အမျိုးသမီးများအသက်ကရမက်တဲ့ကရမက်ကဘာတွမျေား ကောင်းနေလို့လဲနံ့သာဖြူနံ့သာနီအကျော်စမ္မာကရမက်ဆိုတဲ့နံ့သာငါးမျိုးစာရင်းဝင်ကရမက် အကြောင်းရှင်းပြပါရစေကရမက်ကအေးခါးအရသာနဲ့အပူကိုစုပ်ယူပေးနိုင်တဲ့ဆေးပါ

ရေဓါတ်ခမ်းခြောက်အပူများလို့ဖြစ်လာတဲ့ခန္ဓာကိုယ်တွင်းအောင်းပူတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်တစ်ချို့ကအပူအစပ်စားအအေးသောက်လို့ မထွက်ရတဲ့အခိုးတွေစုဖွဲ့တာတစ်ချို့ကကံစိတ်ဥတုအာဟာရ

တစ်မျိုးမျိုးကြောင့်အကြိတ်အဖုရည်ကြည်အိတ်နဲ့ဆီးအိမ်နားကစုဖွဲ့ပူလို့ ခြေဖဝါးကစူးတာမျိုး၊မီးယပ်အမျိုးမျိုးနဲ့ရာသီသွေးဆုံးခါနီးဖြစ်တဲ့အရေပြားပေါ်ကအကွက်တွေခန္ဓာကိုယ်ယားယံတာတွေ ပျောက်ကင်းစေပါတယ်။ရေကို

ဝအောင်ချိုးပြီးရင်ကရမက်လေး ရေကြဲလေးလိမ်းအပူထွက်ပြီးအပူအောင်းတာသက်သာတော့အဖုအကြိတ်အရည်ကြည်အိတ်စတာတွေသက်သာတယ်။ရေကိုဝအောင်ချိုးပြီးကရမက်လေးကိုသွေးပြီးလျက်ပေးရင်လည်းလျှာကနေ

တစ်ကိုယ်လုံးကအကြောတွေဆီရောက်ပြီးကျန်းမာသက်ရှည်အပူအခိုးကင်းစေပါတယ်သွေးလိမ်းတာပဲဖြစ်ဖြစ်သောက်တာပဲဖြစ်ဖြစ်သလိပ်ကြေစေတယ်နှလုံးရောဂါဆီးရောဂါနဲ့ညောင်းကျရောဂါတွေလည်းပျောက်ကင်းစေပါတယ်

အပူများသူတွေ နေပူမီးပူထဲအလုပ်လုပ်ရသူတွေအတွက်အကောင်းဆုံးကကရမက်ပါ။ နေ့စဉ်ကရမက်လေးအသုံးပြုဖို့တိုက်တွန်းပါရစေဆေးဖက်အသုံးဝင်ပုံဆီးပူ၊နည်း၊ဝါကျောက်ကပ်တွင်းအပူအောင်းပြီးခါးနာခြင်း၊ဆီးအရောင်

နောက်ခြင်း၊ဆီးတွင်သွေးပါခြင်းအတွက်ကရမက်ကိုဆန်ဆေးရည်ဒုတိယရေကြည် နှင့် ရောသွေးပါဟင်းစားဇွန်း(၁)ဇွန်းခန့်၊တစ်နေ့ (၃)ကြိမ်တစ်ပတ်ခန့် သောက်ပါရန်ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊အရေပြား၌အဖု၊

အပိန့်ထွက်ခြင်းအတွက်ကရမက်၊ဧကရာဇ်မြစ်(၂)မျိုးရောသွေး။သကြားကော်ဖီဇွန်း(၁)ဇွန်း ရောစပ်၍ဟင်းစားဇွန်း(၁)ဇွန်းနံနက်၊ည သောက်ပေးပါရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍အိပ်မပျော်သူများအတွက်ကရမက်၊ ဇီးစေ့အဆန်

သကြားဆတူရောအမှုန့်ပြု၍ ကော်ဖီဇွန်း(၁)ဇွန်းတစ်နေ့(၂) ကြိမ်၊ ရေကျက်အေးဖြင့် သောက်ပါသွေးစုနာ၊အနာစာဥ၊အဖုအကျိတ်နာအတွက်ကရမက်၊နံ့သာဖြူ၊ဇာတိပ္ဖိုလ်သီးအဆန်(၃)မျိုးရောသွေး၍တစ်နေ့(၄)(၅)ကြိမ်လိမ်းပေးပါ။

မီးယပ်သွန်၊မီးယပ်လွန်၊သားအိမ်တွင်အနာချို့ယွင်းချက်ရှိသူများအတွက်ကရမက်သွေးရည် ဟင်းစားဇွန်း(၁)ဇွန်းတွင်နနွင်းမှုန့်စစ်စစ် ကော်ဖီဇွန်း(၁)ဇွန်း ရောစပ်ပြီးတစ်နေ့(၃)ကြိမ် ရေကျက်အေးဖြင့်သောက်ပါအပူဝမ်းသွားခြင်း

သွေးဝမ်းသွားခြင်းအတွက်ကရမက်သွေးရည်ဟင်းစားဇွန်း(၁)ဇွန်းတွင်၊မီးကွင်းဂမုန်းသတ္တုရည်ဟင်းစားဇွန်း(၁)ဇွန်း၊သကြားဟင်းစားဇွန်း(၁)ဇွန်း ရောစပ်ကာတစ်နေ့(၃)ကြိမ်တိုက်ပေးပါမီးယပ်ဖြူဆင်းလျှင်ကရမက်ကို

ဆန်ဆေးရည်ဒုတိယအရည်နှင့်ရောသွေးဆေးရည်ဟင်းစားဇွန်း(၁)ဇွန်းတွင်သကြားဇွန်းတစ်ဝက်၊သံပုရာရည်ဇွန်းတစ်ဝက်၊ထို(၃)မျိုးပေါင်းပြီးဟင်းစားဇွန်း(၂)ဇွန်းခန့်အားနံနက်၊ညသောက်ပါခန္ဓာကိုယ်အနံ့ဆိုးခြင်းအတွက်

ကရမက်၊ဥပသကာမြစ်(၂)မျိုးသွေးရည် ဟင်းစားဇွန်း(၁)ဇွန်းတွင် သံပုရာရည်ဇွန်းတစ်ဝက်စပ်၊တနေ့(၂)ကြိမ်စွဲသောက်ပါအပူလောင်နာများအတွက်ကရမက်ပျစ်ပျစ်သွေး၊တရော်ကင်ပွန်းရည်နှင့်စပ်၍မကြာခဏလိမ်းပေးပါ

အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊အညှော်မိ၊မန်းဝင်၊အနာရောင်ခြင်းအတွက် ကရမက်၊ဇာတိပ္ဖိုလ်သီးအဆံကိုရောသွေးပြီးနိုင်နိုင်လိမ်းပေးပါကယူပစ်သလို သက်သာပါမည်ကလေးများအနာမီး၊အနာစက်ရောဂါများအတွက်

ကရမက်သြဇာသီးအခြောက်၊အုန်းဆီနှင့်ရောသွေးပြီးအနာကိုမကြာခဏလိမ်းပေးကသက်သာပျောက်ကင်း၏ဆီးအိမ်တွင်ဆီးရှိပြီး၊ဆီးခုံရောင်တင်း၍ ဆီးပူဆီးအောင့်ဆီးမသွားနိုင်ခြင်းအတွက်ကရမက်ကိုဆန်ဆေးရည်ပထမအရည်နှင့်

ရောသွေး၊ဆီးခုံနှင့်ဆီးသွားအင်္ဂါတွင်နိုင်နိုင်လိမ်းအုံပေးပါကချက်ခြင်းဆီး သွားနိုင်ပါမည်ခေါင်းတစ်ခြမ်းကိုက်ခြင်း၊မီးတွင်းခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊မျက်ရိုးကိုက်၍ ခေါင်းအုံ၊ ခေါင်းမကြည် လင်ခြင်းအတွက်ကရမက်အစကို

ဓားဖြင့်အနည်းငယ်ခြစ်ယူပြီးနနွင်းမှုန့်နှင့်ဆတူရော၍မီးခဲပေါ်တင်ပြီး အငွေ့မှိုင်းကိုရှူပေးလျှင် ချက်ခြင်းသက်သာဧ။်အနာရွတ်ဖြူခြင်း၊မီးယပ် ကွက်ပေါ်ပြီးအဖြူကွက်၊ကြက်ဖင်ကွက်ညှင်းပေါက်ခြင်းအတွက်ကရမက်နံ့သာနီရောသွေး၍

တစ်နေ့(၃)ကြိမ်ခန့်လိမ်းပေးပါကလေးလူကြီးအဖျားကြီး၍ကိုယ်ပူကြီးခြင်းအတွက်ကရမက်၊နံ့သာဖြူ(၂)မျိုး ရောသွေး၍နဖူးကို(ပထမ)စလိမ်းပါ(၅)မိနစ်ခန့်စောင့်ပါကအပူများထွက်ပါမည်(ဒုတိယ)နဖူးနှင့်ချိုင်းနှစ်ဖက်လိမ်းပါ

(၅)မိနစ်ခန့်စောင့်ပါတတိယခန္ဓာကိုယ်တစ်ကိုယ်လုံးဆေးရည်နိုင်နိုင်လိမ်းခြင်းအားဖြင့်အပူများ ပြင်ပသို့လမ်းကြောင်းသင့်စွာထွက်ခွာနိုင်ပါလိမ့်မည်မှတ်ချက်အပူကြီးသောသူများ ဆေးရည်ကိုခန္ဓာကိုယ်အနှံ့သို့တစ်ခါထဲမလိမ်းရန်ခန္ဓာကိုယ်၏

အပူနှင့် ပြင်ပမှဆေးရည်ဆေးငွေ့တို့ရုတ်တရက်ထိတွေ့ပါကရေနွေးပူထည့်သောဖန်ခွက်ကိုရုတ်ခြည်းရေအေးထည့်သကဲ့သို့အပူအအေးဝိရောဓိဓာတ်ပြင်းထန်ပြီးဖန်ခွက်လန့်၍ကွဲသကဲ့သို့ခန္ဓာကိုယ်သည်လည်းရုတ်တရက် ရှော့ခ်ဖြစ်ပြီး

ဦးနှောက်အာရုံကြောထိခိုက်ခြင်း၊သတိမလည်ခြင်းများဖြစ်တတ်ပါ၍ဦးနှောက်နှင့်အနီးဆုံးနေရာဖြစ်သည့်နဖူးမှစ၍အပူဓာတ်ကိုစတင်ထွက်ခွာစေခြင်းပင် ဖြစ်ပါ၏