တစ်လအကြာတွင်၁၀သိန်းကျပ်အထိ ရွှေဈေး ပြန်ကျပြီးခဲ့သည့်ဩဂုတ်တတိယပတ်အတွင်းက ပြည်တွင်း ရွှေဈေးကွက်တွင်တစ်ကျပ်သား(၃၇)သိန်းအထိ ဈေးတက်ခဲ့သည့်အခေါက်ရွှေဈေးနှုန်းသည်ယနေ့စက်တင်ဘာလ(၂၇)
ရက်တွင်တစ်ကျပ်သား(၂၇)သိန်းအထိကျဆင်းသွားခဲ့ကြောင်းသိရသည်ယခင်လအတွင်းက ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုကိုအကြောင်းပြကာ ဈေးကစားမှုများနှင့် ဈေးပြိုင်ပေးကာ ဈေးနှုန်းဆွဲတင်ကြသဖြင့် ရွှေဈေးအဆမတန်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင်အဆိုပါရွှေဈေးနှုန်း မြင့်တက်မှုကိုထိန်းကြောင်းသည့်အနေဖြင့်ရန်ကုန်၊မန္တလေး၊ နေပြည်တော်တို့တွင် ရွှေဒင်္ဂါးများထုတ်ရောင်းပေးနေပြီး(၁၆)ရက်နေ့အထိစာရင်းအရအလေးချိန်၎ပိသာကျော် ရောင်းချခဲ့ပြီး ဖြစ်သည်ဟုသိရသည်
ဒေါ်လာဈေးနှုန်းပါတအိအိဖြင့် ပြန်လည်ကျဆင်းလာသည့်အတွက် ရွှေဈေးနှုန်းများမှာယနေ့တွင်(၁၀)သိန်းကျပ်အထိကျဆင်းခဲ့ခြင်း ဖြစ်သည်ယနေ့ စက်တင်ဘာလ(၂၇)ရက်ရန်ကုန် ရွှေဈေးကွက်အတွင်းအရောင်းအဝယ်ပြုလုပ်သည့် ရွှေဈေးနှုန်းများမှာ
၁၆ပဲရည် ခေါက်ရွှေတစ်ကျပ်သားလျင်(၂၇)သိန်းကျပ်ဖြင့် ရောင်းချလျက်ရှိပြီးတစ်ကျပ်သားဝယ်ဈေးမှာ(၂၆၇၀၀၀၀)ကျပ် ဖြစ်ကြောင်းရန်ကုန်မြို့ရှိ ရွှေအရောင်းကောင်တာတစ်ခုမှသိရသည်၁၅ပဲရည်ရွှေတစ်ကျပ်သားလျင်၂၅၄၁၂၀၀ကျပ်ဖြင့်ရောင်းချပေးနေပြီး
ဝယ်ဈေးမှာ(၂၅၀၀၀၀၀)ကျပ်ဝန်းကျင် ဖြစ်ကြောင်းသိရသည်ယနေ့ရန်ကုန်တိုင်း ရွှေအသင်း၏ရည်ညွှန်း ဈေးနှုန်းမှာအခေါက်ရွှေတစ်ကျပ်သားလျင်(၁၉၂၈၀၀၀)ကျပ် ဖြစ်ပြီးကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျင်အမေရိကန်ဒေါ်လာ(၁၆၃၄) ဒေါ်လာ ဖြစ်ကြောင်းသိရသည်။ယနေ့ ပြည်တွင်း နိုင်ငံခြားငွေ ငွေလဲဈေးကွက်တွင်
အမေရိကန်တစ်ဒေါ်လာလျင်၃၁၃၀ကျပ် ဖြင့်အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရသည်မြန်မာနိုင်ငံဗဟိုဘဏ်မှသတ်မှတ်ထားသည့်ရည်ညွှန်း ငွေလဲနှုန်းမှာတစ်ဒေါ်လာလျင်(၂၁၀၀)ကျပ်ဖြစ်ပြီးအဆိုပါ နှုန်းနှင့်၃ရာခိုင်နှုန်းသာကွာဟ ရောင်းဝယ်ကြရန် ညွှန်ကြားထားသော်လည်းလက်ရှိအချိန်ထိ၁၀၀၀ကျပ်ဝန်းကျင်ကွဟနေဆဲ ဖြစ်သည်