ဘယ်လောက်စိတ်ဆိုးနေပါစေမိဘတွေကိုဘယ်တော့မှမပြောသင့်တဲ့စကား (၇)ခွန်းမိဘနဲ့သားသမီးကြားမှလည်းစိတ်အခန့်မသင့်တာလေးတွေ၊ ငြင်းခုန်တာလေးတွေကတော့ ရှိတတ်တာသဘာဝပါပဲ။
ကိုယ့်ရဲ့စိတ်ထဲမှာခံစားရတဲ့အတိုင်း ထုတ်ပြောတာ၊ တုန့်ပြန်တာဟာ ရိုင်းစိုင်းတာမဟုတ်ပါဘူး။တကယ်ကိုဖြစ်သင့်တဲ့ အရာတစ်ခုပါ။ဒါပေမယ့်လည်း မိဘကို ကိုယ့်ခံစားချက်တွေထုတ်ပြတဲ့အခါမှာ သူတို့ကို နာကျင်
သွားစေမယ့်၊ သင့်ကိုလည်းနောင်တရစေမယ့် စကားလုံးအချို့ရှိပါတယ်။ဒီလိုစကားတွေကိုတော့လုံးဝမပြောမိဖို့ရှောင်ရှားပါနော်။ တစ်ချိန်မှာ သင်နောင်တရနေမှာမို့လို့ပါ။(၁) မုန်းတယ်ဆိုတဲ့ စကားကို မပြောပါနဲ့။
ဒီစကားဟာသာမန်လူတွေအတွက်တောင် အရမ်းကို ခံစားရခက်တဲ့စကားလုံးဖြစ်တာကြောင့်သင့်မိဘတွေအတွက်ဆိုပိုပြီးနာကျင်မှာပါ(၂) ဘာဖြစ်လို့များ သင့်ကိုမွေးခဲ့တာလဲလို့ လုံးဝမပြောပါနဲ့။ သင်ဟာ ဘယ်လိုပဲ
ဖြစ်နေပါစေအခုချိန်မှာသူတို့ရဲ့သွေးသားပါပဲ။သင့်ကို ရင်နဲ့အမျှချစ်တဲ့မိဘနှစ်ပါးကိုခဏတာ စိတ်အခန့်မသင့်တာနဲ့ပဲ ဒီလိုမပြောသင့်ပါဘူး။(၃) သင့်ကိုဘယ်တော့မှ အားမပေးဘူးလို့ မပြောပါနဲ့။ သင်ရွေးချယ်ထားတဲ့
လမ်းကြောင်းအပေါ် သင့်မိဘနှစ်ပါးက အားမပေးဘူးဆိုရင် သူတို့မှာလည်း အားမပေးရတဲ့ အကြောင်းအရင်းရှိမှာပါ။ဒါကို နားလည်ပေးပြီး သင့်ရဲ့ ရွေးချယ်မှုကို ပြန်လည်ဆင်ခြင်သင့်ပါတယ်။မွေးချင်းထဲက အကြီးဆုံး
တွေဟာ နူးညံ့တဲ့ အချစ်တတ်ဆုံးသူများ ဖြစ်ကြောင်း လေ့လာသိရှိ(၄) တခြားမောင်နှမတွေကို ပိုချစ်တယ်လို့ မပြောပါနဲ့။ သင့်မိဘတွေဟာ သင်တို့မောင်နှမတွေအားလုံးကို တစ်ယောက်တစ်မျိုးစီ ချစ်ကြပါတယ်။
ဒါကိုသင်နားလည်အောင် ရှင်းပြဖို့မဖြစ်နိုင်တာကြောင့် သင့်ကိုချစ်တယ်ဆိုတာ ယုံလိုက်ပါ။(၅) ဒီလိုမိဘမျိုးနဲ့မှ မွေးလာရတယ်ဆိုတဲ့စကားမျိုးကိုလည်း လုံးဝမပြောသင့်ပါဘူး။ ဒါဟာ သင့်ရဲ့မိဘကို အနာကျင်စေဆုံးစကား
ဖြစ်ပါတယ်။ သင့်မိဘနဲ့ပတ်သက်ပြီး သင့်မှာခံစားချက်တွေအများကြီးရှိမှာပါ။ဒါပေမယ့် သူတို့ကို ဒီလိုစကားမျိုးမပြောသင့်ပါဘူး။ ပြည့်စုံတဲ့သူရယ်လို့ လောကမှာမရှိပါဘူး။(၆) မိဘတွေကို ကူညီရတာ သို့ ထောက်ပံ့ရ
တာ ပင်ပန်းတယ်လို့ မငြီးပါနဲ့။ သင့်ကို ငယ်စဉ်ကတည်းက အခုအချိန်အထိ ပြုစုပျိုးထောင်ပြီး အရွယ်ရောက်တဲ့အထိ ကျွေးမွေးခဲ့ရတာကို ပင်ပန်းတယ်လို့ တစ်ချက်မှ မငြီးခဲ့တဲ့ သင့်မိဘတွေပါ။(၇) မိဘတွေအနားမှာ
မနေချင်ဘူးလို့မပြောပါနဲ့မိဘတွေအသက်ကြီးလာတဲ့အခါပြုစုရတာတွေ၊သည်းခံရတာတွေများများလာမှာပါမိဘတွေကိုရှောင်တာ၊မခေါ်မပြောပဲနေတာ၊အကြာကြီးမဆက်သွယ်တာတွေမလုပ်သင့်ပါဘူးမိဘတွေဟာ
အသက်ကြီးလာတာနဲ့အမျှအထီးကျန်လာကြတာကြောင့်သားသမီးတွေကိုပဲတမ်းတနေတတ်ကြပါတယ်သင့်ကိုငယ်စဉ်မှာမငြီးမတွားနဲ့ပြုစုစောင့်ရှောက်ခဲ့တဲ့သင့်မိဘအပေါ် သင်လည်းတာဝန်ကျေပွန်သင့်ပါတယ်။credit