ဆီစက်ပိုင်ရှင်တစ်ဦးကိုယ်တိုင်ပြောပြတဲ့ပြည်တွင်းဖြစ်ပဲဆီ၊နှမ်းဆီများအကြောင်းနှင့်ပြည်ပကတင်သွင်းလာတဲ့ဓာတုဗေဒချွတ်ဆေးတွေသုံးတဲ့ဆီအကြောင်းလေးပြောချင်လို့ပါကျွန်တော်ဆီစက်ပိုင်တယောက်ပါကျွန်တော်စားသုံးဆီဆိုင်ဖွင့်
ထားသူတယောက်ပါ။ပြောနေရင်းဆီပုံးကြီးကိုင်ပြီးအမကြီးတယောက်လာပြီစျေးဝယ်၊မောင်လေးပဲဆီသန့်သန့်လေးဘယ်လောက်လဲ၊ကျွန်တော်၊ဟုပ်ကဲ့၊အမကြီးရေပဲဆီသန့်သန့်လေးဆိုရင်၁၀၀၀၀ပါခင်ဗျာ၊စျေးဝယ်၊အမလေးတော်မတရားသဖြင့်၊
ကျွန်တော်၊အင်ဘာပုလို့၊စျေးဝယ်၊ငါတို့ရက်ကွပ်ထဲမှာတောင်၃၅၀၀ဘဲရှိတယ်ဆီစက်ဆိုလို့သက်သာမလားမှတ်တယ်ဟွန်းကျွန်တော်၊ဟာအမကြီးအဲ့ဒါရောင်းတန်းဆီပါအသန့်ဆိုမရပါဘူးအမကြီးလိုချင်ရင်၃၀၀၀တန်ရှိပါတယ်စျေးဝယ်၃၀၀၀တန်
ကသန့်လားအာမခံလားကျွန်တော်၊အင်းအမကြီးရယ်၄၅၀၀တန်လောက်တော့မသန့်ဘူးအာမမခံနိုင်ဘူးပေါ့အမကြီးရယ်စျေးဝယ်၊တော်ပြီအာဆိုမဝယ်တော့ဘူး၊အင်ပြန်သွားပြီဟော့အဒေါ်ကြီးတယောက်ပုံးနဲ့ဝင်လာပြီကျွန်တော်၊အန်တီဘာဆီ
ယူမလဲအဒေါ်ကြီးပဲဆီလေးလိုချင်တာပြန်ရောင်းဖို့ကျွန်တော်ပြန်ရောင်းဖို့ဆို့အန်တီရောင်းတန်းဆီ၂၅၀၀တန်၃၀၀၀တန်တွေရှိပါတယ်အဒေါ်ကြီးအမလေးတော်ငါ့အိမ်ဆိုင်မှာတောင်၂၅ဝဝဘဲရောင်းတာဆိုင်ကြီးဖြစ်ပြီးတော့စျေးကြီးတာဟင်
ပြောပြီးချာကနဲ့လှည့်ထွက်သွားတယ်သိပ်မကြာလိုက်လူကြီးတယောက်ဆိုင်ကယ်ရပ်ပုံးနှစ်ပုံးဆွဲပြီးဆိုင်ထဲဝင်လာတယ်ကျွန်တော်၊ဦးလေးဘာဆီယူလဲဦးလေး၊ငါ့တူရေဦးလေးပြန်ရောင်းဖို့ပဲဆီနှမ်းဆီအရောရောင်းတန်းဆီလေးလိုချင်တာဒီတခါ
တွေ့မယ်စျေးကိုမပြောတော့ဘူးကွလို့တွေးပြီးကျွန်တော်ဦးလေးကဘယ်လောက်တန်လိုချင်တာလဲဦးလေး၊ဦးကပဲဆီနှမ်းဆီကို၂၀၀၀တန်လောက်လိုချင်တာကွရက်ကွပ်ထဲမှာရောင်းရတာကအဆစ်ထည့်ပေးရတာနဲ့ဘူးအပြည့်ထည့်ပေးရတာနဲ့
၂၀၀၀တန်လောက်မှကိုက်မှာကွကျွန်တော်၊အင်၂၀၀၀တန်ပဲဆီအဲ့ဒါဆိုဦးလေ ရယ်စားအုန်းဆီ၁၈၇၀တန်ကိုတရုတ်ကလာတဲ့မြေပဲနံထည့်ပြီးရောင်းတာနေမှာပါဦးလေးရယ်ဦးလေးလိုချင်ရင်အနံဘူးသွားဝယ်ပြီးလုပ်ပေးမယ်လေပဲဆီအနံလေးနဲ့
၁၉၀၀ဘဲပေးဦးလေးအဲလို့ကြီးအနံထည့်ပေးတာလားကျွန်တော်အဲ့ဒီလိုအနံလေးဘဲထည့်ရောင်းမှဒီစျေးရောင်းလို့ရမှာပေါ့ဦးလေးရယ်ကျွန်တော်တို့ကကိုယ့်ဆီစက်နဲ့ကိုယ်မို့လို့ဆီစက်နာမည်ပျတ်မှာစိုးလို့သိက္ခာရှိရှိနဲ့ဒီပဲဆီကဒီလိုစသဖြင့်မှန်မှန်
ကန်ကန်ပြောပြီးရောင်းတာပါဆီစက်မရှိတဲ့ဆီဆိုင်တွေကတော့ဘာမှပြောမှာမဟုပ်ဘူးဘယ်လောက်တန်လိုချင်လည်းရမယ်အာမခံလားမေးရင်အာမခံတယ်ပြောလိုက်မှာဘဲဆီကတခုခုဖြစ်လို့စျေးဝယ်ကပြန်လာပြီးပြောရင်သူတိုကသူတိုဆိုင်က
လုပ်တာမဟုပ်ဘူးဆီစက်တွေကလုပ်လိုက်တာဆိုပြီးသူတို့သိက္ခာမကျဖို့အတွက်ဆီစက်ကိုလွဲချကြတယ်ကျွန်တော်တို့ကကျတော့လွဲချလို့မရဘူးလေအဲ့ဒီတော့ဒီဆီကဒီလိုလုပ်ထားတယ်ဟိုဆီကဟိုလိုရောထားတယ်အာမခံတယ်မခံဘူးစသည်ဖြင့်
မှန်မှန်ကန်ကန်ပြောပြပြီးမှရောင်းတာပါဦးလေးအဲ့ဒီလိုမကောင်းမှန်းသိသိကြီးနဲ့တော့ဆီတောင်မရောင်းချင်တော့ဘူးအိမ်ပြန်ပြောလိုက်အုန်းမယ်ကွာရှင်းပြလိုက်မှဆီမဝယ်ဘဲစိတ်ပျက်လက်ပျက်နဲ့ပြန်သွားတယ်ဟင်စိတ်ကြီးနဲ့ငါနဲ့တော့ညစ်တော့
တာဘဲအမကြီးတယောက်လာပြန်ပြီစျေးဝယ်မောင်လေးဆီဝယ်ချင်လို့ကျွန်တော်ဟုပ်အမကြီးဘာဆီယူမလဲဗျစျေးဝယ်အမပြန်ရောင်းဖို့နှမ်းဆီအရောပဲဆီအရောလိုချင်တာကျွန်တော်အမကဘယ်လောက်တန်လိုချင်တာလဲစျေးဝယ်အမကပဲ
ဆီရောနှမ်းဆီရောကို၁၈၅၀တန်ဝယ်နေကျကွအရင်ဝယ်နေကျဆိုင်ကအပေါက်ဆိုးပြီးသွားရတာလမ်းကျပ်လိုမင်းတို့ဆိုင်စမ်းဝယ်ကြည့်မလို့ဝင်လာတာငင့်သောက်ကျိုးနည်းပဲဆီ၁၈၅၀တန်တဲ့ကျွန်တော်ပဲဆီ၁၈၅၀တန်ဟုပ်ပမလားအမကြီးရယ်
အနိမ့်ဆုံးစားအုန်းဆီတောင်၁၈၇၀ရှိတာကိုစျေးဝယ်၁၈၅၀တန်မရှိဘူးလားအမကဝယ်နေကျပါအမဝယ်ပြီးရင်မင်းကိုဘောင်ချာလာပြမယ်ကျွန်တော်အဲ့ဒါဆိုရင်တော့ကျေးဇူးပါအမကြီးရယ်ကျွန်တော်လဲဆီနမူနာကြည့်ရတာပေါ့ဆီပုံးတွေ
ဆိုင်ကယ်ပေါ်တင်ပြီးပြန်ထွက်သွားတယ်မကြာလိုက်ခဏနေတော့ပြန်ရောက်လာတယ်မောင်လေးရော့ဆိုပြီးဘောင်ချာပြတယ်ဟုပ်တယ်ဗျာပဲဆီရော၁၈၅၀နှမ်းဆီ
အရော၁၈၅၀တဲ့အမကြီးဆီလေးကြည့်ချင်လို့ဆိုတော့ကြည့်လေတဲ့အဲ့ဒါနဲ့
ဆိုင်ကယ်ပေါ်ကဆီပုံးကိုချဆီနည်းနည်းစီသွန်ပြီးနမ်းကြည့်လျှက်ကြည့်လိုက်တော့ခားသက်သက်ပူစပ်စပ်နဲ့ကော့စတစ်တွေနဲ့ချွတ်ထားတဲ့ဝါစေ့ဆီတွေဖြစ်နေလို့အမြန်ပလုပ်ကျင်းလိုက်ရတယ်ဟာအမကြီးဒီဆီတွေရောင်းတာလားကော့
စတစ်တွေနဲ့ချွတ်ထားတဲ့ဝါဆီတွေတော်တော်ဆိုးတယ်နော်လိုပြောတော့မတက်နိုင်ဘူးငါ့မောင်ရယ်အမတို့ရပ်ကွက်ထဲမှာကစျေးကလည်းမရရေသန့်တဘူးကို၁၀၀၀ဘဲရောင်းရတယ်ရေသန့်ဘူးခွန်ကလည်း၅၅ကျပ်သားဆံတယ်တချို့ဘူး
ခွန်ဆို၆၀ကျပ်သားဆံတယ်ဒါပေမယ်၅ဝကျပ်သားစျေးနဲ့ရောင်းပြီးဘူးအပြည့်ပေးရတယ်လူတွေကဆင်းရဲကျန်းမာရေးအသိကမရှိတဲ့အပြင်သူတပါးပစ္စည်းကိုအချောင်ပိုပြီးလိုချင်တဲ့စိတ်တွေရှိတဲ့ရက်ကွပ်ထဲမှာဒီလိုအနိုမ့်ဆုံးဆီမှမရောင်းရင်
ရောင်းလို့မရဘူးငါ့မောင်ရယ်တဲ့ကျွန်တော်ဘာမှပြန်မပြောနိုင်တော့ဟင်းလို့သက်ပြင်းချပြီးဆီပုံးတွေပြန်တင်ပေးလိုက်တယ်ဪဒုက်ခဒုက်ခသိတော့သိတယ်မကောင်းမှန်းသိတယ်သူများတွေရောင်းနေပေမယ့်ကိုယ်ကမကောင်းမှန်း
သိသိကြီးနဲ့မရောင်းချင်နှလုံးအထူးကုဆရာဝန်ကြီးတဦးပြောတာသတိရမိတယ်ဆီဆိုတာအရေအတွက်နည်းနည်းနဲ့သန့်သန့် ေကာင်းကောင်းလေးစားသင့်တယ်ဆီရဲ့သဘာဝကအစားများရင်အသည်းကိုဝန်ပိစေတယ်အဲဒီကြားတဲ့စားတဲ့ဆီကမသန့်
ဆီကမသန့်ရတဲ့အထဲ့ဆီပြန်ဟင်းဆီမြုပ်ဟင်းတွေချက်ပြီးမဆင်မချင်စားနေသမျှတော့အသဲခြောက်အသဲဆီဖုန်းအသဲကင်ဆာနှလုံးသွေးကြောကျဉ်းနှလုံးသွေးပိတ်
အဝလွန်လေဖြတ်စတဲ့ရောဂါတွေတခုမဟုပ်တခုဖြစ်မှာဘဲတဲ့ဟုပ်ပါတယ်နေစဉ်
စားနေကြအစားအစာတွေမှာမပါမဖြစ်တဲ့ဆီကိုအသိတရားမရှိပေါပေါချောင်ချောင်ညံညံတွေကိုမဆင်မချင်ပောပောသောသောစားနေသမျှတော့မိသားစုရဲ့
ပညာရေးစီးပွားရေးလူမူ့ရေးစတဲ့ဘဝဖွုံဖြိုးတိုးတက်ရေးတွေအတွက်သုံးစွဲရမယ့်
ချွေးနည်းစာတွေကိုဆေးရုံဆေးခန်းတွေမှာသူတို့မညှာမတာတောင်းသမျှစျေးဆစ်လို့မရဘဲပေးနေရအုန်းမှာပါဘဲ့အခုလည်းပြည်ပနိုင်ငံပေါင်းစုံကဝင်လာတဲ့ နေကြာဆီတွေပဲပိစပ်ဆီတွေစတဲ့ဆီမျိုးစုံကိုတွေရမှာပါဒါပေမယ်အဲဒီနေကြာဆီ
ပဲပိစပ်ဆီတွေမှာနေကြာစေ့ရဲ့ပဲပိစပ်ရဲ့သဘာဝအနံတွေနေကြာစေ့ရဲ့ပဲပိစပ်ရဲ့သဘာဝအရောင်တွေမရှိဘဲသဘာဝအရောင်အဆင်းအနံအရသာတွေကိုနည်းပညာနဲ့ချွတ်ထားလို့ဖြူဖတ်ဖြူရော်ဖြစ်နေတာကိုတွေ့ရမှာပါသဘာဝအရောင်အဆင်း
သဘာဝအနံအရသာတွေကိုချွတ်ထားပြီဆိုကတည်းကသဘာဝဆီတွေမှာပါတဲ့ဆေးဖတ်ဝင်တဲ့တချို့အာနိသင်တွေပြတ်ပြယ်ကုန်ပြီဆိုတာမမေ့ပါနဲ့နေကြာဆီမိုလို့
ပဲပိစပ်ဆီမို့လို့ဆိုပြီးဝယ်နေလည်းကျန်းမာရေးအတွက်မထူးခြားပါဘူးနောက်ပြီး
ပြည်ပကနေရေကြောင်းကုန်းကြောင်းအဆင့်ဆင့်လာပြီးဝန်ထမ်းတွေအများကြီးခန့်ကားတွေနဲ့ပတ်ရောင်းစတဲ့ကြော်ငြာတွေအထွေထွေဝန်ဆောင်ကုန်ကျစရိတ်
တွေအများကြီးသုံးထားတဲ့ပြည်ပကနေကြာဆီပဲပိစပ်ဆီတွေကပြည်တွင်းက
ပဲဆီသန့်၊နေကြာဆီသန့်နှမ်းဆီသန့်စတဲ့အထွေထွေဝန်ဆောင်မူ့ကုန်ကျစရိတ်အနည်းငယ်ဘဲရှိတဲ့ပြည်တွင်းမှာတင်ထုက်လုပ်တဲ့သဘာဝဆီစျေးထက်သက်သာနေတာကိုလည်းစဉ်းစားစေချင်ပါတယ်သဘာဝမြေပဲဆီသန့်နေကြာဆီသန့်နှမ်း
ဆီသန့်စတဲ့ဆီသန့်သန့်စစ်စစ်တွေကိုသုံးစွဲချင်ရင်တော့ဆီစက်လိပ်စာအပြည့်အစုံဆီအရောင်းဆိုင်လိပ်စာအပြည့်အစုံဖုန်းနံပတ်အပြည့်အစုံနဲ့သိက္ခာရှိရှိအာမခံအပြည့်အိမ်တိုင်ယာရောက်ဝန်ဆောင်မူ့အပြည့်Supermarketsတွေမှာပါ
အဆင့်ရှိရှိရောင်းချနေတဲ့ဆီစက်တွေဆီစက်ပိုင်တဲ့ဆီဆိုင်တွေအများကြီးရှိပါတယ်အမျိုးကောင်းသားသမီးများအထူးသဖြင့်အိမ်ရှင်မကောင်းများမိမိရဲ့ချစ်လှစွာသောမိဘခင်ပွန်းနှင့်သားသမီးများ၏စီးပွားရေး၊လူမူ့ရေး၊ပညာရေး၊တို့ကို
ပျော်ရွှင်စွာကြိုးစားပန်းစားလုပ်ဆောင်နိုင်ရန်အရေးကြီးသောကျန်းမာရေးအတွက်နေစဉ်စားသောက်နေရသောအစားအစာများမှာမပါမဖြစ်တဲ့ဆီကိုဓာတုဗေဒချွတ်ဆေးနှင့်အရောအနှောကင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောသဘာဝဆီသန့်သန့်
များကိုရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပါစဪစကားမစပ်ပြည်ပကနေစားအုန်းဆီတင်သွင်းရတာတနှစ်ကိုစားအုန်းဆီတန်ပေါင်း၅သိန်းနှင့်အထက်ဒေါ်လာသန်းပေါင်း၄၀၀ကျော်၅၀၀ဝန်းကျင်ဖိုးတင်သွင်းနေရပါတယ်ဗျာပြီးတော့အဲ့ဒီဆီ
တွေကိုမဆင်မချင်စားပြီးဖြစ်လာတဲ့ရောဂါတွေအတွက်ဆေးဝါးတွေထပ်ပြီးတင်သွင်းရပါသေးတယ်ဒီတော့ဗျာရွှေမြန်မာတို့ထပ်ခါထပ်ခါနာပါတယ်ဗျာမြန်မာပြည်သူပြည်သားအပေါင်းမသန့်တဲ့ဆီကြောင့်ဖြစ်သောရောဂါဆိုးမျာမှကင်းဝေး
ပြီးကိုယ်ကျန်းမာ၍စိတ်ချမ်းသာစေရန်ပြည်တွင်းမှသဘာဝမြေပဲနှင့်အသီးအနှံဆီများထုပ်လုပ်သောဆီစက်လုပ်ငန်းရှင်များပိုမိုထုပ်လုပ်နိုင်ရန်ဆီစက်လုပ်ငန်းရှင်များပိုမိုထုပ်လုပ်နိုင်ပြီးပြည်တွင်းအလုပ်အကိုင်များပေါများလာစေရန်ပြည်ပ
ဆီဆေးဝါးနှင့်သွင်းကုန်များလျော့နည်းပြီးမြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာစေရန်စသည့်စသည့်တို့ကိုရည်ရွယ်၍တက်သလောက်မှတ်သလောက်ရေးသားချင်းဖြစ်ပါသည်မှားတာပါရင်လည်းစေတနာအမှားမို့ခွင့်လွတ်ပါလိုတာရှိရင်လည်းအောက်ကဖြည့်ပေးပါစိတ်သဘောထားချင်းတိုက်ဆိုင်ရင်ရှဲပေးပါCrd