ဖခင်ရဲ့မျက်နှာကိုမထောက်တိုင်းပြည်အားသစ္စာဖောက်ခဲ့သူမြန်မာသက္ကရာဇ်၁၂၁၄ခုနှစ်ပုဂံမင်လက်ထက်၌နယ်ချဲ့အင်္ဂလိပ်နှင့်မြန်မာတို့ဒုတိယအကြိမ်စစ်ပွဲဖြစ်ကြ၏ထိုကာလ

တွင်အင်္ဂလိပ်တို့၏နယ်ချဲ့ရန်စမှုကိုခေါင်းငုံ့မခံပဲစွမ်းစွမ်းတမံတွန်းလှန်ခဲ့ကြတဲ့မြန်မာ့သူရဲကောင်းများစွာထွက်ပေါ်လာခဲ့ပါတယ်လက်နက်ချင်းမည်မျှကွာခြားစေခါမှုလက်ရုံးရည်

နှလုံးရည်ပြည့်စုံသောမြန်မာစစ်သည်တို့အားအင်္ဂလိပ်တို့အလွယ်တကူအောင်ပွဲမခံနိုင်ခဲ့ပါချေပထမအင်္ဂလိပ်-မြန်မာစစ်ပွဲတွင်စစ်သူကြီးမဟာဗန္ဓုလ နှင့်မြဝတီမင်းကြီးဦးစတို့

ပူးပေါင်းတိုက်ခဲ့သောပန်းဝါစစ်ပွဲဟာနယ်ချဲ့အင်္ဂလိပ်တို့ကိုအကြီးအကျယ်ရှုံးနိမ့်စေတဲ့တိုက်ပွဲအဖြစ်ရာဇဝင်တွင်ခဲ့ပါတယ်စစ်သူကြီးဗန္ဓုလ၏စွမ်းရည်ကိုဗြိတိသျှတို့လေးစားခဲ့ရ

ပါတယ်သူဟာစစ်ရေးစစ်ရာအတိုက်အခိုက်ကျွမ်းကျင်သည်သာမကအအုပ်အချုပ်၊စီမံခန့်ခွဲမှု၊တပ်ချီတပ်ဆုတ်တို့အပြင်ခံတပ်ဆောက်ရာ၌လည်းကျွမ်းကျင်လှပါတယ်ဗန္ဓုလရဲ့နောက်

ဆုံးတိုက်ပွဲဖြစ်သောဓနုဖြူတိုက်ပွဲမှာမြန်မာနှင့်အင်္ဂလိပ်တို့လူအင်အားရောလက်နက်အင်အားပါအလွန်ကွာခြားခဲ့ပါတယ်။သို့သော်ဗန္ဓုလကမမူပဲအပြင်းအထန်ပြန်လည်တိုက်

ခိုက်ခဲ့ပါတယ်ထိုအတွင်းမှာပဲအမြှောက်ဆံတစ်ခုအနီးတွင်ပေါက်ကွဲပြီးဗန္ဓုလကျဆုံးခဲ့ရပါတယ်။ထိုအချိန်၌ဗန္ဓုလအသက်ဟာ၃၂ နှစ်သာရှိသေးပါတယ်အလွန်ရဲရင့်သော

သူရဲကောင်းပင်ဗန္ဓုလအလွန်နယ်ချဲ့တို့နှင့်ဒုတိယအကြိမ်စစ်မက်ဖြစ်ပွားခဲ့ရာပုဂံမင်းကမင်းလှမဟာမင်းခေါင်ရာဇာဘွဲ့ခံသုံးဆယ်ဝန်ကြီးအားခေါ်ယူခဲ့ပါတယ်စစ်သည်အင်အား၂

သောင်းခန့်ဖြည့်တင်းပေးလိုက်ပြီးအင်္ဂလိပ်တို့အားကြိုတိုက်ရန်ရန်ကုန်သို့စေလွှတ်ခဲ့ပါတယ်ထိုအချိန်မှာပဲသမိုင်းတွင်အရုပ်ဆိုးအကျည်းတန်လှတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါ

တယ်မင်းလှမင်းခေါင်ဟာအင်္ဂလိပ်တို့အားမတိုက်ဝံ့ပဲနယ်ချဲ့တို့ရဲ့လက်အောက်သို့ခိုဝင်သွားခဲ့တာကြောင့်ပါတိုင်းပြည်အပေါ်သစ္စာဖောက်ခြင်းအားကြားရသူတိုင်းတအံတဩ

ရင်ထုမနာဖြစ်ခဲ့ရပါတယ်အခြားသူဆိုရင်ကိစ္စမရှိအကြောင်းကားသုံးဆယ်ဝန်ကြီးမင်းလှမင်းခေါင်ဟာမြန်မာ့သမိုင်းမှာရဲရင့်ပြောင်မြောက်လှပါတယ်ဆိုတဲ့စစ်သူကြီးမဟာဗန္ဓုလရဲ့

သားအရင်းစစ်စစ်ဖြစ်နေတာကြောင့်ပင်ဖခင်ကမျိုးချစ်အာဇာနည်သားကားအမျိုးသားသစ္စာဖောက်၊အံဩဖို့ကောင်းလေစွcredit