မိန်းကလေးတွေကြုံတွေ့ရတဲ့ဆံပင်ကျွတ်ဆံပင်ပါးတာတွေကို ဖြေရှင်းပေးမယ့် ဘေးဥပါဒ်ကင်းတဲ့သဘာဝနည်းလမ်းမြင်သူတကာငေးမောရတဲ့အလှထဲမှာထူထဲနက်မှောင်လှပတဲ့ဆံနွယ်လေးတွေကိုလည်းချန်ထားလို့မရပါဘူးနော်ဒါ့အပြင်
ကျန်းမာသန်စွမ်းတဲ့ဆံနွယ်လေးတွေကို မြန်မာအမျိုးသမီးတိုင်းပိုင်ဆိုင်ချင်ကြတယ်ဆိုတာကိုလည်းသင်ငြင်းလို့မရပါဘူးဒါပေမဲ့အခုခေတ်ကအလှအပဆိုင်ရာအလှကုန်ပစ္စည်းတွေမှိုလိုပေါသလိုအခန့်မသင့်ရင်သင့်ဆံနွယ်လေးတွေကိုပါ
ထိခိုက်နိုင်စေပါတယ်Chemicalပါဝင်တဲ့ခေါင်းလျှော်ရည်တွေဆံပင်ပေါင်းဆေးတွေအများကြီးသုံးမိတဲ့အချိန်ကျရင်ပျိုမေလေးတွေရဲ့ဆံပင်တွေကျွတ်တာမျိုးတွေဆံပင်ပါးတာတွေပြောင်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်Chemical
များတဲ့ခေါင်းလျှော်ရည်ဆံပင်ပေါင်းဆေးတို့ကြောင့်ဆံပင်ကျွတ်တာပဲ့ဖြစ်ဖြစ်စိတ်ဖိစီးမှုများပြီးဆံပင်ကျွတ်ပြီးဆံပင်ပါးလာတာတွေကို ဖြေရှင်းပေးနိုင်မယ့်သဘာဝနည်းလမ်းကောင်းလေးတစ်ခုကိုမျှဝေပေးလိုက်ပါတယ်နော်အလှအပ
ကုန်ပစ္စည်းတွေသုံးစရာမလိုဘဲသဘာဝနည်းလမ်းနဲ့ ဖြေရှင်းနိုင်တဲ့အပြင်ဓါတုပစ္စည်းကင်းစင်ပြီးသဘာဝနည်လမ်းလေးမို့ ဘေးဥပါဒ်မရှိတာကြောင့်လုပ်ကြည့်ဖို့တိုက်တွန်းပါရစေပါဝင်ပစ္စည်းတွေကတော့စာဖတ်သူတို့မီးဖိုချောင်မှာ
အလွယ်တကူရနိုင်တဲ့ပစ္စည်းလေးတွေပဲ့ဖြစ်ပါတယ်သံလွင်ဆီစားပွဲတင်ဇွန်း၃ဇွန်းအုန်းနို့၁/၂ခွက်ပြင်ဆင်ခြင်းပါဝင်ပစ္စည်းတွေအားလုံးကိုခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါပြီးရင်ဦးရေပြားပေါ်လိမ်းပေးပြီးဆံသားအမြစ်နားမှာ
ညင်သာစွာနှိပ်နယ်ပေးပါShowerCapကျွတ်ကျွတ်အိတ်ကိုခေါင်းပေါင်းပေးပြီး၁၀မိနစ်ကနေ၁၅မိနစ်ထိထားပေးပါပြီးရင်ခေါင်းလျှော်ရည်နဲ့ပေါင်းဆေးသုံးပြီးခေါင်းလျှော်လိုက်ပါခေါင်းလျှော်ရည်နဲ့ပေါင်းဆေးကိုလည်သဘာဝပါဝင်ပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတာကိုပဲ့သုံးပေးပါနော်