စက်သုံးဆီဈေးတစ်လီတာလျှင်ကျပ်၂ ထောင်အောက်အထိကျဆင်းဇူလိုင်၇/၂၀၂၂မြန်မာပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည်ယနေ့တွင်တစ်လီတာလျှင်ကျပ်၂ ထောင်အောက်အထိကျဆင်းသွားသည်ဟုသိရသည်

ရခိုင်ပြည်နယ်စစ်တွေမြို့တွင်ယခင်က92တစ်လီတာလျှင်၂၂ဝဝ ကျော်ရှိခဲ့ရာမှယနေ့ဇူလိုင်၇ရက်တွင်92တစ်လီတာလျှင်၁၉၇၅ကျပ်အထိကျဆင်းသွားခဲ့သည်ဟုစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှု

ကော်မတီ၏ထုတ်ပြန်ချက်အရသိရသည်အလားတူစစ်တွေတွင်95တစ်လီတာလျှင်ယခင်က ကျပ်၂၃ဝဝ ကျော်ရှိခဲ့ရာမှယနေ့တွင်၂ဝ၉၅ကျပ်အထိကျဆင်းသွားခဲ့သည်ရန်ကုန်မန္တလေးနှင့်နေပြည်တော်စသည့်မြို့ကြီးများတွင်လည်း

ယနေ့တွင်စက်သုံးဆီတစ်လီတာလျှင်ကျပ်၁၈ဝဝနှင့်၂ဝဝဝကြားသာရှိပြီးယခင်ရက်များထက် ဈေးနှုန်းကျဆင်းသွားသည်ဟုသိရသည်သို့ရာတွင်ရခိုင်ရှိစက်သုံးဆီအရောင်းဆိုင်ကြီးအချို့နှင့် ပြင်ပလမ်းဘေးဆိုင်ငယ်များတွင်တစ်လီတာလျှင်ကျပ်၂ ထောင်ကျော်ဈေးဖြင့်

ဆက်လက်ရောင်းချနေသေးသည်ဟုလည်းစက်သုံးဆီဝယ်ယူသုံးစွဲသူများက ပြောသည်စက်သုံးဆီသုံးစွဲသူများအနေဖြင့်စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီထံသတင်းပေးတိုင်ကြားနိုင်ကြောင်းထုတ်ပြန်ထားသည်။