သန်မာပြီး ပွင့်ဖတ်တွေကြီးတဲ့ နှင်းဆီပန်းတွေဖြစ်စေဖို့ဆားခါးကိုဒီလိုသုံးပေးပါဆားခါးကို နှင်းဆီပန်းစိုက်ပျိုးသူတွေကလွန်ခဲ့တဲ့ နှစ်ရှည်ကာလတွေထဲကအသုံးပြုခဲ့ကြပါတယ်။ဆားခါးမှာအပင်အတွက်မရှိမဖြစ်လိုအပ်တဲ့ အနည်းလို
အာဟာရဓာတ်တွေဖြစ်တဲ့မဂ္ဂနီဆီယမ်နဲ့ဆာလဖာလို့ ခေါ် တဲ့ကန့်ဓာတ်တွေပါဝင်ပါတယ်ဆားခါးဟာ နှင်းဆီပင်တွေကိုအပွင့်ကြီးကြီးတွေပွင့်စေဖို့ကူညီရုံမျှမကအပင်ခြေကနေပင်စည်အသစ်တွေကြီးထွားဖို့ကိုလည်းအထောက်အကူပေးပါတယ်။
ဒါ့အပြင်အရွက်တွေပိုမိုရင့် မှောင်စေဖို့အတွက်ကလိုရိုဖီးလ်ကိုလည်းတိုးမြှင့်ထုတ်လုပ်ပေးပါတယ်သီးနှံစိုက်ပျိုးရေးမှာဆားခါးကိုအသုံးပြုခြင်းအားဖြင့်မျိုးစေ့တွေကိုအညှောင့်ပေါက်ကောင်းမွန်စေခြင်းအပင်အတွက်လိုအပ်တဲ့အာဟာရ
ဓာတ်စုပ်ယူမှုတိုးမြှင့်စေခြင်းအသီးအပွင့်ဖြစ်ပေါ်မှုကိုအားပေးခြင်းအရွက်များကိုပိုမိုစိမ်းစေခြင်းပိုးမွှား ကျရောက်ဖျက်ဆီးမှုကိုဟန့်တားပေးခြင်းအသီးအရသာကိုပိုမိုကောင်းမွန်စေခြင်းအပင်ကြီးထွားမှု မြန်ဆန် စေခြင်းစတဲ့
အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်ဒီလိုပဲနှင်းဆီစိုက်ပျိုးရေးမှာဆားခါးအသုံးပြုခြင်းအားဖြင့်အပင်တွေကိုပိုမိုစိမ်းလန်းစေပြီး၊ပန်းပွင့်များများပွင့်စေတဲ့အပြင်ပန်းပွင့်အ ရောင်အသွေးတွေကိုလည်းပိုမို တောက်ပစေပါတယ်
ဒါ့အပြင်ပန်းပွင့်အရွယ်အစားကိုလည်းပိုမိုကြီးမားစေပြီး နှင်းဆီပင်အတွက် အကျိုး ပြုပေးတဲ့ ဆားခါးအသုံးပြုခြင်းကို မျှဝေပေးလိုက်ပါတယ် ခင်ဗျာစတင်စိုက်ပျိုးချိန် မြေခံမှာကတည်းက အသုံးပြုနိုင်ပါတယ်ဆားခါးလက်တစ်ဆုပ်စာသာသာခန့်ကို စိုက်ပျိုးမယ့်အပင်စိုက်ပျိုးမယ့်ကျင်း
တစ်ဝိုက်မှာ ကြဲပြီး မြေဆွပေးပါဒါမှမဟုတ်စိုက်ကျင်းထဲမှာဆားခါးစားပွဲတင်ဇွန်း (၁)ဇွန်း၊ နွားချေး၊မြေဆွေးကိုကျင်းစာကျွေးထားပြီး အပင်စိုက်ပျိုးလို့လည်းရပါတယ်ဆားခါးစားပွဲတင် ဇွန်း(၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီးအမြစ်စိမ်စိုက်ပျိုးနိုင်ပါတယ်။
စိုက်ပျိုးပြီးတဲ့ နှင်းဆီပင်မှာအတက်သစ်လေးတွေထွက်လာတဲ့အချိန်ပြီးတော့ပန်းစပွင့်တဲ့အချိန်တွေမှာ ကျွေးပေးပါတစ်ပေပတ်လည်မှာစားပွဲတင်ဇွန်း(၁)ဇွန်းကို(၂)ပတ်တစ်ကြိတ်ကျွေးနိုင်ပါတယ်ဒီလို ကျွေးပြီးသွားရင်ရေဝအောင်လောင်းပေးဖို့လိုပါတယ်
ဒါမှသာအာဟာရဓာတ်တွေ ကောင်းကောင်း ပျော်ဝင်ပြီးအပင်လည်း ကောင်းကောင်းစုပ်ယူနိုင်မှာဖြစ်ပါတယ်ရွက်ဖျန်းအနေနဲ့အသုံးပြုချင်ရင်တော့ ဆားခါးစားပွဲတင်ဇွန်း(၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီး အပင်ခြေမှ (၁)ပေအမြင့်အတွင်းမှာပက်ဖျန်းပေးနိုင်ပါတယ်။
ဒါ့အပြင်အရွက်တွေကြီးထွားဖွံဖြိုးချိန်နဲ့ပန်းစပွင့်တဲ့အချိန်တွေမှာရွက်ဖျန်းအနေနဲ့ပက်ဖျန်းအသုံးပြုနိုင်ပါတယ်ဆားခါးကိုအလွန်အကျွံသုံးစွဲမိတယ်ဆိုတာမျိုးမဖြစ်နိုင်သလောက်ဆားခါးဟာမျှတတဲ့pHရှိတာကြောင့်မြေဆီလွှာကိုမထိခိုက်စေနိုင်ပါ။
နှင်းဆီပန်းပွင့်တဲ့အချိန်မှာအရွက်မျက်နှာပြင်တွေမှာအဝါရောင်အစက်အ ပြောက်လေးတွေဆိုးဆိုးဝါးဝါးဖြစ်နေတာကို တွေ့ဖူးမှာပါဒါကအပင်မှာမဂ္ဂနီဆီယမ်ချို့တဲ့တဲ့လက္ခဏာဖြစ်ပါတယ်ဒီလိုပြဿာနာတွေကိုလည်းဆားခါးအသုံးပြုပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်