ဗောက်ဆိုတာကအသက်အရွယ်မရွေး၊ ယောကျာ်းမိန်းမ မရွေးဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမျိုးဗောက်ထလာပြီဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဦးရေပြားခြောက်လာမယ်၊ဆံပင်တွေကျွတ်လာမယ်အဆိုးဆုံးကတော့မိမိကိုယ်ကို
ယုံကြည်မှုကျဆင်းလာမှာဖြစ်တယ်အဲ့ဒါကြောင့် ဗောက်ပျောက်အောင် သဘာဝနည်းလမ်းနဲ့ဘယ်လိုလုပ်မလဲဆိုတာဆက်ဖတ်ကြည့် ရအောင်နော်၁။ ဗောက်နဲ့ပတ်သက်ရင်တော့လက်ဖက်အဆီကအသင့်တော်ဆုံးပါပဲဘယ်လိုအသုံးပြု
ရမလဲဆိုတော့၂၀၀မီလီလီတာ ခေါင်းလျှော်ရည်ဘူးထဲကိုလက်ဖက်အဆီ(၈) စက်ကနေ (၁၀)စက်အထိထည့်ပေးမယ်ပြီးရင်ပုံမှန်အတိုင်းခေါင်းလျှော်ပေးလိုက်ရုံပါပဲခေါင်းလျှော်နေတဲ့အချိန်မှာလက်ဖက်ဆီအာနိသင်ရှိအောင်လို့
ဦးရေပြားပေါ်မှာကြာကြာထားပေးဖို့တော့လိုမယ်နော်နောက်တစ်နည်းကတော့အုန်းဆီထဲကိုလက်ဖက်ဆီထည့်တာပါအုန်းဆီပုလင်းထဲကိုလက်ဖက်ဆီ(၁၅) စက်လောက်ထည့်ပေးမယ်ပြီးရင် ခေါင်းပေါ်လိမ်းပြီး နှိပ်နယ်ပေးပါညဘက်
လိမ်းထားပေးပြီးမနက်ကျရင် ခေါင်းလျှော်လိုက်ရုံပါပဲ၂။ပန်းသီးရှာလကာရည်ပြုလုပ်ပုံကတော့ပန်းသီးရှာလကာရည်ကို ရေနဲ့အချိုးတူရောလိုက်ပါ ခေါင်းလျှော်ပြီးလို့ဆံပင်မခြောက်သေးခင်မှာပဲခုနကရောထားတဲ့အရည်ကိုသုတ်လိမ်း
နှိပ်နယ်ပေးပြီး(၁၅)မိနစ်ကြာမှ ရေပြန်ဆေး ရပါမယ်ပန်းသီရှာလကာရည်မှာပါဝင်တဲ့အက်စစ်ဓာတ်ဟာ ဗောက်ကြောင့်ဖြစ်တဲ့ယားယံခြင်း၊ဦးရေပြားခြောက်သွေ့ခြင်းအတွက် အသုံးတည့်ပါတယ်၃။အုန်းဆီသင့်ဆံပင်အထူအပါး
အတိုအရှည်ပေါ်မူတည်ပြီးအုန်းဆီပမာဏအနည်းငယ်ကိုအပူပေးပါပြီးရင် ဦးရေပြားနဲ့ဆံပင်ပေါ်ကိုငါးမိနစ်ခန့်သုတ်လိမ်းနှိပ်နယ်ပေးပါညဘက်မှာလိမ်းထားပြီးတော့မနက်ကျရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ
၎။ပျားရည်ပျားရည်မှာပါဝင်တဲ့ဗီတာမင်A၊B၊C၊D၊Eနဲ့B-Complexကဦးရေပြားခြောက်သွေ့ခြင်းမှကာကွယ်ပေးပြီးဆံပင်ကိုအစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်ဘယ်လိုပြုလုပ်ရမလဲဆိုတော့ဆံပင်ကိုအရင်ရေဆေးချလိုက်ပါ
ပြီးရင်ပျားရည်ကိုးဆယ်ရာခိုင်နှုန်းနဲ့ ရေဆယ်ရာခိုင်နှုန်းရောပြီးဦးရေပြားထဲစိမ့်ဝင်အောင်သုတ်လိမ်းပေးပါပြီးရင်နာရီအနည်ငယ်ကြာအောင်ထားထားပါပြီးတော့မှ ရေဆေးချလိုက်ရမှာပါ၅။အရည်အသွေးကောင်းတဲ့မုန့်ဖုတ်ဆိုဒါကို
သင်သုံးနေကျခေါင်းလျှော်ရည်နဲ့ ရောပြီးပုံမှန်လျှော်နေကြအတိုင်းလျှော်လိုက်ပါဒါမှမဟုတ်မုန့်ဖုတ်ဆိုဒါကိုပန်းသီးရှာလကာရည်နဲ့အတူရောနှောလိုက်ပါပြီးရင်ဦးရေပြားပေါ်သုတ်လိမ်းပြီးမှ ရေဆေးချလိုက်ပါ။နောက်တစ်နည်းကတော့
မုန့်ဖုတ်ဆိုဒါနဲ့ နှင်းဆီအဆီကို ရောနှောပြီးဦးရေပြားကိုသုတ်လိမ်းပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့်ထားပြီးမှရေအေးလေးနဲ့ဆေးချလိုက်ပါသတိထားရမဲ့အချက်ကတော့မုန့်ဖုတ်ဆိုဒါသီးသန့်ချည်းတိုက်ရိုက်အသုံးမပြုမိဖို့ပါပဲ
၆။တမာရွက်တမာရွက်အနည်းငယ်ကိုမိနစ်အနည်းငယ်ခန့်ဆူပွက်အောင်တည်ပါပြီးရင်ရလာတဲ့တမာရည်ကိုဆံပင်ပေါ်သုတ်လိမ်းပြီးလက်ချောင်းလေးတွေနဲ့ဦးရေပြားကို နှိပ်နယ်ပေးပါဒါပေမဲ့တမာအဆီအနှစ်တွေကိုတော့အသုံးမပြုရဘူးနော်ဦးရေပြားကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်လို့ပါ။
၇။သံပရိုသီးလတ်လတ်ဆတ်ဆတ်ညစ်ထားတဲ့သံပရိုသီးအရည်ကိုဦးရေပြားပေါ်သုတ်လိမ်းပေးပါ၃၅မိနစ်ကနေမိနစ်၄၀အထိပြီးမှရေဆေးချလိုက်ပါသံပုရိုရည်နဲ့ပျားရည်ဒါမှမဟုတ် သံပရိုရည်နဲ့ ရေ ရောပြီးတော့လည်းအသုံးပြုနိုင်ပါတယ်