ဘဝမှာအရှက်ရဆုံးနေ့ကိုပြောပါဆိုရင်ဒီနေ့လို့ပြောရမယ်အဘိုးကြီးကကျွေးသလောက်ငတ်တယ်တဲ့လားဘဝမှာအရှက်ရဆုံးနေ့ကိုပြောပါဆိုရင်ဒီနေ့လို့ပြောရမယ်အဘိုးကြီးကကျွေး

သလောက်ငတ်တယ်တဲ့မနက်စောစောဆိုရင်ကျုပ်ကဆာပြီ။ ဟိုတုန်းကတော့ဘဏ်ကိုသွားနိုင်တော့ပင်စင်လေးကိုကိုယ်တိုင်ထုတ်၊ပိုက်ဆံလေးကိုင်ပြီးစားချင်တာဝယ်စားနိုင်သေး

တယ်။ခုတော့လမ်းမလျှောက်နိုင်တော့တာ၂နှစ်ကျော်သွားပြီချော်လဲပြီးကတည်းကမထနိုင်တော့တာခုထိပါပဲမိုးလင်းရင်ဗိုက်ဆာတယ်ဆန်ပြုတ်လေးဖြစ်ဖြစ်သောက်ချင်တယ်ပျော့

တာလေးတွေပဲစားချင်တယ်ဒါပေမဲ့သူတို့ကျွေးတာစားရမယ်ချေးများနေလို့မရဘူးလေကိုယ်ကရှာနိုင်ဖွေနိုင်တော့တာမှမဟုတ်တာအဖေရော့ဒီမှာစားဘာလဲလို့ကြည့်လိုက်တယ်

မုန့်ဟင်းခါးပဲပဲကြော်နဲ့ ဘယ်လိုလုပ်ပြီးဝါးနိုင်မှာလဲမုန့်ဟင်းခါးကအခန့်မသင့်ရင်ဝမ်းသွားမယ်အိမ်သာကိုဖင်ဒယဉ့်တိုက်နဲ့သွားရတဲ့ဒုက္ခကသေးတာမဟုတ်ဘူးဆီးအိုးကိုတောင်

ဆောင့်အောင့်နေကြတာအဖေဘာလို့မစားတာလဲအဖေဗိုက်မဆာလို့ပါကွာအဲဒါဆိုလည်းစောစောကပြောပေါ့။ခုတော့အေးစက်နေပြီသားဖြစ်သူကဆောင့်အောင့်ပြီးပန်းကန်ကိုပြန်သိမ်း

သွားတယ်ချွေးမကကျွန်မမပြောဘူးလားရှင့်အဖေကကျုပ်မကြားချင်ယောင်ဆောင်လိုက်ပါတယ်အသက်ကြီးလာမှာနားပင်းချင်ယောင်ဆောင်နေရတာလည်းအခါခါပေါ့သားက

အလုပ်သွားတော့ချွေးမကိုသမီးရေအဖေထမင်းဆာတယ်ဒါထမင်းချိန်လားအလိုက်ကမ်းဆိုးကိုမသိဘူးဒီမှာဈေးတောင်သွားရသေးတာမဟုတ်ဘူးဘာဖြစ်ဖြစ်ပါလေသူတို့ကျွေးမှစား

နေရတဲ့ဘဝဆိုတော့မျိုသိပ်လိုက်ရတာပဲမြေးလေးက အိမ်ပေါ်ကိုပြေးတက်လာတယ်ဘိုးဘိုးကြီးသကြားလုံးစားမလားအေးစားမယ်ရော့မြေးလေးကကျုပ်ကိုတုတ်ထိုးသကြားလုံး

လေးပေးတယ်ကျုပ်ကလည်းဆာဆာနဲ့မြေးလေးဆီကသကြားလုံးလေးကိုယူပြီးစုပ်လိုက်တယ်။ချိုလားဘိုးဘိုးအေးချိုတယ်ကောင်းလားအေးကောင်းတယ်ကောင်းရင်ဝယ်ကျွေးဦး

မယ်ကျုပ်ကသကြားလုံးလေးကိုစုပ်လိုက်ပြီးရော့မြေးလေးစားအဲဒီအချိန်မှာချွေးမကဟဲ့နင်မို့လို့မရွံ့မရှာကလေးလက်ထဲက သကြားလုံးကိုပုတ်ထုတ်လိုက်တယ်အဖေအဖေ့ပါးစပ်နဲ့

စုပ်ပြီးသားကိုဘာဖြစ်လို့ကလေးကိုပေးရတာလဲအဖေကအတော်လေးငတ်တာပဲကလေးဆီကတောင်မရှောင်ကျွေးသလောက်ငတ်တယ်ကျုပ်ဘဝတစ်လျှောက်လုံးသားတွေ

သမီးတွေကိုကုန်းရုန်းပြီးရှာဖွေကျွေးခဲ့ပါတယ်စိတ်ထဲမှာစားသလောက်ကျွေးမယ်လို့ပဲသဘောထားပြီးရှာဖွေကျွေးခဲ့တာပါချွေးမနဲ့မြေးလေးက ဈေးသွားတယ်အင်းဈေးသွားပြီဆိုရင်

တော့ပြန်လာရင်ထမင်းလေးဘာလေးစားရတော့မှာပေါ့အိမ်ရှေ့ကအကြော်စုံပဲပြုတ်အီကြာကွေးဈေးသည်တွေဖြတ်သွားတယ်အီကြာကွေးလေးနဲ့ ဆန်ပြုတ်လေးသတိရလိုက်တာ။

လမ်းထိပ်ကဆန်ပြုတ်ရောင်းတဲ့တရုတ်ကြီးမောင်ပုရှိသေးရဲ့လားကျုပ်ကတစ်ယောက်တည်းစကားပြောရတာသဘောကျတယ်ဒါကိုလည်းအဘိုးကြီးရူးနေလားမသိဘူးတဲ့တစ်ရေး

လောက်အိပ်လိုက်ရင်ကောင်းမယ်ထင်ပါတယ်မှေးခနဲဖြစ်သွားချိန်မှာတံခါးကိုဝုန်းခနဲဖွင့်သံကြားလိုက်ရလို့လန့်နိုးသွားတယ်သားဖြစ်သူပြန်လာတယ်ဗီရိုတွေမွှေနှောက်တယ်ချွေးမ

ဈေးကပြန်လာတယ်ရှင်ပေးထားတဲ့ပိုက်ဆံကနှစ်ပြားတစ်ပဲကျွန်မမှာဈေးဝယ်ရ၊ရှင့်အဖေအတွက်ဆေးဝယ်ရဘယ်မှာလောက်မှာလဲမရှိလို့မရှိဘူးပြောတာပေါ့။အိမ်မှာကလူပိုတွေ

တင်ကျွေးထားရတာရှင်နားလည်မှပေါ့အိုလူပိုတွေတဲ့လားသူတို့လင်မယားတစ်ယောက်တစ်ခွန်းစကားတွေများနေတာစိတ်မချမ်းသာစရာပဲရှင့်ကိုပြောသားပဲဒီတိုက်ခန်းရောင်းလိုက်လို့

ပြီးတော့တစ်နေရာမှာသက်သာတဲ့အိမ်လေးဝယ်နေရင်ရတာပဲကျုပ်စိတ်ထဲမှာထောင်းခနဲဖြစ်သွားတယ်ဟေ့ငါမသေသေးပါဘူးကွယ်မသေသေးပါဘူးပြောချင်ပေမယ့်လည်ချောင်းထဲက

အသံတွေကထွက်မလာဘူးချွေးမကအိမ်မှာကလူပိုတွေကတစ်မျိုးကြွက်တွေကတစ်မျိုးကြည့်လေညကကြောင်အိမ်ထဲမှာသောင်းကျန်းထားတာဆေးချပြီးအကုန်ရှင်းပစ်မှအေးမယ်

သားဖြစ်သူကပြန်ထွက်သွားတယ်ချွေးမကမြေးလေးကိုမှာနေတယ်ဘိုဘိုဟောဒီပုလင်းကိုမကိုင်နဲ့နော်ဒါကြွက်ဆေးတွေကြွက်တွေကသတ်မှရတော့မယ်မေမေဈေးထဲမှာဆီပုလင်း

ကျန်ခဲ့လို့သွားယူရဦးမယ်သားလည်းလမ်းထိပ်မှာအခွေလိုက်ငှားမယ်နင်တို့သားအဘကတော့တစ်ယောက်ကဘောလုံးတစ်ယောက်ကအခွေဒါတွေနဲ့အချိန်ကုန်နေတော့တာပဲဗိုက်ဆာ

လိုက်တာ။ တစ်ခုခုလေးစားရရင်ကောင်းမှာပဲဘာပဲဖြစ်ဖြစ်ထမင်းကြမ်းလေးဝါးလိုက်ရရင်ကောင်းမှာပဲကျုပ်ကမီးဖိုးခန်းထဲကိုဖင်ဒယဉ့်တိုက်ပြီးသွားလိုက်တယ်ထမင်းစားပွဲကိုလက်နဲ့

ခိုပြီးထကြည့်ဖို့ ကြိုးစားတယ်စားပွဲကမှောက်သွားပြီးကျုပ်ပေါ်ကိုပန်းကန်တွေ ကျလာတယ်ဒုက္ခပဲချွေးမပြန်လာရင်ဆူတော့ဆဲတော့မယ်ပုလင်းလေးတစ်လုံးပါလားဘာပါလိမ့်

လောကကြီးဟာဘာမှလည်း မဟုတ်ပါလားဒီလိုဘဝမျိုးမှာငါကသူများပြောတိုင်းခံပေးမှကျွေးမှစားနေရတာသဘာဝကျသလားငါဟာငတ်နေသလားငါကလူပိုကြီးလားငါကရူးနေ

သလားမင်းတို့ပေးမှကျွေးမှစားရမှာလားကျုပ်လက်ထဲကပုလင်းလေးကအခြားသောသတ္တဝါတွေအတွက်သေဆေးဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကျုပ်အတွက်တော့အားဆေးဖြစ်နေတယ်ဘာပြောပြောကျုပ်ပုလင်းကိုဖွင့်လိုက်တယ်