ရုပ်ရှင်ရုံများကိုကိုဗစ်စည်းကမ်းနှင့်အညီပြန်လည်ဖွင့်လှစ်ရာတွင်ငှားရမ်းထားသောရုပ်ရှင်ရုံများကိုဦးစားပေးဖွင့်လှစ်မည်ဖြစ်ကြောင်းရန်ကုန်အပါအဝင်နယ်မြို့များရှိပုဂ္ဂလိက

ရုပ်ရှင်ရုံလုပ်ငန်းရှင်များအနေဖြင့် ဖွင့်လှစ်ရန်အခက်အခဲရှိနေသေးကြောင်းလည်းသိရှိရသည်ရုပ်ရှင်ရုံဖွင့်တဲ့အခါလုံခြုံရေး ကိစ္စကိုထည့်သွင်းစဉ်းစားရသေးတယ်ဒါကြောင့်ကျွန်တော်တို့

ရုပ်ရှင်ရုံကိုတော့မဖွင့်သေးဘူး၊တစ်ခုခုဆိုရင်ဘယ်သူကတာ
ဝန်ယူမလဲဆိုတာတွေကတော့မေးခွန်းတွေပေါ့၊ဒါပေမဲ့လည်း ပြန်ဖွင့်နိုင်တဲ့ရုပ်ရှင်ရုံတွေကိုအခြေအနေစောင့်ကြည့်ရမှာပေါ့

စီးပွားရေးကလည်းမကောင်းနိုင်သေးပြီးတော့ရုပ်ရှင်ပြဖို့လ
ည်းပြသမဲ့ဇာတ်ကားအသစ်ထုတ်လုပ်မှုတွေကနည်းနေပြီဒါတွေကလည်းရှိနေသေးတယ်ဟုအမည်မဖော်လိုသောရုပ်ရှင်

လောကသားတစ်ဦးကရန်ကုန်တိုင်းမ်ကိုပြောသည်အောက်
တိုဘာလ၁၁ရက်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သောရန်ကုန်တိုင်းအတွင်းရှိနိုင်ငံပိုင်ရုပ်ရှင်ရုံ၁၃ရုံနှင့်

ပတ်သက်၍တာဝန်နှင့်ဝတ္တရားများလွဲပြောင်းသည့်စာချုပ်
(Deed of Assignment)ချုပ်ဆိုခြင်းအခမ်းအနားတွင်ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်

မောင်အုန်းကရုပ်ရှင်ရုံများပြန်ဖွင့်ရန်ပြောကြားခဲ့ခြင်းလည်းဖြစ်သည်ရုပ်ရှင်သည်ပြည်သူ့အတွက်ဟူသောဆောင်ပုဒ်နှင့်အညီပြည်သူများစိတ်နှလုံးရွှင်မြူးအောင်ပျော်ရွှင်မှုပေး

ရာတွင်ရုပ်ရှင်ရုံများ၏အခန်းကဏ္ဍမှာအရေးကြီးကြောင်းရုပ်
ရှင်ရုံများဖွံဖြိုးတိုးတက်ရေးရုပ်ရှင်အနုပညာပြန်လည်နိုးထစေရေးရုပ်ရှင်ရုံများအဆင့်မြှင့်တင်ရေးတို့အတွက်ဝိုင်းဝန်း

ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းပြည်ထောင်စုဝန်ကြီးကဆိုသည်ယခုအခါအနုပညာရှင်များအနေဖြင့်ကိုဗစ်စည်း
ကမ်းများနှင့်အညီရိုက်ကူးရေးလုပ်ငန်းအချို့ကိုပြန်လည်

လုပ်ကိုင်နေကြသူများလည်းရှိနေကြောင်း၊ယင်းကြောင့်ပြသမှုလုပ်ငန်းများပြန်လုပ်နိုင်ရန်ကိုဗစ်စည်းကမ်းချက်များနှင့်အညီပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးလျက်ရှိကြောင်း

သိရသည်မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောကိုဗစ်၁၉ပထမလှိုင်းကာလ၊ပြီးခဲ့သည့်၂၀၂၀ပြည့်နှစ်မတ်လ၁၆ရက်မှစ၍ရုပ်ရှင်ရုံများဖွင့်လှစ်ပြသခြင်းများရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်
YangonMediaGroup