စီးပွား‌‌ရေး လုပ်ငန်းများ တိုးတက်မည့်အချိန်ဖြစ်သည်။ ဝင်ငွေကောင်းသော်လည်းငွေအထွက်များနေမည်။ အလုပ်များပြား၍ ခန္ဓာကိုယ်ပင်ပန်းမှုရှိမည်။သို့‌သော်ရောဂါကြီးကြီးမားမားမဖြစ်တတ်ပါ။‌

အချိန်ကြာကြာထိုင်၍ အလုပ်လုပ်ရသူများ ခါးနာခြင်း၊ကိုယ်လက်နာကျင်ခြင်းများ ခံစားရတတ်သည်။ သင့်လျော်သည့်လေ့ကျင့်ခန်းများလုပ်ပေးပါ။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများလုပ်ငန်းသစ်လက်ခံရရှိ

မည်။ မြေပိုင်ရှင်များနှင့် စကားပြောဆိုစာချူပ်ချူပ်ရာ၌ တစ်ကြိမ်ထဲနှင့်မပြီးဘဲ နှစ်ကြိမ်၊သုံးကြိမ်‌ ပြောဆိုလုပ်ကိုင်ရလိမ့်မည်။ အိမ်၊ခြံများပြုပြင်ခြင်း ၊လမ်းပြုပြင်ခြင်းစသည့်လုပ်ငန်းများလုပ်ရတတ်သည်။

နိုင်ငံရေးရာကိစ္စများတွင် အ‌ရေးကြီး‌သောကိစ္စများအား ကူညီလုပ်‌ဆောင်ပေးရလိမ့်မည်။ အဖွဲ့စည်းတစ်ခုနှင့်တစ်ခုကြား၌ ညီညွတ်စေရန် ဆွေးနွေးညှိနှိုင်းပေးရတတ်သည်။ အထူးသဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်သော

လုပ်ငန်းများ၌ တက်တက်ကြွကြွ ပါဝင်ခွင့်ရလိမ့်မည်လူငယ်များအချစ်ရေး‌၌စိတ်ရှည်ပါသာမာန် သဘောထားကွဲလွဲမှုလေးမှ လမ်းခွဲရသည်အထိဖြစ်တတ်သည်။ အချင်းချင်း နားလည်မှုပေးပြီးဆက်ဆံရမည့်ကာလ

ဖြစ်သည်။ အိမ်ထောင်ရှင်များသားသမီးရတနာရရှိတတ်ပါသည်။ နှစ်သစ်ကူးတရားများ နာယူခြင်း၊တရားအားထုတ်ခြင်းများအား (Online)စနစ်ဖြင့်လေ့လာခွင့်ရမည်။ မိတ်ဆွေကောင်းများစွာတိုးပွားပြီး

စိတ်ချမ်းသာရမည့်လ ဖြစ်ပါသည်။ ယတြာများ၁။အိမ်မှဘုရားတွင် လိမ္မော်သီးလှူပါ။‌မေတ္တာသုတ်နေ့စဉ်ရွတ်ပါ။၂။ဒုက္ခရောက်နေသူများကိုတတ်နိုင်သမျှကူညီပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here