မြင်းတွေသောက်တဲ့စမ်းချောင်းကရေကိုသောက်ပါ။မြင်းကဘယ်တော့မှရေဆိုးကိုမသောက်ပါဘူး။ကြောင်အိပ်တဲ့နေရာမှာသင့်အိပ်ယာကိုစဟးးခင်းပါ။ပိုးကောင်တကောင်ထိခံထားရတဲ့သစ်သီးကိုစားပါ။အင်းဆက်နားတဲ့မှိုကိုရဲရဲနှုတ်ပါ။

ပွေးတွင်းတူးတဲ့နေရာမှာသစ်ပင်စိုက်ပါမြွေကသူ့ကိုယ်သူနွေးစေဖို့ခွေတဲ့နေရာမှာသင့်ရဲ့အိမ်ကိုဆောက်ပါ။ငှက်တွေအပူရှောင်ပုန်းခိုတဲ့နေရာမှာသင့်ရဲ့ရေပန်းကိုတူးပါငှက်တွေနဲ့တချိန်တည်းအိပ်ယာဝင်အိပ်ယာထပါသင်နေ့အားလုံးမှာရွှေ

ဝါရောင်ကောက်နှံစေ့တွေရိတ်သိမ်းရပါလိမ့်မယ်။ဟင်းရွက်စိမ်းတွေပိုစားပါသစ်တောထဲကသတ္တဝါတွေလိုသင့်မှာသန်မာတဲ့ခြေထောက်တွေနဲ့ခုခံအားရှိတဲ့နှလုံးတခုကိုပိုင်ဆိုင်လာပါလိမ့်မယ်။မကြာမကြာရေကူးပါရေထဲကငါးလိုသင်မြေပြင်

ပေါ်မှာခံစားရပါလိမ့်မယ်ဖြစ်နိုင်သမျှမကြာမကြကောင်းကင်ကိုကြည့်ပါသင့်အတွေးတွေပေါ့ပါးကြည်လင်လာပါလိမ့်မယ်။ကောင်းစွာဆိတ်ဆိတ်နေပါ၊စကားမပြောမိသလောက်နေပါထိုအခါဆိတ်ငြိမ်ခြင်းဟာသင့်နှလုံးအိမ်ထဲဝင်လာပြီးသင့်စိတ်ဟာတည်ငြိမ်ပြီးသာယာအေးချမ်းမှုတွေပြည့်လာပါမယ်



