ဗုဒ္ဓဟူးလေးများသာ ရှယ်ရန် စိတ်နေစ်ိတ်ထားနှင့် စောင်ရန်ရှောင်ရန်များ တစ်နေ့ သုံးခါလောက် မရူးရရင် အိပ်မပျော်တတ်တာ ဗုဒ္ဓဟူး သားသမီးတွေပါပဲ။ စိတ်ဆိုးရင် ဘာမှ မစဉ်းစားပဲ ကြိုက်သလို ပြောပစ်တတ်တဲ့

အကျင့်လေးရှိတယ်။ပြောပြီးမှပြန်ပြီးစိတ်မကောင်းဖြစ်တတ်ကြတာမျိုးပေါ့။သူတို့လေးတွေကဉာဏ်ကောင်းသလောက် အလုပ်လုပ်ရာမှာအရမ်း အချိန်ဆွဲတတ်ကြတယ်။ အဲ့ဒါကြောင့် စီးပွားရေးမှာ အောင်မြင်သင့်

သလောက်မအောင်မြင်တတ်ကြဘူး။ကြိုးစားအားထုတ်သင့်ပါတယ်အပေါင်းအသင်းသိပ်မရှိပေမယ့် မိတ်ဆွေပေါများတယ်။ သူငယ်ချင်းတွေအပေါ် အနွံတာ အရမ်းခံကြတယ်။ အကူအညီလိုရင်အားနာတတ်ပီးမတောင်း

ပဲ နေတတ်ကြပေမယ့် သူများ အကူအညီ လိုပီဆိုရင်တော့ အားကြိုးမာန်တက် ကူညီပေးတတ်ကြသူလေးတွေ ဖြစ်ကြပါတယ်။ စကားနည်းတတ်တယ် ။ ခင်ရသူတွေနဲ့ အတူရှိနေပီဆိုရင် တော့ စက်သေနတ် ပစ်သလိုကို

ပြောတတ်ကြတာ ။ နားအရမ်းငြီးတာတော့ မကြိုက်ကြဘူး။အချစ်ရေးမှာတော့ ချစ်ချင်သူတွေ အရမ်းပေါတယ်။ ရှိတဲ့ ချစ်သူအပေါ်မှာ သစ္စာရှိပြီး ဂရုစိုက်တတ်ကြတယ်။စိတ်အရမ်းကြီးတယ်။ အဲ့ဒါကြောင့်ပဲ

ဒေါသကြီးသူတွေလို့ ထင်ကြရတတ်တယ်။ လက်တွေ့ ဆန်တဲ့ ဘဝကိုပဲ နှစ်သက်တတ်ကြသူတွေပါ။ ဘယ်သူ့ကိုမှ မပြောပဲ လျှို့ဝှက်ချက်တွေ ထားရတာလဲ ကြိုက်ကြသူတွေ ဖြစ်ပါတယ်။ မိသားစုမှာ ဝိုင်းပြီး ဂရုစိုက်တာ

ခံ ကြရသူလေးတွေ ဖြစ်ပါတယ်။ အားနည်းချက်တော့ အပြောအဆို လုံးဝမတတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိကြတယ်။ ထူးခြား ချက်က ခပ်တည်တည်နေတတ်ကြပါတယ်။

ဗုဒ္ဓဟူး သားသမီးတွေက မြ သို့မဟုတ် ပြောင်ခေါင်းစိမ်း ကျောက် ကို အဆောင်အဖြစ် ဝတ်ရင် ကံ ကောင်း စေပါတယ်။Credit#T.L