ဗဟိုဘဏ်က၅ကြိမ်မြောက်ကန်ဒေါ်လာ၁၅သန်းထုတ်ရောင်း၊မ္ဘာ့ရွှေဈေးကျဆင်းပြီး ပြည်တွင်းရွှေဈေးပြန်တက်လာနေဗဟိုဘဏ်ကဒီဇင်ဘာလ၂၂ရက် ယနေ့မှာ(၅)ကြိမ်မြောက်ရောင်းချမှုအဖြစ် ဈေးပြိုင်လေလံနဲ့ယနေ့မှာ

အမေရိကန်ဒေါ်လာ၁၅သန်းကိုရောင်းချလိုက်ပါတယ်ပျမ်းမျှငွေလဲလှယ်နှုန်း ၁,၇၇၈သတ်မှတ်ရောင်းချခြင်းဖြစ်ပြီးယခုရောင်းချမှုအပါအဝင်ဒီဇင်ဘာလအတွင်းဗဟိုဘဏ်ကအမေရိကန်ဒေါ်လာ၇၃သန်းအထိရောင်းချထားပြီးဖြစ်ပါတယ်

ကမ္ဘာ့ရွှေဈေးကတအောင်စကိုအမေရိကန်ဒေါ်လာ၁၀ဒေါ်လာကျော်အထိတဖြည်းဖြည်းအကျရှိလာပေမဲ့ပြည်တွင်းအကယ်ဒမီရွှေဈေးကတော့တကျပ်သားကိုကျပ်တသောင်းနီးပါးဈေးပြန်တက်လာတာတွေ့ရပါတယ်ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်

များအသင်းမှနေ့စဉ်ထုတ်ပြန်နေတဲ့ကမ္ဘာ့ရွှေနဲ့မြန်မာ့ရွှေဈေးနှုန်းကိုကြည့်ရင်ပြီးခဲ့တဲ့ဒီဇင်ဘာ၂၀ရက်မနက်ပိုင်းမှာကမ္ဘာ့ရွှေဈေးကတအောင်စကိုအမေရိကန်ဒေါ်လာ၁၈၀၁ဒေါ်လာရှိခဲ့ပြီး ပြည်တွင်းအကယ်ဒမီရွှေဈေးကလည်းတကျပ်သားကို

၁၇သိန်း၉ သောင်း၉ ထောင်ရှိပါတယ်ဒီကနေ့ဒီဇင်ဘာ၂၂ရက် နေ့လယ် ၁ နာရီခွဲအချိန်မှာကမ္ဘာ့ရွှေဈေးကတအောင်စကိုအမေရိကန်ဒေါ်လာ၁၇၈၇ ဒေါ်လာသာရှိလို့ နှစ်ရက်အတွင်းမှာတအောင်စကိုအမေရိကန်ဒေါ်လာ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁၄ ဒေါ်လာအထိတဖြည်းဖြည်းလျှော့ကျမှုရှိခဲ့ပေမဲ့ ပြည်တွင်းအကယ်ဒမီရွှေဈေးကတော့ တကျပ်သားကို ၁၈၈,၅၀၀ကျပ်ရှိတာကြောင့် နှစ်ရက်အတွင်းမှာ ၁ သောင်းနီးပါးမြင့်တက်လာပါတယ်ရွှေဈေးကွက်စောင့်ကြည့်

လေ့လာသူတဦးကကမ္ဘာ့ရွှေဈေးအတက်အကျပေါ်မူတည်ပြီး ပြည်တွင်းရွှေဈေးကလည်းအတက်အကျရှိတာပါ။ဒီနေရာမှာကမ္ဘာ့ရွှေဈေးက ကျလာပြီး ပြည်တွင်းရွှေဈေးကဘာလို့လိုက်မကျတာလဲပေါ့။ဆိုတော့ပြည်တွင်းအမေရိကန်

ဒေါ်လာတန်ဖိုးအပေါ်မူတည်ပြီးတွက်ချက်ရတာပါဒီမှာ ဒေါ်လာတန်ဖိုးကလည်း ဗဟိုဘဏ်ကသာရည်ညွှန်းငွေလဲနှုန်းသတ်မှတ်ထားပေမယ့်သူ့နှုန်းနဲ့အရောင်းအဝယ်ဘယ်သူမျှမလုပ်ကြဘူးနော်ဒီကနေ့ ဈေးကွက်မှာအရောင်းအဝယ်ဖြစ်

နေတဲ့ ငွေလဲနှုန်းကတဒေါ်လာကို၁၉၀၀ကျပ်ဆိုတော့ဒီနှုန်းနဲ့မ္ဘာ့ရွှေဈေးအပေါ်အခြေခံပြီးတွက်ရင် ပြည်တွင်းရွှေဈေးကတကျပ်သားကို၁၈သိန်း၁ သောင်းရှိပါတယ်ဒါကြောင့်ကမ္ဘာ့ရွှေဈေးကသာအကျရှိလာပြီးပြည်တွင်းရွှေဈေးမကျတာလို့ပြောပါတယ်