နွားနို့တစ်ခွက်လာဘ်တွေတက်ယတြာမိတ်ဆွေများမဂ်လာပါခင်ဗျားစီးပွားရေး အလုပ်ကိစ္စအဝဝနှင့်မိမိကံဇာတာများအစဥ်ထာဝရလာဘ်ပွင့်နေစေရန်အတွက် ဤလာဘ်ပွင့်ယတြာလေးကိုဒါနပြုပါတယ်ခင်ဗျားဤယတြာလေးကို

ဗုဒ္ဓဟူးနေ့တိုင်းလုပ်ရပါမည်တစ်ခြားနေ့များလုပ်ခွင့်မရှိပါခင်ဗျားကြေးခွက်သို့မဟုတ်ဖန်ခွက်ထဲမှာနွားနို့ဖြည့်ပါနွားနို့မရပါကနို့မှုန့်ရေဖျော်၍လုပ်နိုင်ပါတယ်ပန်းကန်ပြားမှာဆန်အပြည့်ဖြည့်ပါဆန်၏အလယ်တည့်တည့်တွင်ထိုနွားနို့ခွက်ကို

တင်၍အိမ်ဘုရားကျောင်းဆောင်မှာလှူထားပါဗုဒ္ဓဟူးနေ့နံက်၉နာရီအတွင်းလုပ်ရပါမည်ဖယောင်းတိုင်တစ်တိုင်အမွှေးတိုင်တစ်တိုင်ထွန်းပေးပါဥုံပထဗျာအာကာသေပဗ္ဗတေစေဝဥဒကေဝနေယံယံပတ္တံပဝါဒေမိသဗ္ဗလာဘသိဒ္ဓိဥပေတုံမေ

ဤဂါထာကို၂၇ခေါက်ရွတ်ဖတ်ပြီးလာဘ်ပွင့်ရန်အတွက်ဆုတောင်းပါခင်ဗျားပြီးလျှင်၁၀နာရီမှ၁၂နာရီအတွင်းပြန်စွန့်ပါဆန်များကိုစာကလေးခိုစာကျွေးပြီးနွားနို့ကိုမိသားစုသောက်သုံးပေးပါခင်ဗျားဤနည်းအတိုင်းဗုဒ္ဓဟူးနေ့တိုင်းလုပ်ပါက

လာဘ်ပွင့်ပြီးစီးပွားတိုးတက်အောင်မြင်စေပါမည်ဆရာဦးမင်းနိုင်နှင့်တကွသင်ဆရာမြင်ဆရာကြားဆရာများအားလုံးအစဥ်ခြေရင်းဦးခိုက်လျက်ကံကြမ္မာရေးရာစစ်ဆေးမေးမြန်းလိုသူများသိရှိရန်ဆရာတင်ထူးဗေဒင်နှင့်ယတြာအစီရင်09 259021778