အဘမင်းသိင်္ခ၏ဈေးရောင်းကောင်းစေသောရောင်းလိုသမျှရောင်းထွက်စေသော နာမည်ကျော်ယတြာကျွန်ုပ်သည်မြို့ထဲတွင်ဗေဒင်မဟောတော့ပဲမိဘနေအိမ်၌ပင် ဗေဒင်ဟောပြောရလေ၏ကျွန်ုပ်၌အလုပ်တစ်ခုလုပ်ရန်အတွက်ငွေအရင်းအနှီး လိုနေ၏။
ထိုအချိန်၌ကျွန်ုပ်သည်ဆားပုလင်းနှင်းမောင်ဝတ္ထုများကိုတွင်တွင်ကျယ်ကျယ်ကြီး ရေးသားနေပြီဖြစ်၏။ဆေးရုံတက်နေစဉ်အတွင်းပုဏ္ဏားဘကွန်းပထမတွဲဒုတိယတွဲပင်ရေးသားနေပြီဖြစ်၏ထိုဝတ္ထုသည်ကျွန်ုပ်၏စာရေးဆရာ
ဘဝကိုအောင်မြင်စေသောဝတ္ထုဖြစ်၏စာရေးဆရာဘဝအောင်မြင်သော်လည်း ငွေကြေးမှာပြောပလောက်အောင်မရသေးပေဗေဒင်လက္ခဏာဟောပြောခကိုလည်း၁၀မှ၂၅ကျပ်သို့တိုးမြင့်လိုက်ပြီဖြစ်၏ကျွန်ုပ်သည်မော်တော်ကားစီးချင်သောစိတ်များ
ပြင်းထန်လာသောကြောင့်ဟီလမင်ကားတစ်ပတ်ရစ်ကလေးကိုဝယ်၍စီး၏ထိုကားသည်ကျွန်ုပ်အားလွန်စွာဒုက္ခပေး၏မကြာခဏပျက်လေသောကြောင့်ဗေဒင်ဟောခသည်ကျွန်ုပ်စားရသည်မရှိပဲကားပြင်သည်ထဲသို့သာဝင်သွားတတ်၏
ကျွန်ုပ်၏မိတ်ဆွေတစ်ဦးကမူဆရာမင်းသိင်္ခမော်တော်ကားအပျက်တစ်စီးဝယ်စီးတာမယားငယ်တစ်ယောက်ယူတဲ့စရိတ်ထက်ကြီးတယ်ဗျမယားငယ်တစ်ယောက်ယူမိရင်လည်းရှာလို့ဖွေလို့ရသမျှသူ့လက်ထဲကိုရောက်ကုန်တော့တာ
ကားအပျက်စီးရင်လဲအဲဒီလိုပဲဗျအကောင်းဆုံးအကြံပေးချင်တာကတော့ရောင်းပစ်လိုက်ပါဗျာဟုပြောလေ၏။ကျွန်ုပ်သည်ထိုဟီလမင်ကားလေးအားပွဲစားအမျိုးမျိုးကိုရှာဖွေကာစပ်၍ရောင်ခိုင်း၏သို့ရာတွင်ရောင်း၍မထွက်ပဲရှိလေ၏
ထိုအခါကျွန်ုပ်သည်အောက်ပါအတိုင်းစိတ်၌ပြောမိလေ၏အရေးကြုံရင်သက်လုံကောင်းရမယ်ဆိုတဲ့စကားမှာအခုငါတွေ့နေတဲ့အခက်အခဲလည်းပါတယ်ငါ့ရဲ့ကားလေးကိုငါကရောင်းပစ်ချင်တယ်ဒါပေမယ့်မထွက်ပဲဖြစ်နေတယ်
အဲဒီတော့ငါ့မှာအဲဒီအခက်အခဲကိုကျော်လွန်နိုင်တာဘာရှိသလဲပညာပဲရှိတယ်အဲဒီ ပညာဟာဘာလဲဆိုတော့အင်္ဂဝိဇ္ဇာပညာပဲဟုအထက်ပါအတိုင်းရေရွတ်ပြီးနောက်ကျွန်ုပ်သည်အင်္ဂဝိဇ္ဇာပညာကိုပြန်၍စဉ်းစားလိုက်ရာအောက်ပါခေါင်းစဉ်ကိုသတိရလိုက်မိတော့၏
ရောင်းလိုကြပြန်ဆပွတ်ကြံအမှန်ဆပွတ်ရိုက်ထိုခေါင်းစဉ်သည်မိမိရောင်းလိုသော ပစ္စည်းအားဆပွတ်ကြံစည်ရမည်ဟုဆိုထား၏ထို့ကြောင့်ကားဟူသောတနင်္လာနံ၏ဆပွတ်မှာစနေဖြစ်၏ထို့ကြောင့်စနေနေ့တွင်စနေသားမောင်ထွန်းကြည်အားမော်တော်ကား
နောက်မြီးကိုထွက်ထွက်ဟုဆိုကာရိုက်ခိုင်း၏ရိုက်ခိုင်းသောအချိန်မှာလဲစနေအခါဖြစ်သောစနေနေ့၄-နာရီခွဲမှ၆-နာရီအတွင်းဖြစ်၏။ထိုသို့ရိုက်လိုက်သည်နှင့် တစ်ပြိုင်နက်၃ရက်အတွင်း၌ပင်ကျွန်ုပ်၏မိတ်ဆွေကြီးသခင်ကြည်ရှိန်ကို
အကြောင်းပြု၍ကျွန်ုပ်၏ဟီလမင်ကားစုတ်ကလေးသည်ရောင်း၍ထွက်သွားလေ၏ကျွနိုပ်သည်လွန်စွာပျော်သွား၏နောက်နှစ်ရက်လောက်ကြာသောအခါ၌ဟင်္သာတဘက်မှမိန်းမကြီးတစ်ဦးသည်သူ၏ဆန်စက်ကိုရောင်းလိုသဖြင့်
ကျွနိုပ်အားလာရောက်အကူအညီတောင်းရာကျန်ုပ်သည်ဤနည်းနှင့်ပင်ဓာတ်ရိုက်ပေးလိုက်၏စက်ဟူသောကြောင့်ဆပွတ်ဖြစ်သည့်တနင်္ဂနွေနေ့တနင်္ဂနွေအခါဖြစ်သောညနေ(၄)နာရီခွဲမှ(၆)နာရီအတွင်းတနင်္ဂနွေသားကို
တနင်္ဂနွေနံဖြစ်သောအုန်လက်ဖြင့်စက်ကို(၆)ချက်ရိုက်ခိုင်းလိုက်၏ထိုစက်လည်းထွက်သွား၏ထို့ကြောင့်ထိုမိန်းမကြီးသည်ကျွန်ုပ်အားအသက်ငယ်ပေမယ့်ပညာကိုကန်တော့တာပါဟုဆိုကာငွေများပစ္စည်းများလာကန်တော့လေ၏
ကျွန်ုပ်သည်ဤနည်းဖြင့်တိုက်များ၊ခြံမြေများ၊စက်များ၊မော်တော်ကားများသင်္ဘောများ၊စီဘီသမ္ဗန်ကြီးများကိုရောင်းချပေးခဲ့၏ထို့ကြောင့်ကျွနိုပ်၏ဗေဒင်လက္ခဏာဆရာသက်တန်းတစ်လျှောက်တွင်ဤနည်းသည်ကျွန်ုပ်အား
ထမင်းကောင်းစွာကျွေးခဲ့သောနည်းဖြစ်၏။ထိုဓာတ်ရိုက်ဓာတ်ဆင်ကြောင့်ပင်ကျွန်ုပ်၏နာမည်ဂုဏ်သတင်းသည်လည်းကြီးမားခဲ့ရလေတော့သတည်းမှတ်ချက်မိတ်ဆွေသင်သည်ဤနည်းကလေးကိုစဉ်းစားထားပါတစ်နေ့နေ့တစ်ချိန်ချိန်တွင်ဤနည်းကလေးသည်
သင့်အားများစွာအကျိုးပြုလိမ့်မည်ထိုကြောင့်အောက်တွင်ဖော်ပြသောဇယားကလေးကိုဆယ်မိနစ်ခန့်မှတ်သားထားရုံမျှဖြင့်နောင်တစ်ချိန်တွင်ခက်ခက်ခဲခဲရောင်းချရမည့်သင်၏ပစ္စည်များအားလွယ်လင့်တကူရောင်ချနိုင်ပေလိမ့်မည်ထိုအခါ၌သင်သည်ကျွန်ုပ်အားကျေးဇူးတင်ပေလတ္တံ့