ပြည်တွင်းစက်သုံးဆီဈေးဟာ(၃)ရက်ဆက်တိုက်နေ့တိုင်းမြင့်တက်နေပြီးဒီနေ့ဇန်နဝါရီ၁၃ရက်မှာလည်းတစ်လီတာကိုအမြင့်ဆုံး၁၇၅၀ကျပ်အထိမြင့်တက်လာပါတယ်ရန်ကုန်မှာမနေ့ကဇန္နဝါရီလ၁၂ရက်နေ့က၁၄၅၅ကျပ်ဈေးပေါက်ခဲ့တဲ့
ဓာတ်ဆီOctane92ဟာဒီနေ့မှာ၁၄၈၅ကျပ်ထိမြင့်တက်လာသလိုOctane 95ကေတာ့၁၅၀၅ကျပ်ရှိခဲ့တာကနေဒီနေ့မှာတော့(၁၅၃၅)ကျပ်ရှိနေပါတယ်အဲဒါအပြင်ဒီဇယ်ဈေးဟာလည်း Premiumက(၁၄၆၀)ကျပ်ရှိခဲ့တာကနေ
ဒီနေ့မှာ(၁၄၉၀)ကျပ်နဲ့ရိုးရိုးကေတာ့၁၄၅၀ကျပ်ရှိခဲ့တာကနေ၁၄၈၀ကျပ်အထိမြင့်တက်နေပါတယ်နယ်တွေမှာလည်းဒေသအလိုက်တစ်လီတာကို(၁၇၀၀)ကျပ်စွန်းစွန်းကနေဈေးအမြင့်ဆုံးအဖြစ်တမူးမြို့မှာ
Octane 95က၁၇၅၀ကျပ်နဲ့ခမ်းပတ်မြို့မှာ(၁၇၄၅)ကျပ်အထိရှိနေပါတယ်ရန်ကုန်မြို့တွင်းတက္ကစီယာဉ်မောင်းတစ်ဦးကဒီလိုတွေတက်နေရင်တော့အတော်လေးခက်သွားပြီမောင်းရတာလို့ပြောပါတယ်