ဖြောင့်စက်ဆွဲစရာမလိုဘဲ ဆံပင်ကို ဖြောင့်စင်းသွားစေမည့် သဘာဝပေါင်းတင်နည်း (4)ခုဓာတုဆေးသုံးပြီး၊ အပူပေးပြီး ဆံပင်ဖြောင့်ခြင်းက ပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်း
သွားစေတာမျိုး၊ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးသွားတာမျိုးတြွေဖစ်စေတာကြောင့် ခဏခဏဆံပင်ဖြောင့်လို့မကောင်းဘူးနော်။ ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက်မလိုဘဲ သဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်း
အောင်လုပ်နိုင်မယ့်နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။(၁)ကြက်ဥအကာနဲ့ဒိန်ချဉ်ကြက်ဥအကာတစ်လုံး၊ ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါ။ နာရီဝက်ကြာရင်
ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီးခေါင်းပြန်လျှော်ပေးလိုက်ကာသဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါခြောက်သွားတဲ့အခါ ဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့ သဘာဝအတိုင်းဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်။
(၂)ငှက်ပျောသီးနဲ့ပျားရည်ငှက်ပျောသီးမှည့်တစ်လုံး၊ပျားရည်တစ်ဇွန်းတို့ကိုသမအောင်မွှေလိုက်ပြီး ဆံပင်အနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေးလိုက်ပါ။သဘာဝအတိုင်းအခြောက်ခံ
ပြီးဘီးလေးနဲ့ဖြီးပေးလိုက်ရင်ဆံပင်လေးတွေဖြောင့်စင်းသွားပြီးအစိုဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်။(၃) အုန်းဆီနဲ့ပျားရည်အုန်းဆီနှစ်ဇွန်းနဲ့ ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်
လိမ်းပေးပါ။နာရီဝက်လောက်ထားပြီးရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီးသဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါ။ဆံပင်သားလေးတွေသိသိသာသာနူးညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်။(၄) အုန်းနို့နဲ့လိမ္မော်ရည်
အုန်းနို့အနည်းငယ်ကိုခွက်ထဲထည့်ကာလိမ္မော်သီးတစ်လုံးကိုအရည်ညှစ်ထည့်လိုက်ပါ။ရလာတဲ့အရည်နဲ့ဆံပင်အဖျားထိရွှဲနေအောင်လောင်းချပေးပြီး၁၅မိနစ်လောက်ထားကာရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။
လေးတွေဖြောင့်စင်းသွားပြီး လိမ္မော်ရည်မှာ ပါဝင်တဲ့ဗီတာမင် စီအစွမ်းကြောင့် ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်။credit