လူပိန်ချင်တာမျိုးမဟုတ်ပဲဗိုက်ခေါက်အဆီ၊ခါးဆီ၊ကျောဆီလိုအဆီပိုတွေပဲကျချင်တယ်ဆိုသူများအတွက်ဆေးနည်းကောင်းလေးအချိန်မကုန်လွယ်ကူသက်သာတဲ့နည်းလမ်းဖြစ်

ပေမယ့်နည်းလမ်းမှန်မှန်နဲ့တော့ဇွဲရှိရှိလုပ်ရပါမယ်ပါဝင်ပစ္စည်းများကတော့သံပုရာသီးတစ်လုံးဂျင်းလက်တစ်ဆစ်ခန့်နဲ့ပျားရည်၂ဇွန်းခန့်ပထမဆုံးသံပုရာသီးနဲ့ဂျင်းလက်တစ်ဆစ်ကိုအခွံ

မခွါပဲရေစင်စင်ဆေးပါပြီးလျှင်နှစ်မျိုးလုံးကိုအကွင်းလိုက်ပါးပါးလေးလှီးပေးပါကော်ဖီတစ်ခွက်စာအဖုံးပါသောကြွေသို့ဖန်ခွက်တစ်ခွက်ထဲသို့ထည့်ပြီးပျားရည်ထမင်းစားဇွန်း၂ဇွန်း

ထည့်ပါပြီးရင်ရေနွေးဆူဆူလက်ဖက်ခြောက်မပါရိုးရိုးရေနွေးလောင်းထည့်ပြီးအဖုံးအုပ်ထားပေးပါနာရီဝက်ခန့်နေလျှင်ရေနွေးနွေးလေးအနေအထားမှာဇွန်းဖြင့်မွှေပေးပြီးတစ်ခွက်

လုံးသောက်ပါအဖတ်တွေကိုလွှင့်ပစ်ရပါမယ်သတိထားရမှာကတော့ညမအိပ်ခင်အစားအသောက်အကုန်စားပြီးချိန်နဲ့နာရီဝက်ခန့်ခွါပြီးသောက်ရပါမယ်ဒီရေနွေးသောက်ပြီးအစာ

မစားတော့လျှင်အကောင်းဆုံးပါပဲအနှစ်နှစ်အလအလအဆီပိုတွေဖြစ်တဲ့အတွက်အနည်းဆုံးဆယ်ရက်ခန့်တော့ပုံမှန်သောက်ကြည့်ပေးပါသိသာတယ်ဆိုဆက်သောက်ချင်လာပါ

လိမ့်မယ်သောက်တာရက်၂၀လောက်ရှိပါပြီသိသာပါတယ်ညီမလေးတစ်ယောက်ဆီကရတဲ့နည်းကိုပြန်ပြီးမျှဝေပေးတာပါသိသာလို့လက်တို့လိုက်ပါတယ်နော်နို့တိုက်မိခင်များနဲ့

ကိုယ်ဝန်ရှိအမျိုးသမီးများမသောက်သင့်ပါဘူး
လူနည်းစုအနေနဲ့သောက်နေတုန်းအခန့်မသင့်ဗိုက်အောင့်ဗိုက်နာဖြစ်လာတာမျိုးPressureကျလာတယ်ဆိုတဲ့လူမျိုးတွေ

တော့ဆက်မသောက်သင့်ပါဘူးရှင်ပျားရည်နဲ့ဂျင်းပါဝင်တာကြောင့်သုံးမျိုးပေါင်းပြီးထိန်းပေးသွားတယ်လို့ထင်ပါတယ်သောက်တာကလည်းညအချိန်ဖြစ်တော့အစာတွေရှိနေပြီလေ

အစာအိမ်ကိုမထိခိုက်နိုင်ပါဘူးအလွန်အကျွံဘေးထွက်ဆိုးကျိုးတော့ဖြူမကြုံဖူးသေးပါဘူးကိုယ်လိုချင်သလောက်အတိုင်းအတာရပြီဆိုရင်နေ့တိုင်းမသောက်ပဲတစ်ပတ်မှာ

၃ရက်လောက်ပဲသောက်ပါရှင်စရိတ်နည်းတဲ့နည်းမို့လို့ထိန်းညှိပြီးလိုသလိုသုံးကြည့်ကြပေါ့ပိုပြီးထိရောက်ချင်ရင်တော့ဒါလည်းသောက်မယ်လေ့ကျင့်ခန်းလည်းလုပ်မယ်အစားလည်း

အနည်းငယ်အဆီများတဲ့အစားအစာရှောင်မယ်ဆိုသိပ်ကိုထိရောက်မှာပါဒါသောက်တာကအဆီပြင်တွေကိုပျော့ပျောင်းလာစေပြီးလေ့ကျင့်ခန်းကြောင့်ကျစ်လစ်လာမှာပါcredit