အညာမှာပေါတဲ့ကဆစ်သီးဒီလောက်တန်ဖိုးကြီးတာအခုမှသိတယ်ကဆစ်သီးကဆစ်ပင်သည်ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာအသီးတွင်အခါးမျိုးနှင့်အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီးလေပွခြင်းလည်ချောင်းနာခြင်းအသည်းရောင်အသားဝါ

သွေးအားနည်းရောဂါဆီးဆေးနှင့်အကိုက်အခဲပျောက်ဆေးများဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်အိန္ဒိယနိုင်ငံဒေသတချို့တွင်ကဆစ်သီးကိုနံနက်စာတွင်ထည့်စားခြင်းဖြင့်အစာချေဖျက်အားကောင်းစေပြီး၊အဆာခံကာအလုပ်

ကိုပိုမိုလုပ်နိုင်သည်ဟုယုံကြည်ကြသည်အညာမှာတော့ယာခင်းထွက်ကဆစ်သီးကို အမျိုးမျိုးပြုလုပ်စားသုံးကြပါတယ်ကဆစ်သီးအမှည့်ကိုစားလို့ရပါတယ်သခွားမွှေးသီးနဲ့အရသာဆင်ပါတယ်ကဆစ်သီးကိုတော့မီးဖုတ်ပြီးထောင်းစား

ကြသလိုကဆစ်သီးငပိချက်ဟာလည်းလူကြိုက်များပါတယ်ကဆစ်သီးကိုချဉ်ပေါင်ရွက်နဲ့အတူချဉ်ရည်ဟင်းချက်စားကြသလို၊အမဲ၊ဝက်ကြက်စတဲ့အသားများနဲ့

လည်းရောချက်စားကြပါတယ်သမားတော်တိုင်းရင်းဆေးကိုယ်တိုင်စားဘူးသူများမှသွေးတိုးနှလုံးဆီးချိုကျောက်ကပ်ရောဂါများအတွက်အထူးကောင်းသည်ဟုပြောပါသည်ဦးမြကြိုင်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com




