ဝက်ခြံကင်းစင်ပြီးအသားအရေကြည်လင်စိုပြေစေဖို့အလှပလျှို့ဝှက်ချက်လွန်ခဲ့တဲ့၅နှစ်ကျော်ကျော်ကသင့်အသားအရေအတွက်အသုံးပြုခဲ့တဲ့အလှကုန်ပစ္စည်းတန်ဖိုးကိတွက်ချက်ကြည့်လိုက်ပါ။ဘယ်လောက်များရှိသွားပြီလဲ။
ကျွန်မတို့တွေဟာအသားအရေအလှပအတွက်ငွေကြေးများစွာကုန်ကျခံလေ့ရှိပါတယ်။အသင့်ပြုလုပ်ပြီးအလှကုန်ပစ္စည်းတွေကိုမဝယ်ဘဲသဘာဝနည်းလမ်းလေးတွေနဲ့အသားအရေကိုပြုပြင်ထိန်းသိမ်းလို့ရပါတယ်နော်
၁။၁၀စက္ကန့်စည်းမျဉ်း၁၀စက္ကန့်စည်းမျဉ်းဆိုတာကတော့ရိုးရိုးလေးပါ။ရေချိုးပြီးတဘက်နဲ့ရေခြောက်အောင်သုတ်ပြီးရင်Lotionကိုလိမ်းပေးလိုက်ပါမျက်နှာပေါ်မှာလည်းခရင်မ်တမျိုးမျိုးလိမ်းပေးပါ။၂တဘက်ပူပူနဲ့နှိပ်မယ်။
တဘက်တစ်ခုကိုရေနွေးနဲ့စိမ်ရေညှစ်လိုက်ပြီးမျက်နှာပေါ်အုပ်ကာသေချာနှိပ်ပေးပါ။သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးချွေးပေါင်တွေပွင့်စေပါတယ်။ဒ့ါကြောင့်မျက်နှာအသားအရေပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပါတယ်။
၃။ရေညှိနဲ့ပေါင်းတင်မယ်။ရေညှိမှာဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီးဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ရေညှိကိုရေနွေးနဲ့ခဏစိမ်လိုက်ပြီးမျက်နှာပေါ်မှာလိမ်းပေးရမှာဖြစ်ပါတယ်။၁၅မိနစ်လော်ကထားပြီးရေဆေးချ
လိုက်ပါ။အသာအးရေစိုပြေလာမှာဖြစ်ပါတယ်။၄။ဆားကိုလည်းအရေပြားပေါ်ကဆဲလ်သေတွေဖယ်ရှားဖို့အတွက်အသုံးပြုနိုင်ပါတယ်။ဆားစားပွဲတင်ဇွန်း၁ရေနွေးတစ်ခွက်ရောပြီးမျက်နှာသစ်ပေးပါ။အရေပြားထိခိုက်ရှနာဖြစ်ထားရင်
မလုပ်ပါနဲ့နော်။၅။သံပုယိုသီးသံပုယိုသီးကဆဲလ်သေတွေကိုဖယ်ရှားပေးပြီးအဆီနဲ့အညစ်အကြေးတွေကိုသန့်စင်ပေးပါတယ်။သံပုယိုသီးကိုတခြမ်းခြမ်းပြီးအရည်ညှစ်ပါဝါဂွမ်းစနဲ့သံပုယိုရည်ကိုတို့ပြီးမျက်နှာပေါ်လိမ်းပေးပါအသားအရေနုပျိုစိုပြေလာမှာဖြစ်ပါတယ်။