ဤကာလမျိူး၌သာမန်အခြေအနေမျိုးမှနေ၍စီးပွားအရှိန်အဟုန်နှင့်တက်ကာလက်ရှိအခြေအနေထက်အဆပေါင်းများစီးပွားတက်လိမ့်မည်ဆွေမျိုးသားချင်းများကိုကောင်းစွာ

အကူအညီပေးနိုင်လိမ့်မည်လက်ရှိအလုပ်အကိုင်ကိုစိတ်မဝင်စားခြင်း၊အလုပ်ပြောင်းလိုစိတ်များကြုံလာတတ်သည်အိမ်ထောင်ရှင်များအိမ်ထောင်ရေးအတွက်သောကရောက်ရ

သောကာလဖြစ်သည်အထက်လူကြီး၊မိသားစုကြီးကဲသူများကြောင့်စိတ်ညစ်ရမည်။အတူနေမိသားစုထဲမှအကြီးအကဲအဘိုးအဘွားများအရေးဖြစ်တတ်သည်။လူမျိုးခြား၊နိုင်ငံခြား

နှင့်ပတ်သက်သောကိစ္စများအကျိုးပေးအောင်မြင်မည်ခရီးများမကြာခဏထွက်ရတတ်သည်ထိုခရီးများသည်လည်းအကျိုးပေးအောင်မြင်လိမ့်မည်ဝန်ထမ်းဆိုလျှင်ရာထူးတက်

ခြင်းအခြေအနေမြင်တတ်ခြင်းကြုံရလိမ့်မည်။ခိုင်မာသောစီးပွားရေးလုပ်ငန်းများတည်ဆောက်ထားပါရရှိသောအကြွေးများကိုယခုကာလတွင်ကြိုတင်စုဆောင်းထားပါသို့မဟုတ်ပါ

ကဆုံးတတ်သည်ပညာရေးကိစ္စများသင်တန်းကိစ္စများကိုအကြောင်းပြု၍စိတ်ညစ်ရတတ်သည်စာရွက်စာတမ်းစာချုပ်ကိစ္စများအတွက်စိတ်ညစ်ရခြင်း၊ပစ်စာတိုင်စာရောက်ခြင်း

များကြုံရတတ်သည်အလှူအတန်းကိစ္စများမုချလုပ်ရမည်ငွေအစုလိုက်အပုံလိုက်ဝင်လာလိမ့်မည်မိမိ၏အလုပ်မှလည်းကောင်း၊ထီပေါက်၍လည်းကောင်းဝင်လာတတ်သည်

အိမ်ဝယ်နိုင်သော်လည်းအိမ်အနားအဆာမလွတ်၊အိမ်ဧည့်သည်မပြတ်၊အိမ်ဆောက်လျှင်တန်းလန်းဖြစ်တတ်သည်မိမိလုပ်ငန်းများကိုအင်နှင့် အားနှင့်တိုးချဲ့လုပ်ကိုင်သင့်

သော်လည်းဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။မိမိအားပြဿနာလုပ်နေသူများရှိလျှင်အဆင်ပြေသွားမည်မသင့်မြတ်သူများနှင့်ပြန်လည်သင့်မြတ်သွားမည်အဖိုးတန်

ကျောက်မျက်ရတနာများဝင်မည်ရွှေထွက်ခြင်းရွှေအတွက်ပြောဆိုဖြေရှင်းရခြင်းများကြုံရတတ်သည်အင်္ဂါနံစိန်စက်ပစ္စည်းထွက်တတ်သည်ရွှေထည်ဝယ်လျှင်အသစ်များသာ

ဝယ်သင့်သည်အပျက်အဟောင်းမဝယ်သင့်ပါအထူးသတိပြုရန် အောက်လက်ငယ်သားသားသမီးထွက်သွားခြင်း၊၎င်းတို့အတွက်သောကရောက်ရခြင်းများကြုံရတတ်သည်ဆီးရောဂါ

မျက်စိရောဂါများဒုက္ခပေးခြင်းအစားမှားခြင်းဆေးမှားခြင်းများကြုံရတတ်သည်ဤကာလအတွင်းကောင်းကျိုးချမ်းသာများပိုမိုရရှိလာစေရန်နှင့်အညံ့အခိုက်များသက်သာ

ပြေပျောက်စေရန်အောက်ပါယတြာများကိုဂရုစိုက်ပြုလုပ်ပါလေစေတီတော်တစ်ဆူဆူသို့သွားရောက်၍ထီးဖြူအကြီးတစ်လက်နှင့်ထီးဖြူအသေးသက်စေ့တနင်္လာထောင့်တွင်လှူပါ။credit