စက်သုံးဆီဈေးမြင့်တက်လာ၍အဝေးပြေးကုန်စည်ပိုဆောင်ရေးကားများရပ်နားရနိုင်ခြေဖြစ်စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့်အဝေးပြေးကုန်စည်ပိုဆောင်ရေးကားများနှင့်ကုန်စည်ပိုဆောင်ရေးလုပ်ငန်းများမှာအခက်အခဲများဖြစ်

ပေါ်လျက်ရှိသဖြင့်ရပ်နားရနိုင်ခြေရှိသည်ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပိုဆောင်ရေး အသင်းမှသိရသည်စက်သုံးဆီဈေးနှုန်းမြင့်တက်လာသော်လည်းကုန်တန်ဆာခ၊ကုန်သယ်ယူခများမှာ ဈေးတိုးမြှင့်၍ ကောက်ခံမရသဖြင့်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟုသိရသည်ကုန်သယ်ယူပိုဆောင်ခကဈေးထပ်တင်လိုမရတော့ဘူးကုန်သည်တွေကလည်းသူ့အတိုင်းအတာနဲ့သူအမြတ်သိပ်မကျန်တော့ပိုမပေးနိုင်ကြဘူးဆီဈေးကလည်းတက်တော့ကားထွက်ဖို

တောင်မလွယ်တော့ဘူးခနတဖြုတ်တော့ရပ်ထားရဖိုများနေပြီဟုကုန်တင်ကားမောင်းသူတစ်ဦးဖြစ်သည့်ကိုမြင့်ဆွေကပြောသည်အဝေးပြေးကုန်စည်ပိုဆောင်ရေးကားပိုင်ရှင်များအနေဖြင့်လည်းဆီဈေးနှုန်းများမြင့်တက်နေသော်လည်း

ကားမောင်းသူများ၊ကုန်ကားစပယ် ယာများနှင့်ကုန်တင်လုပ်သားများ၏စားဝတ်နေရေးအဆင်ပြေစေရန်ကုန်စည်ပိုဆောင်ခြင်းများအားချင့်ချိန်ပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။ဆီဈေးတွေတက်ပေမယ့်ကားသမားတွေရဲ့

မိသားစုတွေအဆင်ပြေဖိုအတွက်ကအရေးကြီးတယ်ကျွန်တော်ကားပိုင်ရှင်တွေကလည်းသူတိုကိုအားကိုးနေရသလိုသူတိုကလည်းကားထွက်မှမိသားစုအဆင်ပြေမှာဆိုတော့နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ညှိပြီးလုပ်နေရတာပေါ့ဟု

ကုန်ကားပိုင်ရှင်တစ်ဦးကပြောသည်။လက်ရှိတွက်စက်သုံးဆီဈေးနှုန်းများမှာ92Octaneတစ်လီတာ၁၆၇၀ကျပ်ခန့်၊95Octaneတစ်လီတာ၁၇၈၀ကျပ်ခန့်ဒီဇယ်တစ်လီတာ၁၆၇၅ကျပ်ခန့်ပရီမီယမ်ဒီဇယ်တစ်လီတာ၁၇၀၅ကျပ်ခန့်အထိဈေးနှုန်းများဖြစ်ပေါ်လျက်ရှိသည်။

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကုန်တင်ပိုမှုအနေအထားကတော့ပုံမှန်အတိုင်းရှိလာတယ်ဆီဈေးတက်တာတစ်ခုကလွဲပြီးကျန်တာအဆင်ပြေတယ်ဆီဈေးသိပ်မတက်တော့ဘူးဆိုရင်တော့ကုန်ကားတွေထွက်လိုပြန်အဆင် ပြေသွားမှာပါ”ဟုကုန်ကားပိုင်ရှင်တစ်ဦးကပြောသည်။