အခြေခံပြည်သူလူထုအခက်တွေ့စေတဲ့ကုန်ဈေးနှုန်း၊စက်သုံးဆီဈေးကြီးမြင့်မှုဂယက်ဆောင်းပါးမြန်မာနိုင်ငံမှာကျပ်ငွေ
တန်ဖိုးကျဆင်းခဲ့တာကြောင့်အဓိကတင်သွင်းကုန်တွေ




ဈေးတက်နေပြီးစက်ဆီကနေစားဆီအထိအခြေခံကုန်ပစ္စည်းတွေကိုဝယ်ယူသုံးစွဲနေရတဲ့ပြည်သူအများစုအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးအပတ်မှာ
အမေရိကန်ဒေါ်လာဈေးထိုးတက်ခဲ့ပြီးတဒေါ်လာကိုကျပ်
၂,၇၀၀အထိစံချိန်တင်တက်သွားခဲ့ပါတယ်အထူးသဖြင့်နိုင်ငံခြားကနေတင်သွင်းရတဲ့လောင်စာဆီနဲ့စားသုံးဆီဈေး
တွေထက်ဝက်နီးပါးဈေးတက်သွားခဲ့ပါတယ်စက်သုံးဆီဈေး
နှုန်းကြီးမြင့်မှုတွေကြောင့်အငှားယာဉ်မောင်းလုပ်ကိုင်နေတဲ့သူတွေဝင်ငွေသိသိသာသာထိခိုက်ခဲ့ရပါတယ်တောင်ဒဂုံမြို့နယ်
မှာနေထိုင်တဲ့အငှားယာဉ်မောင်းသမားဖြစ်သူဦးဇင်ဖြိုးဟာ နေ့စဉ်ကားပိုင်ရှင်ကိုပေးသွင်းရတဲ့အုံနာခနဲ့ဆီဈေးကြီးမြင့်မှုတွေကြောင့်မိသားစုစီးပွားရေးထိခိုက်မှုတွေရှိနေတယ်လို့
ဆိုပါတယ်အုံနာခကတစ်နေ့ကိုခုနှစ်ထောင်ပေးရတယ်အရင်ကတစ်သောင်းပေးရတာကိုဗစ်ကာလခရီးသည်တွေမရတဲ့တည်းကခုနှစ်ထောင်ကိုလျှော့ပေးထားတာအခုလည်းဆီဈေး




ကြီးတာနဲ့အရင်လိုကားငှားစီးမယ့်လူနည်းသွားတာနဲ့ဆိုတော့ အုံနာခလျှော့ပေးလည်းမကိုက်ပါဘူးတနေ့တနေ့ကိုဆီဖိုးနဲ့အုံနာခတောင်မနည်းရှာနေရတယ်လို့သူကပြောပါတယ်မိသားစု
ဝင်လေးဦးရှိတဲ့သူတို့အိမ်မှာအငှားယာဉ်မောင်းကရတဲ့ဝင်ငွေတစ်ခုတည်းနဲ့ရပ်တည်နေရတာပါသားတစ်ယောက်၊သမီးတစ်ယောက်ကလည်းကျောင်းသားအရွယ်သာရှိသေးတာကြောင့်
ဝင်ငွေရတဲ့အလုပ်ကိုမလုပ်နိုင်သေးပါဘူးလကုန်ပြီဆိုရင်အိမ်ငှားခကပေးရဦးမယ်အခုလိုအစစအရာရာအဆင်မပြေရှားပါးနေတဲ့အချိန်တွေအမြန်ပြီးဆုံးနေချင်ပြီဗျာလို့သူကဆိုပါတယ်

နိုင်ငံရေးအပြောင်းအလဲ မဖြစ်ပေါ်မီကာလကဓာတ်ဆီတလီတာကျပ်၆၀၀ကျော်ဝန်းကျင်ကနေအခုချိန်မှာ၁,၅၀၀ ကျော်ထိတက်သွားတာကြောင့်အငှားယာဉ်မောင်းလုပ်ကိုင်သူ
တွေအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါဆီဈေးတက်ပေမယ့် ငှားစီးတဲ့ခရီးသည်တွေကကျသွားနေကျအတိုင်းပဲပေးတာတ
ချို့ကျနားလည်ပြီးအရင်ထက်တစ်ထောင်လောက်တိုးပေး
တာရှိပါတယ်ငှားစီးတဲ့သူတွေကလည်းမဖြစ်သာလို့သာစီးနေကြရတာ။သူတို့လည်းအလုပ်အကိုင်တွေကကောင်းတာမ
ဟုတ်ပါဘူးအားလုံးကဒီကာလမှာခက်ခဲနေကြတာပါပဲ
အထွေထွေ ကုန်ဈေးနှုန်းတွေကိုထိန်းထားနိုင်ဖို့အတွက်စီးပွား
ရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးအသင်းတို့ပူးပေါင်းပြီးစက်တင်ဘာ၂၂ ရက်
ကစလို့စက်သုံးဆီကိုပြင်ပဈေးထက်နည်းတဲ့နှုန်းနဲ့ရောင်းချ
ပေးနေပေမယ့်ပြင်ပဈေးကွက်မှာဓာတ်ဆီတလီတာကိုငွေကျပ်၁၅၀၀ဝန်းကျင်ထိရှိနေတာဖြစ်ပါတယ်စီးပွားရေးနဲ့
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဲ့မြန်မာနိုင်ငံဆီကုန်သည်
နဲ့ဆီလုပ်ငန်းရှင်များအသင်းတို့ရဲ့ပူးပေါင်းစီစဉ်မှုနဲရန်ကုန်
တိုင်းအတွင်းမှာစားအုန်းဆီတစ်ပိဿာလျှင်၃၇၀၀ကျပ်နှုန်း
ဖြင့်ပိဿာ၃၈၀၀၀ကျော်ကိုလေးရက်အတွင်းရောင်းချပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရန်ကုန်တိုင်းအတွင်းမှာစားအုန်းဆီတစ်ပိဿာလျှင်၃၇၀၀ကျပ်နှုန်းနဲ့စက်တင်ဘာ၂၀ရက်နေ့မှစတင်
ရောင်းချခဲ့တယ်လို့သိရပါတယ်ဒီလိုရောင်းချရာမှာရပ်ကွက်များအတွင်းသို့ဈေးကားများနဲ့လှည့်လည်ရောင်းချပေးလျှက်ရှိပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းဆက်လက်
ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာနိုင်
ငံခြားငွေလဲနှုန်းမြင့်တက်နေတာကြောင့်စားသုံးဆီဈေးနှုန်းအဆမတန်လိုက်ပါမြင့်တက်ခြင်းမရှိစေအောင်ဗဟိုဘဏ်
ကစားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကိုတိုက်ရိုက်ရောင်းချပေးခဲ့တဲ့နိုင်ငံခြားငွေနဲ့ညီမျှတဲ့စားအုန်းဆီတွေကိုလက်ကားဈေးတစ်ပိဿာလျှင်၃၇၀၀ကျပ်နှုန်းနဲ့ရောင်းချပေးနေတာဖြစ်




ပါတယ်ဒီလိုရောင်းချရာမှာလက်လီလက်ကားတစ်ဆင့်ပြန်
လည်ရောင်းချသူတွေအနေနဲ့အကျိုးအမြတ်၂ရာခိုင်နှုန်းထက်မပိုဘဲစားသုံးသူပြည်သူကိုပြန်လည်ရောင်းချရမှာဖြစ်တယ်
လို့မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်စက်တင်ဘာ၃၀ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြည်တွင်းမှာဒေါ်လာ
ဈေးမြင့်တက်နေတာကိုဖြေရှင်းဖို့အတွက်ဗဟိုဘဏ်ကနေ ဒေါ်လာတွေထုတ်ရောင်းပေးနေပေမယ့်လိုအပ်သလောက်
ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ပြန်ကြားရေးဒုဝန်ကြီး
ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားထားပါတယ်ဒါ့အပြင်စက်တင်ဘာလ၃ရက်နေ့မှာလည်းပို့ကုန်ရငွေတွေထဲကမာ
သုံးတဲ့နိုင်ငံခြားငွေကိုလေးလအတွင်းဘဏ်တွေကိုမဖြစ်မနေ




ပြန်ရောင်းဖို့ဗဟိုဘဏ်ကအမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံဟာစီးပွားရေးအထိခိုက်ဆုံးနိုင်ငံတွေထဲမှာပါပြီးအလုပ်လက်မဲ့နှုန်းနဲ့ဆင်းရဲနွမ်းပါးသူတွေပိုများလာပြီးနိုင်ငံ့
စီးပွားရေးကလည်း၁၈ရာခိုင်နှုန်းအထိကျုံ့သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်