ဘဝမွာဘယ္ေတာ့မွေမ်ာ္လင့္မထားသင္တဲ့အေျခေန(၅)မ်ိဳးေမွ်ာ္လင့္ခ်က္ဆိုတာမ်ိဳးကမထားေလေကာင္းေလပါပဲ။ ဒါေပမယ့္လည္းလူ႕သဘာဝအရေမွ်ာ္လင့္မိတတ္တာေတြရွိေနပါတယ္။ ျဖစ္မလာေသးတဲ့ အနာဂတ္အေျခအေနကို ေမွ်ာ္လင့္ထားမိတတ္သူေတြအဖို႔ေတာ့

ဒီလိုအေျခအေနေတြကိုမေမွ်ာ္လင့္ထားသင့္ ပါဘူး။ေမွ်ာ္လင့္ထားသလိုျဖစ္မလာခဲ့ရင္နာက်င္ရမွာကကိုယ္တိုင္မို႔ဒီအခ်က္ ေတြကိုလံုးဝသတိထားသင့္ပါတယ္ေနာ္။(၁) ကိုယ့္ေၾကာင့္ေျပာင္းလဲမယ္မေမွ်ာ္လင့္ပါနဲ႔လူတိုင္းကသူ႕ပုံစံနဲ႕သူျဖစ္တည္ လာတာပါ။အက်င့္ေတြ၊ေနထိုင္ပုံေတြေျပာင္းလဲသြားၾကတဲ့သူေတြရွိတယ္ဆိုတာ

သူတို႔ကိုယ္တိုင္ေျပာင္းလဲေနထိုင္ခ်င္စိတ္ရွိလို႔ပါ။ဒါေပမယ့္လည္းကိုယ္ေနေနက်အတိုင္းေနသူေတြကပိုမ်ားပါတယ္။ကိုယ္ကတျခားသူတစ္ေယာက္ကိုေျပာင္းလဲေအာင္လုပ္နိုင္တယ္ေမွ်ာ္လင့္ေနရင္ေတာ့သင့္အခ်ိန္ေတြပဲႏွေျမာစရာျဖစ္ေနမွာပါ ။

(၂)အခ်စ္ကိုမေမွ်ာ္လင့္ပါနဲ႔အခ်စ္ဆိုတာမ်ိဳးကလုပ္ယူလို႔ရတာမဟုတ္ပါဘူး။ဒါေၾကာင့္ကိုယ့္ကိုမခ်စ္တဲ့သူကိုခ်စ္မိသြားရင္ အရွိတရားကိုလက္ခံလိုက္တာေကာင္းပါတယ္။တစ္ေန႕ေန႕ခ်စ္လာမွာပါဆိုတဲ့စိတ္နဲ႕ေစာင့္ေနရင္သင့္ရဲ႕တကယ့္ဖူးစာဖက္နဲ႕ေတာင္ လြဲသြားႏိုင္ ပါတယ္ ။

(၃)လူအမ်ားသေဘာက်ဖို႔မေမွ်ာ္လင့္ပါနဲ႔လူတိုင္းကကိုယ့္ကိုသေဘာမက်ပါဘူး။ဒီလိုပဲလူတိုင္းကကိုယ့္ကိုသေဘာမက်တာမ်ိဳးမဟုတ္ပါဘူး။ကိုယ္ကဘယ္ေလာက္ပဲရိုးသားၿပီးခ်စ္ဖို႔ေကာင္းေနပါေစဟန္ေဆာင္ေနတယ္လို႔ထင္ၿပီးမုန္းေနတဲ့ သူေတြလည္းရွိေနတာကေလာကသဘာဝတစ္ခုပဲ ျဖစ္ပါတယ္ ။

(၄) ကိုယ့္စိတ္ကိုသိဖို႔ မေမွ်ာ္လင့္ပါနဲ႔တစ္ေယာက္နဲ႕တစ္ေယာက္ရင္းႏွီးလာေလေလတစ္ေယာက္စိတ္ကို တစ္ေယာက္ နားလည္ေလေလလို႔ေျပာေလ့ရွိၾကေပမယ့္မိဘမေျပာနဲ႕တခါတေလကိုယ့္စိတ္ကိုယ္ေတာင္မခန့္မွန္းတတ္တာ ျဖစ္ေနတတ္ပါတယ္။ဒါေၾကာင့္ ဖြင့္ေျပာမွသာသိၾကတာပါ။အလိုအေလ်ာက္သိဖို႔ဆိုတာမလြယ္ကူတဲ့အရာတစ္ခုျဖစ္ပါတယ္ ။

(၅) ေသျခင္းမရွိသလိုမေမွ်ာ္လင့္ထားပါနဲ႔လူတိုင္းကတေန႕မွာအေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ေသဆုံးရမွာပါဘယ္သူပဲျဖစ္ျဖစ္ကြယ္လြန္တဲ့သတင္းၾကားရင္လက္ခံလိုက္ရတဲ့တည္ၿငိမ္မႈမ်ိဳးကိုကိုယ့္အနားကသူေတြထြက္သြားရင္လည္းရွိထားသင့္ပါတယ္။

ကိုယ့္အနားက သူေတြက ဘယ္ေတာ့မွ မေသဆုံးေတာ့သလို ေတြးေနတာမ်ိဴးက သင့္ကို ပုံမွန္ထက္ပိုၿပီး နာက်င္ ခံစားရေစႏိုင္ပါတယ္ေနာ္ ။Credit – Kham

ဘဝမှာဘယ်တော့မှမျော်လင့်မထားသင်တဲ့အခြေနေ(၅)မျိုးမျှော်လင့်ချက်ဆိုတာမျိုးကမထားလေကောင်းလေပါပဲ။ ဒါပေမယ့်လည်းလူ့သဘာဝအရမျှော်လင့်မိတတ်တာတွေရှိနေပါတယ်။ ဖြစ်မလာသေးတဲ့ အနာဂတ်အခြေအနေကို မျှော်လင့်ထားမိတတ်သူတွေအဖို့တော့

ဒီလိုအခြေအနေတွေကိုမမျှော်လင့်ထားသင့် ပါဘူး။မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင်နာကျင်ရမှာကကိုယ်တိုင်မို့ဒီအချက် တွေကိုလုံးဝသတိထားသင့်ပါတယ်နော်။(၁) ကိုယ့်ကြောင့်ပြောင်းလဲမယ်မမျှော်လင့်ပါနဲ့လူတိုင်းကသူ့ပုံစံနဲ့သူဖြစ်တည် လာတာပါ။အကျင့်တွေ၊နေထိုင်ပုံတွေပြောင်းလဲသွားကြတဲ့သူတွေရှိတယ်ဆိုတာ

သူတို့ကိုယ်တိုင်ပြောင်းလဲနေထိုင်ချင်စိတ်ရှိလို့ပါ။ဒါပေမယ့်လည်းကိုယ်နေနေကျအတိုင်းနေသူတွေကပိုများပါတယ်။ကိုယ်ကတခြားသူတစ်ယောက်ကိုပြောင်းလဲအောင်လုပ်နိုင်တယ်မျှော်လင့်နေရင်တော့သင့်အချိန်တွေပဲနှမြောစရာဖြစ်နေမှာပါ ။

(၂)အချစ်ကိုမမျှော်လင့်ပါနဲ့အချစ်ဆိုတာမျိုးကလုပ်ယူလို့ရတာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ့်ကိုမချစ်တဲ့သူကိုချစ်မိသွားရင် အရှိတရားကိုလက်ခံလိုက်တာကောင်းပါတယ်။တစ်နေ့နေ့ချစ်လာမှာပါဆိုတဲ့စိတ်နဲ့စောင့်နေရင်သင့်ရဲ့တကယ့်ဖူးစာဖက်နဲ့တောင် လွဲသွားနိုင် ပါတယ် ။

(၃)လူအများသဘောကျဖို့မမျှော်လင့်ပါနဲ့လူတိုင်းကကိုယ့်ကိုသဘောမကျပါဘူး။ဒီလိုပဲလူတိုင်းကကိုယ့်ကိုသဘောမကျတာမျိုးမဟုတ်ပါဘူး။ကိုယ်ကဘယ်လောက်ပဲရိုးသားပြီးချစ်ဖို့ကောင်းနေပါစေဟန်ဆောင်နေတယ်လို့ထင်ပြီးမုန်းနေတဲ့ သူတွေလည်းရှိနေတာကလောကသဘာဝတစ်ခုပဲ ဖြစ်ပါတယ် ။

(၄) ကိုယ့်စိတ်ကိုသိဖို့ မမျှော်လင့်ပါနဲ့တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလာလေလေတစ်ယောက်စိတ်ကို တစ်ယောက် နားလည်လေလေလို့ပြောလေ့ရှိကြပေမယ့်မိဘမပြောနဲ့တခါတလေကိုယ့်စိတ်ကိုယ်တောင်မခန့်မှန်းတတ်တာ ဖြစ်နေတတ်ပါတယ်။ဒါကြောင့် ဖွင့်ပြောမှသာသိကြတာပါ။အလိုအလျောက်သိဖို့ဆိုတာမလွယ်ကူတဲ့အရာတစ်ခုဖြစ်ပါတယ် ။

(၅) သေခြင်းမရှိသလိုမမျှော်လင့်ထားပါနဲ့လူတိုင်းကတနေ့မှာအကြောင်းအမျိုးမျိုးနဲ့သေဆုံးရမှာပါ။ဘယ်သူပဲ ဖြစ်ဖြစ် ကွယ်လွန်တဲ့သတင်းကြားရင်လက်ခံလိုက်ရတဲ့တည်ငြိမ်မှုမျိုးကိုကိုယ့်အနားကသူတွေထွက်သွားရင်လည်းရှိထားသင့်ပါတယ်။

ကိုယ့်အနားက သူတွေက ဘယ်တော့မှ မသေဆုံးတော့သလို တွေးနေတာမျိူးက သင့်ကို ပုံမှန်ထက်ပိုပြီး နာကျင် ခံစားရစေနိုင်ပါတယ်နော် ။Credit – Kham

LEAVE A REPLY

Please enter your comment!
Please enter your name here