လူအများသောက်သုံးနေကြတဲ့မန်ကျည်းဖျော်ရည်၊ကြံရည်ဆေးကုလာမဖျော်ရည်ဖာလူဒါ၊နို့အေးရေခဲသုပ်ရွှေရင်အေးအပြင်သီးသန့်ကျောက်ကျောဖျော်ရည်ဆိုပြီးသောက်ကြတဲ့အမဲရောင်ကျောက်ကျောလေးတွေကကျောက်ကျောပင်
ကရရှိကြတာဖြစ်ပါတယ်ကျောက်ကျောကိုမွန်ပြည်နယ်ဘက်တွင်လိပ်သဲဟုခေါ်ဆိုကြပြီးရှမ်းပြည်ဘက်အခေါ်အရနမ့်ပင်တူးဆိုတဲ့အပင်ကထုတ်ယူရရှိကြောင်းသိရပါသည်ကျောက်ကျောခေါ်လိပ်သဲကိုအင်္ဂလိပ်အမည်Grass jelly
plantသိပ္ပံအမည်Platostoma palustreဟုသိရပါသည်အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ၁ကျောက်ကျောပင်ခေါ်လိပ်သဲပင်ကိုရေစင်အောင်ဆေးကာကြိတ်ချေပြီးဇကာဖြင့်တိုက်ကာအရည်
အနှစ်ကိုစစ်ယူရပါသည်အရည်တွေအကုန်ရအောင်ရေနည်းနည်းလောင်းထည့်ပြီး အရည်ကုန်အောင်ညှစ်ယူရပါသည်၂။ရလာသောကျောက်ကျောအပင်မှအရည်ကို စစ်ယူပြီးအပူပေးကာကျိုချက်ရပါသည်အရည်အတော်လေး
ပျစ်လာပြီဆိုလျှင်ကော်မှုန့်သို့ဆန်မှုန့်ကိုလောင်းထည့်ပြီးမီးမျှင်းမျှင်းနဲ့ကျိုရပါသည်၃။ကျိုနေစဉ်မှာလက်နဲ့အဆက်မပြတ်မွှေပေးနေရပြီးပျစ်လာပြီဆိုပါက လင်ဗန်းတစ်ခုမှာထည့်အအေးခံပြီးနောက်တစ်ရက်ဆိုထားလို့ရပါပြီကော်မှုန့်
မပါဘဲသူ့ချည်းသက်သက်ကျိုလျှင်ကျောက်ကျောမဖြစ်ပါကော်မှုန့်နဲနဲထည့်မှဓာတ်ပြုပြီးကျောက်ကျောအမဲဖြစ်သည်ဟုသိရပါသည်ကျောက်ကျောအမဲကို ရှမ်းပြည်နယ်နှင့်အထက်ချင်းတွင်းဘက်တွင်သုပ်စားကြပါသည်
အောက်ပြည်ဘက်တွင်အအေးဖျော်ရည်ဖာလူဒါရေခဲသုပ်တို့တွင်ထည့်သွင်းစားသုံးကြပါသည်ကျောက်ကျောအမဲ၏ဆေးဖက်ဝင်ပုံအမျှင်ဓာတ်fiberပါဝင်မှုများပြားသဖြင့်အစာချေဖျက်နှုန်းကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုလည်သက်သာစေပါသည်
၂။ကျောက်ကျောပင်မှာပါဝင်တဲ့Compoundတစ်မျိုးကလည်ပင်းနာတာကိုသက်သာစေပြီးကလေးတွေအတွက်အိမ်သုံးဆေးအနေနဲ့လည်းတိုက်ကျွေးကြပါသည်၃။Blackgrass jelly ဖြစ်တာမို့သွေးတွင်းကိုလက်စထရော
Cholesterolကိုလည်းလျှော့ကျစေနိုင်ပြီးသွေးတိုးကိုလည်းထိန်းညှိပေးနိုင်ပါသည်၄။ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့အန်တီအောက်စီးဒန့်antioxidantsတွေလည်းပါဝင်ပါသည်၅။ပိုပြီးစိတ်ဝင်စားစေတဲ့နောက်တစ်ချက်က
ဝိတ်ကျစေခြင်းဖြစ်သည်သွေးတွင်းကယ်လိုရီဓာတ်ကိုလည်းလျှော့ကျစေပြီးသူ့မှာပါဝင်တဲ့သကြားဓာတ်ကလူ့ခန္ဓာကိုယ်အတွက်အင်နာဂျီအနေနဲ့ပဲအသုံးပြုပါသည်ငှက်ဖျားဝေဒနာကိုသက်သာစေပြီးရောင်ရမ်းခြင်းကိုလျှော့ကျစေပါသည်
နှလုံးနဲ့ပတ်သက်တဲ့ရောဂါများကိုလည်းသက်သာစပါသည်ဆီးချိုရောဂါအတွက်လည်းအကျိုးပြုပါသည်ကိုယ်ခံအားကိုလည်းတိုးပွားစေပါသည်ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်းသက်သာစေပါသည်ဒါ့ကြောင့်အကျိုးများပြားလှပြီး
အဖိုးနဲတဲ့ကျောက်ကျောဖျော်ရည်ကိုမကြာခဏသောက်သုံးသင့်ပါတယ်ဗဟုသုတအနေဖြင့်ပင်လယ်ကထွက်တဲ့ရေမှော်ကျောက်ကျောလည်းရှိကြပါသည်ထိုကျောက်ကျောမှာပင်လယ်ရေမှော်red algae or brown algaeမျိုးစိတ်တစ်မျိုးကနေထုတ်လုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်ပင်လယ်ပြာငါးဦးစီးအစိမ်းရောင်လမ်းcredit