စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာ၊ယနေ့92Ronတစ်လီတာလျင်၂၁၈၀ကျပ်ဖြင့် ရောင်းချအစိုးရ၏စက်သုံးဆီဈေးနှုန်းကျဆင်းရေးအစီအမံများကြောင့်ပြည်တွင်းစက်သုံးဆီဈေးနှုန်းများအကျဖက်သို့ဦးတည်လာရာမှ
ယနေ့စက်တင်ဘာ၁၇ရက်တွင်စက်သုံးဆီ(၁)လီတာလျင်(၂၁၈၀)ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်းသိရသည်ရန်ကုန်တိုင်းအထိုင်စက်သုံးဆီရည်ညွှန်းဈေးအရ92 Ronတစ်လီတာလျင်၂၁၈၀ကျပ်ဖြင့်ရည်ညွှန်းသတ်မှတ်ထားကြောင်း
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့်ရည်ညွှန်းလက်လီဈေးနှုန်းများအရသိရသည်စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ယနေ့ထုတ်ပြန်ခဲ့သည့်
စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရရန်ကုန်တိုင်းအတွင်း၌လက်လီဈေးအဖြစ် 92Ronတစ်လီတာလျင်၂၁၈၀ကျပ်၊95Ronတစ်လီတာလျင်၂၂၇၀ကျပ်HSD 500ppmတစ်လီတာလျင်၂၅၈၀ကျပ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရန် သတ်မှတ်ထားသည်
HSD 50ppm)နှင့်HSD10ppmတို့မှာတစ်လီတာလျင်၂၆၆၅ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရန်လည်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှသတ်မှတ်ထားသည်ထို့ပြင်ပဲခူးတိုင်းတွင်လည်း
97Ronတစ်လီတာလျင်၂၁၈၅ကျပ်သို့ကျဆင်းသွားခဲ့ပြီးမန္တလေး၊ နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊ မော်လမြိုင်၊လားရှိုး၊ တောင်ကြီးနှင့်လွိုင်ကော်တို့တွင်လည်92Ron(၁)လီတာလျင်၂၂၀၀ကျပ်ကျော်သို့ ပြန်လည်ကျဆင်းလာခဲ့ပြီး
မြစ်ကြီးနားနှင့်စစ်တွေတို့တွင်၂၃၀၀ကျပ်ကျော်၊ဟားခါးတွင်၂၄၀၀ကျပ်ကျော်နှင့်ကျိုင်းတုံတွင်၃၁၀၀ကျပ်ကျော်သို့ ပြန်လည်ကျဆင်းလာကြောင်းသိရသည်ထို့ပြင်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏
စက်သုံးဆီရည်ညွန်းလက်ကားဈေးနှုန်းမှာလည်းရန်ကုန်တိုင်း၌92Ronတစ်လီတာလျင်၂၀၇၅ကျပ်၊95Ronတစ်လီတာလျင်၂၁၆၁ကျပ်HSD(500 ppm)တစ်လီတာလျင်၂၄၆၉ကျပ်၊HSD50ppmနှင့်HSD(10 ppm)တို့မှာတစ်လီတာလျင်၂၅၅၀ကျပ်တို့ဖြစ်သည်
အဆိုပါ ဈေးနှုန်းများအားစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှMOPS ဈေးနှုန်းအပေါ်တွင်အခြေခံတွက် ချက်ထားခြင်းဖြစ်ကာစက်သုံးဆီဝယ်ယူသူများအနေဖြင့်ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရသည်