ဆံပင်ကျွတ်သက်သာအောင်ဆံသားထိန်းသိမ်းနည်း(၉)မျိုးဆံပင်တွေမကြာခဏအဆီပြန်ခြင်းညစ်ပတ်ခြင်းတို့ကြောင့်စိတ်ပျက်ရပါတယ်ဒီတော့ဆံပင်ကိုခဏခဏလျှော်ချင်လာကြပါတယ်ခေါင်းခဏခဏလျှော်ရင်ဆံပင်ကျွတ်
ခြင်း၊ဦးရေပြားခြောက်သွေ့ခြင်းနဲ့အခြားဆံသားပြသနာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဆံပင်ကျွတ်သက်သာစေမယ့် ခေါင်းလျှော်နည်း(၉)မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်၁။ ရေနွေးနွေးလေးသုံးပေးပါပုံမှန်သုံးနေကြရိုးရိုးရေ
တွေကသင့်ရဲ့ဆံပင်စတိုင်လ်ကိုပျက်စီးစေပါတယ်ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပေးခြင်းက နောက်နေ့တွေထိသင့်ရဲ့ဆံပင်တွေကိုသန့်ရှင်းနေစေပါတယ်ရေအပူချိန်ဟာ38 လောက်ရှိသင့်ပါတယ်၂။ဆံပင်ဖျန်းဆေးရဲ့ကောင်းကျိုး
ဆံလုံးသေးသူနဲ့ဆံသားပျက်စီးလွယ်သူတွေအတွက်အာရဖြည့်ထုတ်ကုန်တွေဟာအသုံးမတတ်ရင်ပျက်စီးလွယ်စေပါတယ်ခေါင်းလိမ်းဆီဆိုလည်းတစ်ပတ်ကိုနှစ်ခါလောက်ပဲ အသုံးပြုပေးသင့်ပါတယ်စပရေးဖျန်းချင်တဲ့အခါဆိုလည်း
လိုအပ်တဲ့ပမာဏအနည်းငယ်လောက်ကိုသာအသုံးပြုပေးပါ၃။ဘီးကိုသာအသုံးပြုရန်သင်ဟာဆံပင်ကိုဘရက်ရှ်နဲ့မကြာခဏဖြီးနေတတ်သူဆိုရင်ဆံပင်ကျွတ်သက်သာအောင် ဘီးကိုပဲအသုံးပြုပေးသင့်ပါတယ်ဘရက်ရှ်ဘီးနဲ့ဖြီးပေးခြင်း
ဟာဆံပင်ကိုညစ်ပတ်မြန်စေပြီးဆံသားတွေကိုတအားကျွတ်စေပါတယ်ဘီးနဲ့ဖြီးတဲ့အခါသင့်ရဲ့ဦးရေပြားကိုဖိပြီးမဖြီးမိအောင်သတိထားပါ၎။သဘာဝကျတဲ့စတိုင်လ်ဆံပင်နဲ့ပတ်သတ်တဲ့ထုတ်ကုန်တွေကတော့ထွက်နေတာပဲကိုယ့်ဆံပင်နဲ့
မကိုက်ညီရင်လည်းဘာမှလုပ်လို့မရဘူးသင်ဟာမြင်းမြှီးပုံစံ၊ ဆံထုံးလေးတွေလုပ်ချင်တယ်ဆိုရင်ဆံပင်ဖျန်းဆေးကိုအသုံးပြုနိုင်ပါတယ်နောက်တစ်နေ့ထိတောက်ပပြီးသန့်ရှင်းတဲ့ဆံသားလေးကိုရရှိနေမှာပဲဖြစ်ပါတယ်၅။ဆံသားနဲ့အဆင်ပြေ
စေမယ့်ခေါင်းလျှော်ရည်အသုံးပြုပါကိုယ့်ဆံသားဟာခြောက်သွေ့လားအဆီထွက်များလားပုံမှန်ဆံသားပဲလားဆိုတာကိုယ်တိုင်အသိဆုံးဖြစ်မှာပါကိုယ်ဆံပင်နဲ့မတည့်တဲ့ခေါင်းလျှော်ရည်ကိုသုံးမိရင်ညစ်ပတ်လွယ်စေပြီးဆံသားကိုလည်းထိခိုက်
ပျက်စီးလွယ်စေပါတယ်၆။ဆံပင်ဖြောင့်စက်တွေသုံးတဲ့အခါဆံပင်ဖြောင့်စက်(သို့)ကောက်စက်သုံးတဲ့အခါအနိမ့်ဆုံးအပူချိန်ပဲပေးပြီးဆံပင်ကိုဖြောင့်ကောက်ပေးပါမဟုတ်ရင်အလွန်ပြင်းတဲ့အပူရှိန်ကြောင့်ဆံသားတွေကိုခြောက်သွေ့
ပျက်စီးလွယ်စေပြီးဆံပင်တွေကိုကျွတ်စေပါတယ်၇။ခေါင်းလျှော်ပြီး၂ရက်ကြာတဲ့အခါPeelingလုပ်ပေးခြင်းကသင့်ဆံသားမှာရှိတဲ့ဆဲလ်သေတွေနဲ့ချွတ်ရခက်တဲ့အညစ်ကြေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်သင့်ရဲ့ဆံပင်ကိုဖြောင့်စင်းစေပြီး
အရှည်မြန်စေပါတယ်ပစ္စည်းတွေအစုံရှိရင်အိမ်လုပ်Scrubs လေးလုပ်ပေးလို့ရပါတယ်၈။ ခေါင်းအုံးမကြာခဏလဲပေးပါခေါင်းအုံးတွေဟာသင့်အရေပြားနဲ့သင့်ခေါင်းမှာရှိတဲ့အဆီတွေကိုစုတ်ယူနိုင်ပါတယ်စုတ်ယူထားတဲ့အရာတွေကနေ
မကောင်းတဲ့ဘတ်တီးရီးယားပိုးတွေပြန်လည်ပေါက်ပွားစေပြီးဆံသားတွေကိုညစ်ပတ်စေပါတယ်ခေါင်းအုံးစွပ်ကိုတစ်ပတ်ကိုတစ်ခါလောက်တော့လဲပေးသင့်ပါတယ်၉။သင့်ဆံပင်ကို
နေပူထဲမကာကွယ်ပါနွရောသီရောဆောင်းရာသီပါဦးထုတ်ဝတ်ဆင်ပါဒီလိုလုပ်ပေးခြင်းဖြင့်သင့်ရဲ့ဆံသားအရင်းတွေသန်မာစေပြီးဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်နော်