ရွှေဈေး ကျပ်၂၇သိန်းအထက် ပြန်ရောက်၊ ရွှေဈေးပြန်တက်ချိန် ဈေးကွက်ထဲရောင်းလိုအားများနေအောက်တိုဘာ၅ဒီနေ့ရွှေဈေးကွက်စဖွင့်ချိန် အခေါက်ရွှေတစ်ကျပ်သားကိုကျပ်၂၇သိန်းအထက် ပြန်ရောက်လာပြီး ဈေးကွက်ထဲ
ရွှေဈေးပြန်တက်လာချိန် ရောင်းလိုအားများနေတယ်လို့ရန်ကုန်ရွှေဈေးကွက်ကနေသိရပါတယ်ဒီနေ့အောက်တိုဘာ၅ရက်နံနက်၁၀နာရီ ရွှေဈေးကွက်စဖွင့်ချိန် အခေါက်ရွှေတစ်ကျပ်သားကိုကျပ်၂၇သိန်းအထက်ဆိုင်ရောင်းဈေးဖြစ်ပြီး
ကျပ်၂၇သိန်းအောက် ပြန်ဝယ်ကာ၁၅ပဲရည်ကတော့ကျပ်၂၅သိန်းဝနျးကငျြမှာအရောင်းအဝယ်လုပ်တယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင်ရဲ့ ဈေးနှုန်းတွေအရသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဈေး ကျပ်၂၂သိန်းဝနျးကငျြအထိ
ကျခဲ့ပြီးအခုလိုရွှေဈေးပြန်တက်လာချိန်ဝယျလိုအားထကျ ရောင်းလိုအား ပြန်တက်လာသလိုသီတင်းကျွတ်ကာလနီးလို့အလှူအတန်းတွေလုပ်ဖို့ရန်ကုန်မြို့နဲ့ မန္တလေးမြို့က ရွှေဆိုင်တွေမှာ ရွှေထည်ရောင်းချမှုတွေများနေတယ်လို့YGEA
အသင်းကတော့ ပြောထားပါတယ်ဈေးကွက်ထဲမှာတော့စီးပွားရေးအခြေအနေတွေကြောင့် ရွှေစုဆောင်းလိုမှု လျော့ကျလာပြီးဝယျလိုအားထကျ ရောင်းလိုအားပိုမိုနေတဲ့အနေအထားဖြစ်တယ်လို့သိရပါတယ်