ရက်ရှည်မိုးများစွာရွာသွန်းမှုကြောင့်ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်လာနိုင်သောနေရာများကြိုတင်သတိပေးချက်ထုတ်ပြန်ပေးငြ်း၃.၇.၂၀၂၂ မွန်းလွဲ၁နာရီ၃၉မိနစ်ပြီးခဲ့တဲ့လ၂၈ရက်နေ့ကတည်းကကြိုတင်ခန့်မှန်းပေးထားခဲ့ပြီးဖြစ်ပါတယ်

ယခုခန့်မှန်းချက်သည်အနီးကပ်ထပ်မံအသိပေးခြင်းသာ ဖြစ်ပါတယ်ခင်ဗျာယနေ့မှစပြီးနောက်၂၄နာရီအတွင်းအနောက်တောင်လေစီးများသို့မဟုတ်မုတ်သုံလေဟာကပ္ပလီပင်လယ်ပြင်မှဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအထိအောင်အား

ကောင်းရာမှအားအလွန်ကောင်းလာနိုင်ပါတယ်ထိုဖြစ်စဉ်ကြောင့်ယနေ့၃ရက်နေ့မှစပြီး၁၀ရက်နေ့အတွင်းနေရာဒေသအချို့မှာနေရာကွက်ပြီးမိုးကြီးနိုင်လာပါတယ်မိုးကြီးနိုင်သောနေရာများကတော့မွန်ပြည်နယ်ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း

ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးရခိုင်ပြည်နယ်တောင်ပိုင်း၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင်မိုးများစွာရွာသွန်းကာ နေရာကွက်ပြီးမိုးကြီးနိုင်လာပါတယ်အထူးသဖြင့်၆ရက်နေ့မှ၁၀ရက်နေ့အတွင်းမှာတော့

မွန်ပြည်နယ်၊ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင်မိုးများစွာရွာသွန်းနိုင်ကာ ဒေသနှင့်အလိုက်မိုးကြီးတာနဲ့နေရာကွက်ပြီးမိုးကြီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ယခုတစ်ပတ်ထဲမှာမကွေးတိုင်းဒေသကြီးအလယ်ပိုင်းနှင့်မန္တလေးတိုင်းဒေသကြီးအလယ်ပိုင်းတို့မှာတော့နေရာကျဲကျဲလောက်သာမိုးရရှိအုံးမှာဖြစ်ပါတယ်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာတော့နေရာဒေသအပေါ်မှုတည်ပြီးနေရာ

စိပ်စိပ်မှနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်မိုးကြီးနိုင်သောနေရာများမှာရေစီးရေလာကောင်းအောင်ပြုလုပ်ထားကြဖို့နဲ့စိုက်ပျိုးရေးသမားများအနေနဲ့သီးနှံပင်များပျက်စီးမှုမရှိအောင်ကြိုတင်အစီအမံများလုပ်ဆောင်ထားကြဖို့ကို

လည်းအကြံပြုတင်ပြလိုပါတယ်ခင်ဗျာထူးခြားမိုးလေဝသအခြေအနေများရှိလာပါကUpdateသတင်းများကိုအချိန်နှင့်တစ်ပြေးညီဆက်လက်တင်ပြပေးသွားမည်ဝေဖြိုးဟန်လေကြောင်းမိုးလေဝသ