ရွှေ၁၀ပိဿာကျော်ပြင်ပဈေးထက်သက်သာအောင် ရောင်းပေးမည်ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းYGEAက အောက်တိုဘာ၁၂ရက်မှာ ရောင်းချပေးမယ့်မီးလင်း ရွှေအတုံးအခဲ၁၂ပိဿာနဲ့၇၇ကျပ်သားကိုပြင်ပ

ပေါက်ဈေးထက်သက်သာတဲ့ဈေးနဲ့ ရောင်းပေးမှာဖြစ်တယ်လို့YGEAဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်ရောင်းချပေးမယ့် ရွှေအတုံးအခဲတွေကိုတော့အကယ်ဒမီ ရွှေဆိုင်က၂ပိဿာ၊ အောင်သမာဓိရွှေဆိုင်က၁ပိဿာ၊ဇွဲထက်ရွှေဆိုင်က ၁ပိဿာ၊YGEAဒုဥက္ကဋ္ဌက၁ပိဿာ၊ ရွှေကုန်သည်

ဦးဧရာစိုးနိုင်က၁ပိဿာနဲ့YGEAဥက္ကဋ္ဌက၅၀ကျပ်သားအပါအဝင်ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့အလုပ်အမှုဆောင်နဲ့အသင်းဝင်၂၄ယောက်တို့ကရွှေတွေထည့်ဝင်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်

ပြည်တွင်း ရွှေဈေးကိုထိန်းပေးဖို့ရည်ရွယ်ပြီးပြင်ပပေါက်ဈေးထက်သက်သာတဲ့ဈေးနဲ့ ရောင်းပေးသွားမှာဖြစ်တယ်လို့ဦးမျိုးမြင့်က ပြောပါတယ်။ ရောင်းချပေးမယ့် ရွှေ၁၀ပိဿာကျော်ကိုတော့အသင်းဝင်တွေကလွဲပြီးဘယ်သူမဆို

မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူနဲ့တကွလူတစ်ယောက်ကိုတစ်ကျပ်သားကနေ ၁၀ကျပ်သားအထိတစ်ကြိမ်စီဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်မန္တလေးမြို့မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ၇ရက်ကရွှေတစ်ကျပ်သားကို

ကျပ်၂၅သိန်း လေးသောင်းနှုန်းနဲ့မီးလင်းရွှေတုံးခုနစ်ပိဿာကို ရောင်းချပေးခဲ့ပြီး အောက်တိုဘာ၈ရက်မှာလည်း ရွှေ၎ပိဿာခွဲထပ်မံရောင်းချ ပေးခဲ့တယ်လို့သိရပါတယ်။