အသစ်စက်စက်လက်ထပ်ထားတဲ့လင်မယားနှစ်ယောက်ဟာနောက်တစ်နေ့မနက်မှာမိဘတွေလက်ဖွဲ့ထားတဲ့တထပ်တိုက်လေးထဲကလက်ဖွဲ့တွေကိုစစ်ဆေးကြည့်နေကြတယ်နှစ်ဖက်

မိဘအသိုင်းအဝိုင်းတွေဟာအရမ်းချမ်းသာတဲ့သူဌေးတွေဖြစ်ကြလို့ လက်ဖွဲ့တွေကလည်းအဖိုးတန်ပစ္စည်းတွေနဲ့ပိုက်ဆံတွေများပါတယ်နောက်ဆုံးလက်ဖွဲ့အထုတ်ကိုဖေါက်လိုက်တဲ့အခါ

အထုတ်ထဲမှာစာအိတ်ဖြူတခုကိုတွေ့လိုက်ရတယ်စာအိတ်ကိုဖေါက်ကြည့်လိုက်တော့နောက်အပတ်မှာလုပ်မယ့်နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့Live Show ပွဲတခုရဲ့ရှေ့ဆုံး

တန်းကလက်မှတ်နှစ်စောင်ဖြစ်နေတယ်အဲဒီShowပွဲရဲ့လက်မှတ်ခဟာအရမ်းဈေးကြီးသလိုလက်မှတ်ဝယ်လို့လည်းမရတော့ဘူး ဖျော်ဖြေမယ့်အဆိုတော်ဟာသူတို့နှစ်ယောက်

စလုံးအင်မတန် ကြိုက်နှစ်သက်တဲ့အဆိုတော်ပါသူတို့နှစ်ယောက်ဟာလက်မှတ်တွေကိုကြည့်ပြီးအရမ်းဝမ်းသာသွားကြတယ်လက်မှတ်တွေနဲ့အတူပန်းရောင်စာရွက်ခေါက်လေးတခု

ကိုတွေ့လို့ဖြန့်ပြီးဖတ်ကြည့်လိုက်ကြတယ်စာရွက်ပေါ်မှာရေးထားတာကလက်မှတ်ပေးသူကိုမှန်းဆကြည့်ပါတဲ့စာအောက်မှာနာမည်မပါဘူးလင်မယားနှစ်ယောက်ဟာ

နောက်နေ့ကျတော့သူတို့မိတ်ဆွေတွေကိုလက်မှတ်ပေးတာဘယ်သူလဲဆိုပီးမေးကြည့်တယ်အားလုံးကသူတို့မဟုတ်ဘူးလို့ပြောကြတယလင်မယားလည်းလူကုန်သလောက်မေးပြီး

လို့လက်မှတ်ပို့သူကိုရှာမတွေ့တာကြောင့် လက်လျှော့လိုက်ကြတယ်ဘာပဲဖြစ်ဖြစ်လက်မှတ်ပေးတဲ့သူကိုကျေးဇူးတင်နေကြတယ်Showပွဲစမယ့်ညနေမှာသူတို့လင်မယားဟာ

နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာထမင်းစားကြတယ်ပြီးမှShowပွဲကိုသွားကြည့်တယ်Showပွဲဟာလူအပြည့် ပါပဲတီးတာဆိုတာတွေကလည်းအရမ်းကောင်းပရိသတ်တွေက

လည်းသီချင်းတွေလိုက်ဆိုကြနဲ့ဆိုတော့ပျော်စရာအလွန်ကောင်းတယ်အဆိုတော်ကလည်းသူတို့ကြိုက်တဲ့သီချင်းတွေကိုအများဆုံးဆိုသွားလို့လင်မယားနှစ်ယောက်ဟာအရမ်း

ပျော်နေကြတယ်Showပွဲကည၁၁နာရီမှပြီးတယ်အိမ်ကိုသူတို့ကားလေးနဲ့ ပြန်လာကြတယ်လမ်းမှာသူတို့ဟာShowပွဲဘယ်လောက်ကောင်းကြောင်းအဆိုတော်ကိုအနီးကပ်မြင်တွေ့

ရလို့ကျေနပ်ကြောင်းနဲ့လက်မှတ်ပေးတဲ့သူကိုလည်းအရမ်းကျေးဇူးတင်ကြောင်းတွေတဖွဖွပြောလာကြတယ်သူတို့အိမ်ပြန်ရောက်တဲ့အခါသော့ခတ်ထားတဲ့ခြံဝင်းတံခါးပွင့်နေတယ်

ခြံဝင်းထဲမှာ ကားရပ်ပြီးတာနဲ့နှစ်ယောက်စလုံးကားပေါ်ကကမန်းကတန်း ဆင်းပြီးအိမ်ဆီကိုပြေးသွားကြတယ်သော့ခတ်ထားတဲ့အိမ်တံခါးမကြီးလည်းပွင့်နေတယ်သူတို့အိမ်ထဲကို

စိုးရိမ်တကြီးနဲ့ဝင်လိုက်တယ်အိမ်ထဲကဘီရိုအံဆွဲတွေ၊စားပွဲအံဆွဲတွေပွင့်နေပီးအိပ်ခန်းထဲမှာလည်းမွှေနှောက်ရှာထားလို့ပစ္စည်းတွေပျံ့ကျဲနေတယ်သူတို့ပိုင်တဲ့ရွှေငွေရတနာနဲ့ပိုက်ဆံ

တွေလက်ဖွဲ့ရတဲ့ပစ္စည်းတွေဘာမှမရှိတော့ဘူးအကုန်ခိုးခံလိုက်ရပြီဒါနဲ့လင်မယားနှစ်ယောက်လည်းအရမ်းစိတ်ဓါတ်ကျနေကြတယ်မိန်းမလည်းရှိုက်ကြီးတငင်ငိုနေတယ်ခဏကြာ

တော့လင်မယားနှစ်ယောပ်ဟာရေသောက်ဖို့ထမင်းစားခန်းထဲကိုဝင်လိုက်ကြတယ်ထမင်းစားပွဲပေါ်မှာပန်းရောင်စာရွက်ခေါက်လေးတခုကိုတွေ့လိုက်ကြတယ်ယောက်ျားကစာရွက်

ခေါက်ကိုကမန်းကတန်းဖြန့်လိုက်ပြီးလက်မယားနှစ်ယောက်အတူဖတ်ကြည့်လိုက် ကြတယ်စာရွက်ပေါ်မှာရေးထားတာကလက်မှတ်ပေးသူကိုအခုသိပြီမဟုတ်လားတဲအရင်စာထဲ

ကလက်ရေးနဲ့အတူတူပဲနာမည်မရေးထားဘူးသင်နဲ့မရင်းနှီးသူတစ်ယောက်ကတစုံတခုကိုအလကားပေးလာရင်သတိထားပါအထူးသဖြင့်ဈေးကြီးတာကိုအလကားပေးလာတယ်ဆိုရင်ပိုပြီးသတိကြီးကြီးထားလိုက်ပါလောကကြီးမှာမည်သည့်အရာမှအလကားမရပါcredit