ဖားကန့် မြေစာပုံပြိုကျမှုတွင် သေဆုံးခဲ့ရသည့် ကျောင်းသားမောင်စိုးသူအောင်ဆယ်တန်းအောင်ကချင်ပြည်နယ်ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူများအနက်တဦးဖြစ်သည့်
မောင်စိုးသူအောင်၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီးအထကမြို့လှ(ရမည်းသင်း)စာစစ်ဌာနမှဝင်ရောက်ဖြေဆိုခဲ့သူ မောင်စိုးသူအောင်(ခုံအမှတ် မရလ၂၃၆)သည်
ယနေ့ သြဂုတ်လ ၉ ရက်တွင်ထုတ်ပြန်သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင်ပါဝင်သည်ကိုတွေ့ရသည်။မောင်စိုးသူအောင်သည် ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇူလိုင်လပထမပတ်ကဖြစ်ပွားခဲ့သည့်ဖားကန့်မြေစာပုံပြိုကျမှုကြောင့်လူပေါင်း၁၈၀ဝန်းကျင်သေဆုံးခဲ့ရပြီး၎င်းဖြစ်စဉ်သည် ပြီးခဲ့သည့် ၅နှစ်ကျော်ကာလအတွင်းဖားကန့်တွင် မကြာခဏဖြစ်ပွားသည့် မြေစာပုံပြို၍ လူသေဆုံးမှုများအနက် အဆိုရွားဆုံးဖြစ်သည်။credit NW