ထူးထူးဆန်းဆန်းမျက်နှာကိုသိသိသာသာဖြူစေတဲ့အာလူးပြုတ်အသုံးပြုနည်းဒီတစ်ခါတော့ဈေးကြီးနာမည်ကြီးတဲ့အလှကုန်တွေသုံးစရာမလိုဘဲမျက်နှာအသားအရေကိုသိသိသာသာဖြူဝင်းစေနိုင်မယ့်မှော်ဆန်ဆန်အာလူးပြုတ်နည်လမ်းအကြောင်းမျှဝေပေးပါရစေ
ဒီနည်းလမ်းလေးဟာသင့်မျက်နှာကိုခဏတာသာ ဖြူဝင်းစေတာမဟုတ်ဘဲ ထာဝရဖြူ စေနိုင်တဲ့နည်းလမ်းလို့တောင်တင်စားကြပါတယ်ပထမဆုံးအာလူးကိုဆေးကြောပြီး ပြုတ်လိုက်ပါနူးသွားပြီဆိုလျှင်အခွံခွာပြီးကောင်းစွာကြိတ်ခြေပါ
ပြီးနောက်အရောအနှောမပါသောဒိန်ချဉ်အနည်းငယ်ကိုထည့်မွှေပါဒိန်ချဉ်မရှိလျှင် နွားနို့ထည့်လို့ရပါတယ်နောက်ဆုံးတွင်ပျားရည်လက်ဖက်ရည်၁ဇွန်းနှင့်သံပုယိုရည် ၃စက်ခန့်ထပ်ထည့်မွှေလိုက်ပါအားလုံးနှံ့စပ်အောင် မွှေပြီးလျှင်တော့
မျက်နှာပေါ်သို့သုတ်လိမ်းထားလိုက်ပါနာရီဝက်ခန့်ကြာလျှင်တော့ ရေဖြင့် ဆေးကြောသန့်စင်နိုင်ပါပြီအာလူးပြုတ်မှာ ဗီတာမင်စီ နှင့်အသားအရေအတွက် ကောင်မွန်တဲ့ဓါတ်တွေအမျာကြီးပါဝင်ပါတယ်ဒါ့အပြင်ဒိန်ချဉ်နှင့်ပျားရည်ကလည်း
အသားကို ဖြူဝင်းစေနိုင်တဲ့အစွမ်းကို ပေးစွမ်းနိုင်ပါသေးတယ်ဖော်ပြပါနည်းလမ်းကိုတစ်ပါတ်လျှင်၂ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့်မျက်နှာအသားအရေကိုဖြူဝင်းစေခြင်းတင်းရင်းစေခြင်းအမဲစက်များကင်းခြင်းဝက်ခြံနှင့်အရေးအကြောင်းများဖြစ်ခြင်းတို့မှလည်းကာကွယ်ပေးနိင်ပါတယ်