ခန္ဓာကိုယ်ကဂျိုင်းနံ့ဆိုးဆိုးဝါးဝါးအနံဆိုးထွက်တာတွေကို ပျောက်စေမယ့် သဘာဝ ဆေးနည်းကျွန်မကအလှပြင်ဆိုင်ကိုကိုဗစ်first waveအထိ၉ နှစ်လောက်ဖွင့်ခဲ့ပါတယ်ခုတော့ပိတ်ထားပါတယ်။အလုပ်သင်ကောင်မလေးတွေ
အများအားဖြင့်ကဂျိုင်းနံ့ တော်တော်ဆိုးဆိုးဝါးဝါးနံကြတာများပါတယ်ဘေးက ဖြတ်သွားတာမျိုးဆိုဂျိုင်းနံက ဝေ့ခနဲမျက်နှာပေါင်းတင်ပေးတာမျိုး ခေါင်းလျှော်ပေးတာမျိုးဆိုဧည့်သည်နဲ့အနီးကပ်ထိတွေ့ရတော့ပါးစပ်နံ့၊ဂျိုင်းနံ
နံနေရင်ဧည့်သည်နဲ့ကအဆင်မပြေပါဘူးအလှပြင်ဆိုင်အလုပ်ကဝန်ထမ်းတွေလှပသပ်ရပ်အနံ့အသက်ကင်းနေမှလာတဲ့ဧည့်သည်လည်းစိတ်ချမ်းသာတာပါဒါကြောင့်ဝန်ထမ်းတွေကိုတယောက်တလှဲ့ ချွေးပုတ်ထုတ်ခိုင်းတာမျိုးဂျိုင်းကို
မန်ကျည်းမှဲ့နဲ့ပွတ်လိမ်းခိုင်းတာမျိုး တွေလုပ်ပေး ပါတယ်ပါးစပ်ကိုထမင်းစားပြီးတိုင်း တိုက်ခိုင်းပါတယ်ဂျိုင်းက နေ့တိုင်းပွတ်ပေးတော့အနံနံတာပျောက်လာပါတယ်ဒါကြောင့်တချို့လူတွေအတွက် အသုံးဝင်လိမ့်မယ်ထင်ပါတယ်
နည်းလေးမျှဝေပေးလိုက်ပါတယ်ရှင့်မန်ကျည်းအနှစ်ကိုမျက်နှာ ချေးချွတ်တာကိုယ်လုံးချေးချွတ်တာအပူကင်းစင်ဖို့အပြင်ဂျိုင်းနံနံတဲ့သူ တွေပါသုံးလို့ရပါတယ်ရေချိုးခါနီး၅မိနစ် လောက်လက္ဘရည်ဇွန်းတဝက်လောက်ပွတ်လိမ်းပြီး
ရေဆေးချလိုက်ရင်လုံးဝအနံမနံတော့ပါဘူးတနေကုန်rollonလိမ်းစရာမလိုအောင်အနံမနံတာပါဂျိုင်းချွေးထွက်နေရင်တောင်ဂျိုင်းနံကနံမနေပါဘူးနေ့စဉ် ရေချိုးခါနီးတိုင်းသုံးလို့ရသလိုတနေကုန်မေ့ပြီးပွတ်ထားမိလည်းယားတာ
စပ်တာဘာမှမဖြစ်ပါဘူးဒါပေမဲ့ ရေချိုးခါနီးပဲပွတ်တာပိုကောင်းပါတယ်တန်ဆေးလွန်ဘေး မဖြစ်အောင်ပါဂျိုင်းနံ ပျောက်တဲ့အပြင်ဂျိုင်းလည်း ဖြူပါတယ် Roll on တွေကတော့ဘာလိမ်းလိမ်းအပေါ်ယံပဲဖုံးပေးတဲ့အတွက်
ကျွန်မကတော့မကြိုက်ပါဘူး။သံပုရာသီးဆိုရင်ပွတ်လိမ်းတာနဲ့စပ်ပါတယ်။ ကျောက်ချဉ်ဆိုရင်လည်း ကျောက်ပျဉ်မှာ သွေးလိမ်းနေရတာရယ် ကျောက်ပျဉ် ပြန်ဆေးချရတာ ရှုပ်ပါတယ်မန်ကျည်းသီးကတော့အနှစ်လေး နည်းနည်းဖျော်ပြီး
ဘူးပိစိလေးထဲထည့်ထားရင်၃ရက်လောက်ခံပါတယ် ရေခဲသေတ္တာထဲထည့်ရင် ၁လ လောက်ခံပါတယ်ခန္ဓာကိုယ်အပူများတဲ့သူတွေအတွက်က မြန်မာ့တိုင်းရင်းဆေးဆရာကြီးဦးရန်အောင်ကမန်ကျည်းနှစ်ကို ရေမချိုးခငလက်တွေခြေတွေမှာလူးထားပြီးမှ ရေချိုးရင်အပူကင်းတဲ့အကြောင်းလည်း
MRTVမှာ ဝေမျှထားပါတယ်။အပူများတဲ့သူတွေလဲဒီနည်းအသုံးပြုလို့ရပါတယ်သိတဲ့သူတွေလည်းသိမယ်ထင်ပါတယ်။မသိသေးသူတွေအတွက်လွယ်ကူတဲ့နည်းလေးမို့မျှ ဝေပေးလိုက်ပါတယ်အဆင်ပြေကြပါစေရှင်မူရင်းရေးသားသူအား လေးစားစွာဖြင့်ခရက်ဒစ် ပေးပါသည်