အပြစ်ကင်းသူမရှိလင်မယား၂ယောက်ငါးနှစ်ကြာအိမ်
ထောင်ပြုနေထိုင်ပြီးမှကလေးတစ်ယောက်ရပါတယ်ကလေးငယ်လေး၁နှစ်သားအရွယ်အရွယ်ရောက်တဲ့အချိန်မှာ

ဖြစ်ပါတယ်။အိမ်မှာပုရွက်ဆိတ်တွေရှင်းဖို့ဆေးဗူးတစ်ဗူးရှိသတဲ့အဲ့ဒါကိုရုံးသွားခါနီးလှမ်းမြင်လိုက်တဲ့အမျိုးသားကမီးဖိုချောင်ထဲမှာရှိနေတဲ့ဇနီးကိုအရှေ့ရောက်ရင်ပိတ်လိုက်

ပါအုံးလို့လှမ်းအော်ပြီးကမန်းကတန်းနဲ့ထွက်သွားပါတယ်မီးဖိုချောင်ထဲမှာအလုပ်များနေတဲ့အမျိုးသမီးကလည်းအလုပ်များနေတော့ချက်ချင်းလာမပိတ်နိုင်ဘူးပေါ့ဒါနဲ့

သွားလာတတ်ပြီဖြစ်တဲ့ကလေးငယ်ကအနံ့မွေးတဲ့ဆေးဗူးကိုစားစရာအမှတ်တဲ့သောက်လိုက်ပါတယ်ဒါကိုနောက်မှမြင်တဲ့အမေက ဆေးရုံကိုခပ်မြန်မြန်ပို့ပေမယ့်အချိန်မမှီတော့ပါဘူး

ကွယ်လွန်သွားရှာပါတယ်ဒါနဲ့မိခင်ဖြစ်သူကခင်ပွန်းဖြစ်သူလာရင်သူ့ကို ဆူဆဲမယ်။ကြိမ်းမောင်းမယ်ဆိုတာကိုကြိုတွေးလို့လည်းစိုးရိမ် ပူပန်နေပါတယ်သူမအမျိုးသားကိုဘယ်လို

ရင်ဆိုင်ရမလဲလဲမသိပါဘူးဒီလိုနဲ့ယောင်္ကျားဖြစ်သူရောက်လာပြီးခဏသာမင်သက်ပြီးမှဇနီးကိုတယုတယဖက်လို့စကားတစ်ခွန်းစပြောပါတယ်I Love You Darlingဇနီးဖြစ်သူဟာ

အံ့သြဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ပါတယ်အမှန်တော့အမျိုးသားဖြစ်သူကဆေးဗူးကိုအလုပ်ဘယ်လောက်များများသေချာပိတ်ခဲ့ရင်ဖြစ်လာစရာအကြောင်းမရှိဘူးလို့လဲသူလက်ခံတာ

ကြောင့်အမျိုးသမီးဖြစ်သူကိုလည်းသူအပြစ်မတင်ပါဘူးအမျိုးသမီးဖြစ်သူဟာလည်းအမျိုးသားကိုအပြစ်မတင်တောပါဘူးဒါပေမယ့်သူတို့၂ယောက်စလုံးမှားယွင်းချက်ရှိတာကို

တော့အတူလက်ခံခဲ့ကြပါတယ်သင်ခန်းစာတစ်ခါတစ်ရံမှာလူတွေဟာတစ်ယောက်နဲ့တစ်ယောက်ဘယ်သူမှားတယ်၊ဘယ်သူမှန်တယ်ဆိုတာနဲ့အပြစ်ဖို့လို့ဘဝရဲ့ပျော်ရွှင်မှုတွေကိုအဆုံးရှုံး

ခံနေကြပါတယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊မိသားစုမှာပဲ ဖြစ်ဖြစ်ဘယ်သူမှားမှားမှန်မှန်ကောင်းကောင်းဆိုးဆိုးတူတူပြုပြင်ပြီးကျန်ရှိနေသေးတဲ့ဘဝအချိန်လေးမှာပျော်ရွှင်စွာနေထိုင်နိုင်ဖို့လိုအပ်ပါတယ်Credit