ဖတ်ကြည့်ပါကင်းမြီးကောက်ပမာသားသမီးတွေမဖြစ်ပါစေနဲ့ကင်းမြီးကောက်မိခင်တွေရဲ့သဘောသဘာဝကကလေးပေါက်ဖွားပြီးတဲ့နောက်မှာမိမိကလေးတွေကိုမိမိခန္ဓာကိုယ်မှာတက်ခိုင်းထားတာပါပဲကင်းမြီးကောက်အပေါက်လေးတွေဟာ

ကင်းမြီးကောက်မိခင်ကြီးရဲ့ကိုယ်မှာနေရင်းနဲ့ကင်းမြီးကောက်မိခင်ရဲ့ကိုယ်ကအသားတွေကိုတဖြေးဖြေးစားလိုက်ကြတယ်သူတို့အမေလည်းသေရောသူတို့လေးတွေလည်းကြီးလာရောပေါ့သူတို့ကိုယ်တိုင်လည်းသွားနိုင်လာနိုင်ရုံမကရှာဖွေစား
သောက်နိုင်နေပြီပေါ့

ဘယ်လောက်ထိကင်းမြီးကောက်မကြီးရဲ့ကိုယ်ကအသားတွေကိုစားသလည်းဆိုရင်ကင်းမြီးကောက်မကြီးသေဆုံးသွားတဲ့အထိပေါ့ယနေခေတ်လူတွေရဲအခြေအနေကလည်းအဲ့ဒီကင်းမြီးကောက်ပေါက်လေးတွေလိုဖြစ်နေတယ်မိဘဖြစ်သူကဘဝတလျှောက်လုံးကိုယ့်သားတွေသမီးတွေအတွက်မိမိဘဝကို

သွေးချွေးရင်းပြီးပြုစုပျိုးထောင်ကြတယ်ဒါပေမယ့်သားတွေသမီးတွေကြီးလာတဲ့အခါကိုယ်စီကိုယ်စီအိမ်ထောင်ပြုလိုက်ကြတယ်ဒီလိုနဲ့မိဘတွေလဲအသက်အရွယ်တေကြီးလာတော့ထိုအခါတချို့သားသမီးတွေကမိဘတေကိုပြောကြသေးတယ်

အမေတို့အသုံးမကျလို့အဖေတို့အသုံးမကျလို့ကျနော်ကျမတို့ဘဝဒီလိုဖြစ်နေတာတဲ့သနားစရာအသက်ရွယ်ကြီးလာတဲ့မိဘတွေကိုပြန်လည်မစောင့်ရှောက်တဲ့အပြင်ပြစ်ထားလိုက်ကြတယ်အဲ့ဒီလိုသားသမီးတွေဟာကင်းမြီးကောက်တွေနဲ့ပမာတူညီပါတယ်ကင်းမြီးကောက်လိုသားသမီးမဖြစ်စေနဲ့




