မပေါင်းသင့်မပေါင်းအပ်တဲ့သူငယ်ချင်းအမျိုးအစား(၁၀) မျိုးချစ်သူရည်းစားမှ လမ်းခွဲရတာမဟုတ်ပါဘူးတစ်ချို့တစ်ချို့သောသူငယ်ချင်းတွေကိုလည်းကိုယ့်ဘဝထဲက

ထုတ်ပယ်သင့် ထုတ်ပယ်ရပါလိမ့်မယ်ကိုယ့်အပေါ် အမြဲ အနိုင်ကျင့်တဲ့သူငယ်ချင်းမျိုးစိတ်ဓာတ်ပျက်ပြားစေတဲ့၊ စိတ်ဓာတ်ကျစေတဲ့ သူငယ်ချင်းမျိုးတွေဆိုတာ မပေါင်းသင့်

အပေါင်းအပ်တဲ့ သူမျိုးတွေပါ။ ကဲ ခုပြောပြပေးထားတဲ့ သူငယ်ချင်းအမျိုးအစား (၁၀)မျိုးထဲမှာ သင်ပေါင်းနေတဲ့ သူငယ်ချင်းတွေကရော ဘယ်နံပါတ်မှာ ပါနေသလဲ၊ ဒါမှ

မဟုတ်နံပါတ်(၁၀)ခုစလုံးမှာသင့်သူငယ်ချင်းတွေလုံးဝမပါဘူးလားဆိုတာ ကြည့်ရအောင်။၁။အမြဲအပြစ်ရှာပြောဆိုနေတတ်တဲ့သူဘယ်အရာကိုမဆို မကျေမနပ်နဲ့အပြစ်ရှာ

ပြောဆိုဝေဖန်နေတတ်တဲ့သူငယ်ချင်းမျိုးရှိရင်အမြန်ဆုံးလမ်းခွဲလိုက်တာ ကောင်းပါလိမ့်မယ်မဟုတ်ရင်ကိုယ်ပါအဲ့ဒီအကျင့်ကြီးကူးစက်ပြီးသူ့လိုဖြစ်သွားနိုင်တာကြောင့်ပါ။

၂။အကြံပေးနိုင်လွန်းသူအားနေအကြံပေးနေတဲ့သူကျတော့လည်းစိတ်ပျက်စရာကောင်းတာပါပဲကိုယ်ကမမေးပဲ၊မတောင်းပဲအတင်းကြီးအကြံလိုက်ပေးနေတဲ့ သူမျိုးဆိုရင်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဝေးဝေးကသာရှောင်လိုက်ပါတော့၃။ကိုယ့်အတွက်ချည်းပကိုယ်ကြည့်တတ်လွန်းသူလူဆိုတာကိုယ့်အကျိုးကိုယ်ကြည့်တတ်သူတွေပါဒါပေမယ့်သူကတော့ သူငယ်ချင်းသာဆို

တယ်ဘေးလူတွေကိုတစ်ချက်မှဂရုမစိုက်ပဲလိုမှသာလာပေါင်းပြီးသူအဆင်ပြေနေရင်ပြီးရောဆိုတဲ့စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားတတ်သူတွေပေါ့။၄။တစ်ပုံစံတည်းလိုက်ကူးချ

နေတတ်သူသူငယ်ချင်းတွေမို့ဆင်တူလုပ်ဆောင်တတ်တာမျိုးတွေ ရှိပါတယ်။ သူကတော့ဆင်တူလုပ်လုပ်မလုပ်လုပ်ကိုယ့်ပုံစံအတိုင်းလိုက်ခိုးချဝတ်ဆင်တတ်သလိုကိုယ်လုပ်တဲ့

ပုံစံ၊ကိုယ်နေထိုင်တဲ့ပုံစံတွေသာမကကိုယ်ရွေးချယ်တဲ့အရာရာတိုင်းကိုသူ့ပုံစံလိုက်လုပ်ပစ်တတ်သူမျိုးဖြစ်နေရင်လည်းဒီလိုလူမျိုးအာရုံနောက်ခံပြီးမပေါင်းသင့်ပါဘူး

၅။ကတိခဏခဏဖျက်တတ်သူသူငယ်ချင်းတွေနဲ့ဘာလုပ်မယ်ဆိုပြီး ဘယ်သွားမယ်ဆိုပြီးချိန်းဆိုတိုင်းရောက်မလာတတ်သူ၊အရေးကြီးကိစ္စတွေလုပ်မယ့်အချိန်တိုင်း ကတိဖျက်

တတ်သူဆိုရင်တော့ဒီလိုသူငယ်ချင်းမျိုးကိုလည်းလမ်းခွဲလိုက်တာအကောင်းဆုံးပါပဲ၆။မူးယစ်ဆေးဝါးစွဲနေသူလူငယ်တွေမို့လို့မူးယစ်ဆေးဝါးကိုစမ်းသပ်ဖူးတာမှန်ပေမယ့်

အချိန်တိုင်းဒါတွေနဲ့ချည်းအချိန်ကုန်ဆုံးနေတဲ့သူငယ်ချင်းနဲ့တော့ မပေါင်းသင့်တာအမှန်ပါပဲ၇။လိုက်ပြိုင်ဆိုင်နေတတ်သူသူငယ်ချင်းဆိုတာ တစ်ယောက်အောင်မြင်တာတစ်ယောက်

ကဝမ်းသာ၊ တစ်ယောက်အဆင်ပြေတာ တစ်ယောက်က ပျော်ရွှင်ကြည်နူးပေးရမှာပါ။ ဒါကို မနာလို မရှုစိတ်နဲ့ လိုက်ပြိုင်နေမယ်၊ တစ်ဖက်လူ အောင်မြင်တာကို ဒေါသထွက်နေ
တာမျိုးဟာ သူငယ်ချင်းကောင်း ဖြစ်ပါ့မလား

၈။သာပေါင်းညာစားဒီစကားကိုတော့ အထူးရှင်းနေစရာ မလိုတော့ပါဘူး။ သင်အဆင်ပြေ အောင်မြင်နေချိန် သင့်နားရှိနေတတ်တဲ့သူဟာ သင်ဒုက္ခရောက်နေချိန်မှာတော့ သင့်ဘေးက

နေပျောက်ချင်းမလှပျောက်သွားပါလိမ့်မယ်ဒီလိုလူမျိုးဆိုတာ ကတော့ မပေါင်းသင့်ဘူလို့ ပြောနေစရာကို မလိုတော့ပါဘူး၉။အနိုင်ကျင့်ဗိုလ်ကျတတ်သူသူငယ်ချင်းအဖွဲ့တွေထဲမှာ

ကိုယ့်အပေါ်အနိုင်ကျင့်ပြီးဗိုလ်ကျတတ်သူပါတယ်ဆိုရင်သူ့ကိုသူငယ်ချင်းစာရင်းကနေထုတ်ပစ်လိုက်တာအကောင်းဆုံးပါပဲ၁၀။ဟိုစကားဒီပို့ဒီစကားဟိုပို့လုပ်တတ်သူ

သူငယ်ချင်းတွေထဲမှာဒီဘက်မှာပြောတဲ့စကားတွေကို ဟိုဘက်ကိုတစ်မျိုး ပြန်ပြော၊ဟိုဘက်က စကားတွေကို ဒီဘက်တစ်မျိုး ပြန်ပို့တတ်တဲ့လူတွေ ရှိတတ်ပါတယ်။ ဒီလိုလူမျိုး

တွေဟာ တကယ့်ကို အန္တရာယ်ကြီးပါတယ်။ သူတစ်ယောက်ကြောင့် သူငယ်ချင်းတွေအားလုံး စိတ်ဝမ်းကွဲနိုင်တယ်ဆိုတာ သိရင် ဒီလိုလူမျိုး မပေါင်းပဲ လမ်းခွဲလိုက်ပါတော့