မိန်းမများကမှီခိုမဟုတ်ပါလူပိုလည်းမဟုတ်ပါမနက်လင်းပြီဆိုကတည်းကအစောဆုံးထရတဲ့သူတို့အကုန်လုံးကိုလိုက်နှိုးရတဲ့သူတို့နာရီတွေကမှဓာတ်ခဲကုန်ရင်ရပ်ဦးမယ်သူတို့ရဲ့ မေတ္တာသံပတ်ကတော့ဘယ်တော့မှမကုန်ဘယ်တော့မှ
မရပ်သက်ရှိနှိုးစက်တွေဟာဆယ့်နှစ်လရာသီအိမ်တိုင်းမှာကြည်ကြည်သာသာမြည်လို့ဗိုက်ထဲကိုအစာပူပူနွေးနွေးဝင်သွားဖို့အရေးထမင်းဘူးကိုယ်စီဖွယ်ဖွယ်ရာရာ ပါသွားဖို့အရေးဘယ်သူဘယ်အချိန် ဘာလုပ်ရမလဲဆိုတာ
ကာယကံရှင်က မေ့ချင်မေ့မယ်သူတို့ခေါင်းထဲမှာတော့အမြဲအစီအရီအမြဲ ပြေးပြေးလွှားလွှားအမြဲဇယ်ဆက်သလိုအဝတ်တွေဖြူဖြူဖွေးဖွေးဝတ်ရဖို့တစ်အိမ်သားလုံး ကျန်းကျန်းမာမာဖြစ်ဖို့စားသမျှအာဟာရပါဖို့သောက်သမျှ အရသာရှိဖို့
ရေမလာလို့မီးမလာလို့နာရေးသွားမေးဖို့သာရေးသွားကူဖို့သူတို့ဟာသူတို့နိုင်ငံလေးရဲ့သမ္မတပဲစီမံခန့်ခွဲစဉ်းစားဆုံးဖြတ်ဘယ်ဖက်ကမှမလိုအပ်ခဲ့ကြဘူးဆရာဝန်တစ်ယောက်က ဆေးပဲကုတာကျောင်းဆရာတစ်ယောက်က
စာပဲသင်တာစားဖိုမှုးတစ်ယောက်ကဟင်းပဲချက်တာသူတို့ကတော့အဲဒီ့အလုပ်တွေကိုသူတို့အိမ်သားတွေအတွက်အကုန်လုပ်ကြတာကြွပ်ကြွပ်အိပ်လိုချင်ရင်ကအစသားရေပင်ဘယ်မှာရှိတယ်အဆုံးဆေးပုလင်းဘယ်လိုသိမ်းထားတယ်
အစသော့တွေဘယ်နားထားမိတယ်အဆုံးသူတို့ဟာသူတို့အိမ်အတွက်အမြဲတိကျတဲ့Googleဘာကိုသိချင်သိချင်ဘာပစ္စည်းရှာချင်ရှာချင်သူတို့ကူမှလိုရာရောက်တယ်သူတို့ ပါမှ ကိစ္စပြီးတာပဲဒီလောက်များတဲ့အလုပ်တွေဒီလောက်များ
တဲ့တာဝန်တွေကိုဘယ်လိုစိတ်တွေနဲ့နှစ်ဆယ့်လေးနာရီလုပ်ကြသလဲဘယ်လိုအကြောင်းရင်းတွေနဲ့ နှစ်ရှည်လများဖြတ်သန်းကြသလဲအဖြေကတော့ရိုးရိုးလေးပါမိသားစုအပေါ်ထားတဲ့သံယောဇဉ်နဲ့အလိုအလျောက်ဖြစ်တည်လာတဲ့
မိခင်စိတ်တစ်ခုတည်းကြောင့်ပေါ့အကောင်းကြိုက်တတ်တဲ့လူချင်းအတူတူအရိုးအရင်းပဲစားကြတာလောဘရှိကြတဲ့စိတ်ချင်းအတူတူပိုလျှံမှပဲသုံးစွဲကြတာအသွေးအသားနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ချင်းအတူတူနောက်ဆုံးကြမှပဲ
အိပ်စက်တတ်ကြတာဒါသိပ်ချစ်တတ်ကြတဲ့အမျိုးကောင်းသမီးမိခင် တွေပါပဲသူတို့ဟာအိမ်ထောင်စုဇယားမှာမှီခိုပါတကယ့်တကယ်ကျတစ်အိမ်သားလုံးတစ်မိသားစုလုံးဟာ
သူတို့ မေတ္တာအပေါ်မှီပြီးသူတို့ စေတနာပေါ်မှာခိုခဲ့ကြဖူးတာခို နေခဲ့ကြတာခို နေကြရဦးမှာပါအမေဖြစ်လာမဲ့အမေဖြစ်နေတဲ့အမျိုးသမီးကောင်းမိခင်စစ်စစ်များအားလုံးကိုလေးစားလျက်ပါကူးယူဖော်ပြပါသည်