းကောင်လေးပါဒီတစ်ခါမှာလည်းမိန်းကလေးတိုင်ရဲ့ဆံသားကိုဖြောင့်ဆင်း

ပြီးအရှည်မြန်လာစေဖို့ Vaseline ကကူညီပေးပါလိမ့်မယ်ဘယ်လိုပေါင်းတင်ရမလဲVaselineအပြင်ဘာတွေထည့်ရမလဲဆိုတာကိုကြည့်လိုက်ရအောင်သန့်ရှင်းတဲ့ပန်းကန်လုံးထဲကို Vaselineလက်ဖက်ရည်ဇွန်းတစ်ဇွန်းအုန်းဆီလက်ဖက်

ရည်ဇွန်းတစ်ဇွန်း၊ရှားစောင်းလက်ပတ်ဂျယ် Aloe Vera Gelလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့Vitamin Eတစ်လုံးဖောက်ထည့်ပြီးသမအောင်မွှေလိုက်ပါမွှေထားတာတွေကိုညအိပ်ယာဝင်ခါနီးဆံသားမှာသေချာနှံ့အောင်လိမ်းထာလိုက်ပါ

မနက်ကျရင်တော့ခေါင်းလျှော်ရည်နဲ့ပုံမှန်တိုင်းခေါင်းလျှော်လိုက်ရုံပါပဲညအိပ်မထားချင်ရင်လည်းမနက်ထဲကလုပ်ထားပြီးညနေလောက်မှခေါင်းလျှော်ချလိုက်လို့ရပါတယ်တစ်ပတ်မှာ၂ကြိမ်သို့၁ကြိမ်ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ဆံသားဖြောင့်ဆင်းလာပြီးဆံပင်လည်းအရှည်မြန်လာမှာပါ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com



