နနွင်းမှုန့်နဲ့သံပုရာသီးကိုသုံးပြီးဂျိုင်းဖြူလာအောင်လုပ်နည်းလက်ပြတ်တွေဝတ်ချင်ပေမယ့်ဂျိုင်းမဲနေလို့မဝတ်ရဲဘူးဂျိုင်းမဲလို့စိတ်ညစ်ရတယ်၊ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူးဆိုတဲ့သူတွေအတွက်နနွင်းမှုန့်နဲ့သံပုရာသီးကိုသုံးပြီးဂျိုင်းဖြူ

လာအောင်လုပ်နိုင်မယ့်နည်းလမ်းကောင်းတစ်ခုကိုမျှဝေပေးလိုက်ပါတယ်လုပ်ရတာလည်းအရမ်းလွယ်လွန်းပါတယ်နော်နနွင်းမှုန့်စားပွဲတင်ဇွန်း၁ဇွန်းကိုပန်းကန်လုံးလေးထဲထည့်ပြီးသံပုရာသီးတစ်လုံးအရည်ညှစ်ချပါပြီးရင်တော့ပျစ်ပျစ်

လေးဖြစ်သွားအောင်သေချာသမအောင်မွှေလိုက်ပါသေချာမွှေပြီးရင်ဂျိုင်းသားမှာပွတ်လိမ်းပြီး၁၅မိနစ်(သို့)၁၀မိနစ်ထားပေးပါအချိန်ပြည့်ရင်တော့ရေဆေးချလိုက်ရုံပါပဲဒီနည်းလမ်းကိုတစ်ပတ်မှာ၂ကြိမ်ပုံမှန်လုပ်ပေးရပါမယ်

မပျက်မကွက်တစ်ပတ်၂ကြိမ်လုပ်ပေးမှသာ၆ပတ်လောက်ကြာတဲ့အခါမှာသိသာတဲ့ရလဒ်ကိုရရှိလာပါလိမ့်မယ်ချက်ချင်းကြီးဖြူလာတာမျိုးမဟုတ်ပဲမဲနေတဲ့ဂျိုင်းသားကတစ်ဖြေးဖြေးချင်းစီပြန်ဖြူလာပါလိမ့်မယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com



