စံချိန်တင်သွားတဲ့စက်သုံးဆီဈေးနှုန်းနဲ့ထိန်းမရတော့တဲ့ လောင်စာဆီဈေးကွက် အခြေအနေပြည်တွင်းဈေးကွက်မှာချက်ဆီကုန်ကြမ်းလမ်းကြောင်းတွေ အဝင်ခက်ခဲနေပါတယ်နိုင်ငံခြားဆီ ဝင်ရောက်မှုလည်းနည်းနေတာတွေ့ရတယ်

ပြည်တွင်း ငွေကြေးဖောင်းပွမှုနဲ့ ငွေတန်ဖိုးကျဆင်းလာမှုကလည်း အချက်တစ်ချက်ဖြစ်လာပါတယ်အမေရိကန် ဒေါ်လာဈေးကလည်း ပြန်ကျဖို့မရှိတော့ပါဘူး။ပထဝီနိုင်ငံရေးအရကမ္ဘာ့နိုင်ငံရေးကိုကြည့်ရင်လည်းရုရှားနဲ့ယူကရိန်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပြဿနာကရင်တမမ အခြေအနေမှာပဲရှိနေသေးတယ်ဒီကြားထဲ ပြည်တွင်းမှာက တိုတယ်နဲ့ချက်ဗရွန် ကလည်းပြန်သွားပြီ။ဝုဒ်ဆိုက်ကလည်း ပြန်ဦးမယ်ဆိုတဲ့သတင်းထပ်ကြားရတယ်ဒါကလည်းအတိုင်းအတာတစ်ခုအကျိုးသက်ရောက်မှုရှိလာ

လိမ့်မယ်အိုမီခရွန်ကြောင့်လည်းCargo တွေTanker တွေအဝင်ပါးတာမထွက်နိုင်တာကလည်း အဓိကအချက်ထဲထည့်သုံးသပ်ရလိမ့်မယ်ပြည်တွင်း မြန်မာငွေတန်ဖိုးကဒီတိုင်းဆက်သွားရင်ဖောင်းပွသထက်ဖောင်းပွ

လာနိုင်ချေတွေရှိတယ်ဆိုတော့ကာဆီဈေးကကျဖို့လမ်းမမြင်ဘူးအတက်ပဲရှိပါမယ်။ ဆီဈေးကျဖို့ ဆုမတောင်းဘဲ ပြည်တွင်းဈေးကွက်မှာ ဆီမပြတ်အောင်ဘဲ ပြင်ဆင်ထားသင့်တယ်လို့ မြင်မိပါကြောင်းစစ်အာဏာသိမ်းပြီးတနှစ်ပြည့်လုနီး

ယနေ့ဇန်နဝါရီ၃၀ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြင်ပတွင်၁လီတာလျှင် ကျပ်၂၀၀၀ဝန်းကျင်အထိမြင့်တက်လာကြောင်းစက်သုံးဆီဆိုင်များထံမှသိရပါတယ်ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက၁လီတာလျှင်၁၈၀၀ကျပ်ထိမြင့်

တက်လျက်ရှိရာမှယနေ့တွင်ကျပ်၂၀၀၀ဝန်းကျင်အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရပါတယ် မြန်မာပြည်ဒေသအသီးသီးမှအခြားသောပြင်ပဆိုင်များတွင်နေရာဒေသအပေါ်မူတည်၍၁လီတာလျှင်၁၈၀၀မှ၂ဝဝဝကြားဈေးနှုန်းဖြင့်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရောင်းချနေကြောင်းသိရပါတယ်နိုင်ငံခြားငွေလဲနှုန်းမြင့်တက်နေခြင၊ ပြည်တွင်းရေနံစိမ်းချက်လုပ်နိုင်မှုလျော့နည်းလာခြင်းများကြောင့်စက်သုံးဆီဈေးနှုန်းများဆက်တိုက်ဆိုသလိုမြင့်တက်လာခြင်းဖြစ်ကြောင်းစစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MPE)ဝန်ထမ်းတဦးကသုံးသပ်ပြောဆိုပါတယ်။