ဖတ်ကြည့်နော်လူတယောက်နေစရာမရှိတုန်းကသူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းကသူ့အိမ်မှာပေးနေလိုက်တယ်စစချင်းနေခွင့်ရတုန်းကတော့အရမ်းကျေးဇူးတင်သွားတာပြောင်းစေချင်တဲ့အခါအချိန်မရွေးပြောပါပြောင်းပေးပါ့မယ်ဆိုပြီး
အာမတောင်ခံလိုက်သေးအနေလည်းကြာလာတော့သူများအိမ်ကိုသူ့အိမ်လိုစိတ်ထဲမှာမှတ်ယူလာတော့တယ်အချိန်တန်လို့ပြောင်းပေးဖို့ပြောတော့မကျေမနပ်တွေဖြစ်လာတယ်တချိန်ကနေခွင့်ပေးခဲ့တဲ့ကျေးဇူးဆိုတာကိုသတိရဖို့မပြောနဲ့
ကျေးဇူးရှင်ကိုတောင်ရန်သူတယောက်လိုမြင်သွားတယ်သူငယ်ချင်းတစုအတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်စေတနာကောင်းတဲ့သူငယ်ချင်းကချက်ပြုတ်ကျွေးတယ်အစတုန်းကတော့ချက်ကျွေးတာကိုကျေးဇူးတွေတင်နေကြတယ်
ကြာလာတော့ချက်ပြုတ်ကျွေးတာကိုသူကပဲမဖြစ်မနေလုပ်ရမည့်တာဝန်တစ်ခုလိုမြင်လာကြတယ်။အကြောင်းကြောင်းကြောင့်ချက်မကျွေးဖြစ်တဲ့အခါချက်ကျွေးခဲ့တာတွေကျေးဇူးတင်ဖို့နေနေသာသာချက်မကျွေးရကောင်းလားဆိုပြီး
ငြိုငြင်လာကြတယ်လူတယောက်အပြင်သွားတဲ့အခါတိုင်းသစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။နောက်တော့လမ်းဘေးကတွေ့နေကျခွေးတကောင်ကိုသနားလို့အနီးနားကအပင်တပင်အောက်မှာအမြဲတမ်းအစာခေါ်ခေါ်ကျွေးလိုက်တာ
အရင်ကအဲ့ဒီသစ်ပင်နားတခါတလေတွေ့ရတုန်းကလူမြင်တိုင်းအမြဲတမ်းကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာအပင်အောက်မှာအစာလာစားတာကြာလာတော့အဲ့ဒီသစ်ပင်ကိုသူပိုင်တယ်လို့ထင်သွားပုံရတယ်နောက်ပိုင်းကျတော့
အပင်နားရောက်လာတဲ့တွေ့တဲ့သူတိုင်းကိုဟောင်တော့တာပဲကုမ္ပဏီတခုမှာအလုပ်သမားတွေအလုပ်နောက်ကျလို့မရဘူးဆိုတဲ့စည်းကမ်းရှိတယ်တခါတလေနောက်ကျတာကိုသနားသဖြင့်ခွင့်လွှတ်ပေးထားတယ်။အစတုန်းကတော့ကုမ္ပဏီကို
နားလည်မှုရှိတယ်ဆိုပြီးကျေးဇူးတင်ကြတာကြာလာတော့သူတို့ဟာနောက်ကျခွင့်ရှိတယ်လို့မြင်လာပြီးအမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်နောက်ကျဖန်များလာလို့နောက်မကျဖို့ပြောတဲ့အခါကျတော့အရင်ကပေးခဲ့တဲ့
အခွင့်အရေးတွေကိုကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲသူတို့ရဲ့ရပိုင်ခွင့်ကိုတောင်ချိုးဖောက်တယ်လို့မြင်လာကြတယ်လူတွေရဲ့အကျင့်ကအမြဲတမ်းပေါပေါများများရနေပြီဆိုရင်အဲ့ဒါကိုကျေးဇူးတင်စရာလို့မထင်တော့ဘူးတခါတလေ
ရခဲတဲ့အရာမျိုးလောက်ပဲကျေးဇူးတင်တတ်ကြတာမျိုးမိဘနဲ့သားသမီးဆရာနဲ့တပည့်အလုပ်ရှင်အလုပ်သမားသူငယ်ချင်းကြာချစ်သူကြားမိတ်ဆွေကြားအသင်းအဖွဲ့တွေကြားစသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာပေးသင့်
သလောက်ပဲပေးရတယ်အမြဲတမ်းပေးတော့မယ်ဆိုလည်းကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲပေးသင့်တယ်လိုတာထက်ပိုတဲ့အခွင့်အရေးမျိုးပေးမိလျှင်ကြာလာတဲ့အခါရပိုင်ခွင့်လို့ထင်သွားကြတယ်တချိန်ချိန်မှာကိုယ်ကအခွင့်အရေးတွေဆက်
မပေးနိုင်တော့တဲ့အခါကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင်သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ထင်လာတတ်ကြတယ်ကိုယ်ကပဲမှားနေတယ်လို့လည်းသူတို့က မြင်လာကြတယ်အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ကျေးဇူး
တင်စရာတွေထက်အနည်းငယ်သောအလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာအမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်ဒါကြောင့်ပေးဆပ်ဖို့စဉ်းစားတိုင်းမှာတချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုသေးတယ်မဟုတ်ရင်
အဲ့ဒီစေတနာတွေဟာအဆုံးမှာစော်ကားစရာအဖြစ်သာကျန်နေလိမ့်မယ်စကားတစ်ခုရှိတယ်လူသားတွေကျေးဇူးကန်းတဲ့အခါနတ်ဘုရားတွေတောင်ဘုရားပြန်တနေရတာမျိုးမူရင်းရေးသားသူကိုလေးစားလျက်