ဘာနဲ့လျှော်လျှော်မပျောက်ဘူးဆိုတဲ့ဦးရေပြားက ဘောက်တွေကိုဖယ်ရှားနိုင်မယ့်သဘာဝနည်းလမ်း(၄)ခုဦးရေပြားမှာ ဘောက်ထတာဟာအဖြစ်အများဆုံးဆံကေသာနှင့်ဦးရေပြား ပြဿနာတွေထဲကတစ်ခုဖြစ်ပါတယ်ဘောက်ဖြစ်ရတဲ့အဓိက
အကြောင်းရင်းကညစ်ညမ်းမှုများဦးရေပြားခြောက်သွေ့မှုနှင့်ဦးရေပြားအဆီပြန်မှုစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်ဘောက်ပျောက်ခေါင်းလျှော်ရည်တွေသုံးနေပေမယ့်မပျောက်နိုင်သေးလို့စိတ်မညစ်ပါနဲ့ဒီဘောက်ထမှုတွေကိုဖယ်ရှား
နိုင်မယ့်သဘာဝနည်းလမ်းလေးတွေရှိပါတယ်၁။တမာဆီနှင့်သံပုရာတမာဆီမှာ antibacterialဂုဏ်သတ္တိတွေရှိပြီး၎င်းကဘက်တီးရီးယားနှင့်မှိုကြောင့်ဖြစ်ပွားတဲ့ဘောက်တွေကိုသေစေခြင်းမှာကူညီပေးပါတယ်သံပုရာကဗီတာမင်
C ကြွယ်ဝပြီးဦးရေပြားကိုသန့်ရှင်းစေပါတယ်ဒါ့အပြင်ဦးရေပြားအဆီကိုလည်း ထိန်းချုပ်ပေးပါတယ်ပြုလုပ်နည်းကတော့ပန်းကန်တစ်လုံးထဲမှာတမာဆီထမင်းစားဇွန်း၁ဇွန်းထည့်ပါသံပရာရည်လက်ဖက်ရည်ဇွန်း၁ဇွန်းထည့်ပါ
ပါဝင်ပစ္စည်းနှစ်မျိုးစလုံးကိုသမအောင်မွှေပြီး သင့်လက်ချောင်းလေးတွေနဲ့ ဦးရေပြားကိုလိမ်းပေးပါတစ်ညလောက်ထားပြီး နောက်မနက်မှသင့်ဆံပင်တွေကိုရှန်ပူအပျော့စားနဲ့လျှော်ပါဦးခေါင်းကို မျက်နှာသုတ်ပုဝါ
တစ်ထည်ဖြင့်ပတ်ထားပေးပါဒီနည်းလမ်းကို၁ပတ်ကို၃ကြိမ်ဖြင့်၎ပတ်လောက်ပြုလုပ်ပေးပါ၂။ဒိန်ချဉ်နှင့်ကုလားပဲမှုန့်ဒိန်ချဉ်နှင့်ကုလားပဲမှုန့်ဆံပင် ပေါင်းတင်ဆေးက ဘောက်တွေိုကာကွယ်ပေးပြီးသင့်ဦးရေပြားမှာအဆီပြန်
ခြင်းကိုထိန်းချုပ်ပေးပါတယ်ပြုလုပ်နည်းကတော့ပန်းကန်လုံးတစ်လုံးထဲကို ဒိန်ချဉ် ထမင်းစားဇွန်း ၂ဇွန်းထည့်ပါကုလားပဲမှုန့် ထမ်ငးစားဇွန်းတစ်ဝက်ထည့်ပါ၊ပါဝင်ပစ္စည်းနှစ်မျိုး ကို ရောမွှေပြီး သင့်ဆံပင်နှင့်ဦးရေပြား
ကိုသုတ်လိမ်းပြီး နှိပ်နယ်ပေးပါတစ်နာရီလောက်နေမှသင့်ဆံပင်တွေကိုအပျော့စားရှန်ပူနှင့် လျှော်ပေးပါဒီနည်းလမ်းကိုတစ်ပတ်ကို၂ကြိမ် ဘောက်လုံးဝပျောက်သွားတဲ့အထိတစ်လလောက် ပြုလုပ်ပေးပါ၃။အုန်းဆီနှင့်ရှားစောင်းလပ်ပတ်
အုန်းဆီကဦးရေပြားကိုအစိုဓါတ်ရရှိစေသလို ခြောက်သွေ့ဘောက်တွေကိုလည်းကာကွယ်ကုသပေးပါတယ်။ ပြုလုပ်နည်းကတော့ပန်းကန်လုံးတစ်လုံးထဲမှာ အုန်းဆီနွေးနွေးလေးထမင်းစားဇွန်း၁ဇွန်းထည့်ပါရှားစောင်းလပ်ပတ်ရွက်ကို
နှစ်ခြမ်းခြမ်းပြီးအနှစ်ကိုယူပါအနှစ်ကိုအုန်းဆီနွေးနွေးလေးနဲ့ ရောမွှေပြီးသင့်ဆံပင်နှင့် ဦးရေပြားပေါ်မှာ လိမ်းပြီး နှိပ်နယ်ပေးရပါမယ်မိနစ်၃၀-၄၅မိနစ်ကြာမှ ရေနဲ့ဆေးပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပါဒီနည်းလမ်းကို
ဘောက်တွေပျောက်တဲ့အထိတစ်ပတ်ကို၂ကြိမ်ပြုလုပ်ပေးပါ၎။မုန့်ဖုတ်ဆော်ဒါမုန့်ဖုတ်ဆော်ဒါကဘက်တီးရီးယားနှင့်မှုကြောင့်ဖြစ်တဲ့ ဘောက်တွေကို သေစေပါတယ်ဦးရေပြားရဲ့PH Levelကိုလည်းထိန်းပေးပါတယ်ပြုလုပ်နည်းကတော့
မုန့်ဖုတ်ဆော်ဒါထမင်းစားဇွန်းတစ်ဝက်ကို ရေထမင်းစားဇွန်း၂ဇွန်းနဲ့ရောပါဝါဂွမ်းလုံးကိုသုံးပြီးသင့်ဦးရေပြားကိုသုတ်လိမ်းပေးပါမိနစ်၃၀ကြာမှအပျော့စားရှန်ပူနှင့်လျှော်ပေးပါဒီနည်းလမ်းကိုထိရောက်တဲ့ရလဒ်ရရှိစေဖို့တစ်ပတ်ကိုတစ်ကြိမ်၎ပတ်ပြုလုပ်ပေးပါ